Leave a comment

ဘုရင်စွလ်သွားန်မဟ်မူးဒ်ဂဇ်နဝီရဲ့ထံတော်ပါးမှာမှုးမတ်တွေ

image

image

ဘုရင်စွလ်သွားန်မဟ်မူးဒ်ဂဇ်နဝီရဲ့ထံတော်ပါးမှာမှုးမတ်တွေထဲကအချို့သောမနာလိုတဲ့မှုမတ်ကဘုရင်ကို လျှောက် တင်တိုင်တန်းတယ်…ဘုရင်ကြီးရေ..ဘုရင်ကြီးရဲ့အစေခံ အေယားဇ်ရဲ့ထံမှာ ဗီရိုသေတ္တာတစ်ခုရှိ တယ်… အေယားဇ်က ဒီဗီရိုကိုသော့ခတ်ထားတယ်… နေ့စဉ်နဲ့အမျှထိုဗီရိုဖွင့်ကြည့်လေ့ရှိတယ်… ထိုဗီရိုကိုတခြားမည်သူတစ်ဦးတစ်ယောက်ကိုမှလဲ မမြင်စေဘူး…ကျွန်တော်တို့အထင်နဲ့ပြောရမယ်ဆိုရင် အေယားစ်က ဘုရင်ရဲ့တန်ဖိုးကြီးမားတဲ့ စိန်ရွှေရတနာထဲ ကတခုခုကို လျှို့ဝှက်သိမ်းထားတာဖြစ်မယ်… ဘုရင်ကြီးအနေနဲ့ အေယားဇ်ကို စစ်ဆေးမေး ဘုရင်ကြီး ကမိမိရဲ့အစေခံမြန်ကြည့်ပါလာ?… ဒီစကားကိုကြားသိရပြီ  အေယားဇ်ကိုခေါ်ခိုင်း လိုက်တယ်… ဘုရင်ကြီးက အေယားဇ်ကိုမေးတယ်… အေယားဇ်သင့်မှာ ဗီရိုရှိသလား?အေယားဇ်ကဖြေတယ် ရှိပါတယ်ဘုရင်ကြီး..အဲ့ဒီဗီရိုကိုသော့ခတ်ထားတယ်ဆိုး?…ဟုတ်ပါတယ်ဘုရင်ကြီး… ပြီးတော့ ဘာသူ့ကိုမှလဲမမြင် စေဘူးဆိုး?…အေယားဇ်ကဖြေတယ် ဟုတ်ပါတယ်ဘုရင်ကြီး… သင်ကိုယ်တိုင်နေ့စဉ်နှင့်အမျှ ကြည့်တယ်ဆိုးဟုတ်လား?…အေယားစ်ကဖြေတယ် ဟုတ်ပါတယ်ဘုရင်ကြီး..ဘုရင်ကြီးက အေယားဇ်ထံကနေ သော့ကိုတောင်တော့ အေယားဇ်ကလည်း သော့ကိုပေးလိုက်တယ်…ပြီးတော့ဘုရင်ကြီးက တခြားမှုးမတ်တစ်ယောက်ကိုအမိန့်ပေးတယ်..ဒီသော့ကိုယူသွား အေယားဇ်ရဲ့ဗီရိုထဲမှာရှိတဲ့ပစ္စည်းတွေကို အားလုံးရဲ့ရှေ့ကိုယူလာခဲ့ပါ…အလိုချိန်မှာ အေယားဇ်ကိုမနာလိုတဲ့သူနှစ်ယောက်ကပျော်ပြီးပြောနေကြတယ်…အခုကြည့်ထား အေယားဇ်ခိုးထားတဲ့ပစ္စည်းကို ဘုရင်ကြီးမြင်တာနဲ့ သူ့ကို နန်းတော်ထဲကနေ နှင်ထုတ်လိုက်လိမ့်မယ်ကြည့်ထားဆိုပြီး ပြောနေကြတယ်… မှုးမတ်ကဘုရင်ကြီးရဲ့ရှေ့မှာပစ္စည်း သုံးခုယူလာပေးတယ်…အဲ့ဒီပစ္စည်းသုံးခုက….ဖိနပ်…ဟောင်းနေတဲ့ပုဆိုး…ဟောင်းနေတဲ့ကုရ်တာဖြစ်နေတော့ ဘုရင်ကမှုးမတ်ကိုမေးတယ် ဗီရိုထဲမှာဒါပဲရှိတာလား?… မှုးမတ်ကဖြေတယ် ဟုတ်ပါတယ်လုရင်ကြီး ဒါပဲရှိတာပါ…. ဘုရင်ကြီးကအေယားဇ်ကိုပြောတယ် ဘာမှတန်ဖိုးရှိတဲ့အရာတွေမှမဟုတ်တာအေယားဇ်ရေ……ပြီးရင် တခြားသူမမြင်လောက်အောင် ဘာလို့သိမ်းထားရတာလဲ …အဒါကိုသော့ခတ်ပြီးရင်လဲနေ့စဉ်နှင့် အမျှကြည့်ရအောင်ထားရအောင်ဘာများ တန်ဖိုးရှိလို့အလိုလုပ်ရလဲ ဆိုပြီး ဘုရင်ကြီးကမေးတော့…အေယားဇ်ကဖြေတယ်..ဒီအရာတွေက ဘုရင်ကြီးအတွက်တန်ဖိုးမရှိပေမယ့် ကျွန်တော့အတွက်တော့ အရမ်းကိုတန်ဖိုးရှိပါတယ်…ဘုရင်ကြီးကမေးတယ် ဘယ်လိုဖြစ်လို့လဲပြောပါအုံး…အေယားဇ်ကဆက်လက်ဖြေကြားတယ်…ကျွန်တော်ကဘုရင်ကြီးထံကိုပထမအစရောက်ရောက်ချင်းက ဒီဖိနပ်ကိုစီးထားပါတယ်..ဒီပုဆိုးကိုဝတ်ထားပါတယ်..ဒီကုရ်တာကိုပဲဝတ်ထားပါတယ်…ဤအတွက်ကြောင့်သိမ်းထားရခြင်းဖြစ်ပါတယ်…ပြီးတော့ မိမိရဲ့စိတ်ကို ဆုံးမတဲ့အနေတဲ့ အေးယားဇ် သင်ရဲ့အခြေနေကဒီလောက်ပါပဲ သင်ကဘာမှမဟုတ်ပါဘူး အကယ်၍သင်တခုခုကိုရသွားလို့ကိုယ့်ကိုကို တော်လှပြီဟုတ်လှပြီမထင်လိုက်နဲ့…ဒါတွေအားလုံးက သင့်ပေါ်မှာစေတနာထားခဲ့တဲ့ဘုရင်ကြီးရဲ့ကျေးဇူးတွေကြောင့်ပါဆိုပြီး မိမိကိုယ်ကို အမြဲတစေဆုံးမလေ့ရှိတာပါ…ပြီးတော့ ဘုရင်ကြီးရဲ့အနားမှာနေပြီး ကျွန်တော့်က ဂုဏ်သိက္ခာရရှိနေခြင်းဖြစ်တာပါ…

ကျွန်တော်တို့တွေလဲ ဒီလိုအခြေနေမှာ အလ္လာဟ်ကိုရှုကုရ်လုပ်တဲ့သူတွေဖြစ်ရင်ဘယ်လောက်ကောင်းမလဲ…အလ္လာဟ်ပေးထားတာတွေကိုကျွန်တော်တို့က ကောင်းကောင်းယူထားကြတယ်..ပြီးတော့ အလ္လာဟ်ကိုရှုကုရ်မလုပ်တဲ့အပြင် တခုခုလုပ်လိုက်လို့အောင်မြင်သွားရင် ငါတော်လို့ ငါတတ်လို့ပါဆိုပြီးတော့ ဂုဏ်မှောက်ကြတယ်…အမှန်တကယ်ဆိုရင် ကျွန်တော်တို့တွေက ဘာမှမဟုတ်ပါဘူး…မိမိရဲ့အခြေနေကိုအမြဲတစေသတိ ထားပြီး အလ္လာဟ်ကိုရှုကုရ်လုပ်နေရမှာဖြစ်ပါတယ်…

ယားအလ္လာဟ်…အရှင်မြတ်ချီးမြှင့်ပေးထားတဲ့အရာတိုင်းပေါ်မှာ ကျွန်တော်မျိုးတို့အား အရှင်မြတ်ကို ရှုကုရ်လုပ်နိုင်စွမ်းပေးသနားတော်မူပါ…..အာမီးန်…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: