Leave a comment

မြန်မာ့ လိင်မှုတော်လှန်ရေး

image

ရန်ကုန်ရှိ ကလပ်တခုတွင် တွေ့ရသည့် မြင်ကွင်းတခု (ဓာတ်ပုံ – ozy.com)
မက်သယူးစတိန်း
December 11, 2015

ရန်ကုန်မြို့မှ လူစည်ကားပြီး ဈေးကြီးသော ကလပ် တခုဖြစ်သည့် Mojo ကလပ်တွင် ပြည်ပ NGO အဖွဲ့အစည်း များမှ ဝန်ထမ်းများ၊ ဆရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များက မြန်မာဘီယာကို တငုံချင်းစီသောက် နေကြပြီး ချမ်းသာကြွယ်ဝပုံ ရသည့် ခေတ်ဆန်ဆန် မြန်မာလူငယ် တသိုက်က နောက်ဆုံးပေါ် Techno ဂီတဖြင့် ကနေကြပါသည်။
အမေရိကန် နိုင်ငံသားတယောက်က သူ၏ ရည်းစား ဟောင်း မြန်မာမိန်းကလေးအကြောင်းကို သူငယ်ချင်း တယောက်အား ပြောပြနေပြီး မလှမ်းမကမ်းတွင် မိန်း ကလေးတယောက်က ဖုန်းပြောနေသည်။ တဖက်မှ သူ၏ မိဘများက ညဘက် အပြင် မထွက်ရန် တားမြစ်နေ သည် ကို အဆိုပါမိန်းကလေးက ပြန်လည်ငြင်းခုံ ပြောဆိုနေ ပါသည်။ ဖုန်းချလိုက်ပြီး နောက်မှာ တော့ သူက အက ကြမ်းပြင်ဆီသို့ လျှောက်သွားပြီး အရပ်ရှည်ရှည် နိုင်ငံခြား သား ၂ ယောက် ကြားထဲတွင် လှည့်ပတ်ကာ ကနေသည် မှာ ဘာမျှ ထူးခြားမှု မရှိသလိုပင်။
၂၀၁၀ အထိ စစ် အုပ်ချုပ် ရေး လက်အောက်တွင် နေထိုင်ခဲ့ကြရပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကမှ ၂၅ နှစ် အတွင်း ပထမဆုံးသော လွတ်လပ်သည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သော အလွန်ရှေးရိုးဆန် သော မြန်မာနိုင်ငံတွင် အဆိုပါ မြင်ကွင်းများက တဖြည်းဖြည်းနှင့် မထူးဆန်းသလို ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ကဲ့သို့ပင် လူမှုရေး အခြေအနေများက ပြောင်းလဲလာသည်။ လူမှုဆက်ဆံရေးနှင့် လိင်မှုကိစ္စများတွင်လည်း ရိုးရာယဉ်ကျေးမှု စံနှုန်းများနှင့် ဆန့်ကျင်သော ခေတ်ဆန်သည့် အတွေးအမြင်များက နေရာယူလာ သည်။
အမျိုးသမီး တချို့က ကျား၊ မ ခွဲခြားသည့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရချိန်တွင်  ဆယ်ကျော်သက် လူငယ် များသည် လိင်မှုကိစ္စနှင့် ဆက်နွှယ်လာကြသည်။ LGBT နှင့်ပတ်သက်သော အရိပ်အယောင် အနည်းငယ်ရှိ လာကာ လူမှု အသိုင်းအဝိုင်းက ထိန်းချုပ်မှု ပိုမိုလျှော့ရဲ လာခဲ့သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
၁၉၆၀ ခုနှစ်များလောက်က ဆန်ဖရန်စစ်စကို မြို့၏ အခြေအနေမျိုး မဟုတ်သော်လည်း မြန်မာနိုင်ငံက လိင်မှု တော်လှန်ရေး (Sexual Revolution) ဆီသို့ ကိုယ်ပိုင်လမ်းကြောင်းဖြင့် သိမ်မွေ့စွာ သွားနေပါသည်။
“လူတွေက ကြင်နာသနားမှုကို လူသိရှင်ကြား ဖော်ပြနေကြပြီး သည်းခံနိုင်စွမ်း ကလည်း ပိုပြီး မြင်သာလာပါတယ်” ဟု မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးနေသည့် အစိုးရအဖွဲ့အစည်း မဟုတ်သော NGO တခုဖြစ်သော  Marie Stopes International ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ စစ်နိုင်က ပြောသည်။
အရပ်သားအမည်ခံအစိုးရ တက်လာသည့် ၂၀၁၀ ကစ၍ မြန်မာနိုင်ငံတွင် အလုပ်အကိုင်နှင့် ဝင်ငွေ တိုးတက် ​လာခဲ့ပါ သည်။ တခြားဖွံ့ဖြိုးဆဲ စီးပွားရေးများတွင် ဖွံ့ဖြိုးတိုးတက်မှုက နှစ်စဉ်ပျမ်းမျှ ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအတွင်းသာ ရှိသော်လည်း ပြီးခဲ့သည့် နှစ်များအတွင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုက ၈ ရာခိုင်နှုန်းကျော်အထိ တက်လာခဲ့သည်ဟု ကမ္ဘာ့ဘဏ် က ဆိုသည်။
အင်တာနက်နှင့် ကြိုးမဲ့ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးသည့် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်ကြသော နော်ဝေနိုင်ငံမှ Telenor နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီများ အပါအဝင် မြန်မာနိုင်ငံက နိုင်ငံခြား ခရီးသွားများနှင့် နိုင်ငံခြား လုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုကြောင့် ဝင်ငွေပိုများလာခြင်း၊ နိုင်ငံခြားသားများ ဝင်ရောက်လာခြင်း နှင့် ဆက်သွယ်ရေးတွင် ထိန်းချုပ်မှု နည်းပါးလာခြင်းတို့က ကာမဂုဏ်နှင့် ပတ်သက်၍ ပြောင်းလဲမှု အင်အားကောင်းစေ ခဲ့သည်။
ယခုခေတ်တွင် ညစ်ညမ်းစာအုပ်နှင့် ရုပ်ရှင်များက အင်တာနက်နှင့် လမ်းဘေးတွင် လက်သိပ် ထိုးရောင်းချနေသူများထံမှ အလွယ်တကူ ရနိုင်ခြင်းကလည်း လူငယ်တို့၏ အပြုအမူအပေါ် လွှမ်းမိုးမှုရှိခဲ့သည်။ အချို့လူငယ်များသည် အသက် ၁၆ နှစ် မတိုင်ခင် ကတည်းက အပျိုဘဝ လူပျိုဘဝကို ဆုံးရှုံးခဲ့ပြီး အရွယ်ရောက်လာ သောအခါ လိင်ကိစ္စနှင့် ပတ်သက်၍ ညစ်ညမ်းစာအုပ်နှင့် ရုပ်ရှင်များမှ အတုယူ၍ ပိုမို စမ်းသပ်ချင်လာကြကြောင်း ရန်ကုန်မြို့ရှိ Wired Media မှ ပြည်သူ့ ဆက်ဆံရေး လက်ထောက် အသက် ၂၃ နှစ်အရွယ် Dolly Henderson က ပြောသည်။
မြန်မာလူငယ် အများစုသည် တချိန်က သီးသန့် လူတစုအတွက်သာ ဖြစ်ခဲ့သည့် ဘားများနှင့် ကလပ်များ သို့မဟုတ် ပြည့်တန်ဆာများထံသို့ ပိုသွားလာကြပြီး ခဏတာ အပျော်ရှာခြင်းမျိုးကို ပြုလုပ်လာကြသည်။
“လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဆိုရင် လူတွေက လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူမှ မပြောရဲကြဘူး၊ ရှက်ကြတယ်။ အခုတော့ ကျမရဲ့ တချို့ သူငယ်ချင်းတွေဆိုရင် တညတာ အပျော်တွဲတာမျိုး၊ ၃ ယောက် ပါဝင်တဲ့ လိင်ဆက်ဆံမှုမျိုး (threesomes) တွေ ရှိလာပါတယ်” ဟု Dolly Henderson က ပြောသည်။
ဆယ်ကျော်သက် အများစုက မိသားစုများနှင့် ဝေးပြီး မြို့၏ အစွန်အဖျားကျသည့် နေရာများတွင် တည်ရှိသည့် တက္ကသိုလ် များတွင် တက်ရောက်နေ ကြရသည့် အတွက် လိင်ကိစ္စနှင့် ပတ်သက်၍ လြယ္ကူေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: