Leave a comment

ငါးထောင်ကျပ်တန်ပေါ်တွင် သမ္မတလက်မှတ် ရေးထိုး ခဲ့ခြင်း မရှိကြောင်း ဦးရဲထွဋ်ပြော

image

ခေါင်းဆောင်သုံးဦးလက်မှတ်များပါရှိသည့် ငါးထောင် ကျပ် တန်ငွေစက္ကူ
(ဓာတ်ပုံ -NayShweThweAung Facebook)

Byထက်အာကာ
  Friday, December 11, 2015

ငါးထောင်ကျပ်တန် ငွေ စက္ကူပေါ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးခဲ့ခြင်း မရှိကြောင်း သမ္မတ၏ ပြော ရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အတည်ပြုပြောကြား သည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၏ မြေးဖြစ် သူနေ ရွှေသွေးအောင်၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဖော်ပြထားသော ငါး ထောင်ကျပ်တန် ငွေစက္ကူပေါ်ရှိ သမ္မတဦးသိန်းစိန် လက်မှတ်နှင့် ပတ်သက်၍ သမ္မတအား မေးမြန်းရာ ပိုက်ဆံပေါ်၌ လက်မှတ်မထိုးဖူးကြောင်း ပြန်လည်ဖြေကြားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

‘‘ကျွန်တော်အဲ့ဒါကို (လက် မှတ်ထိုးထားသည့် ငါးထောင် ကျပ်တန်) တွေ့တဲ့အခါ နိုင်ငံ တော်သမ္မတကြီးကို မေးပါတယ်။ မေးတဲ့အခါ သူတော့ ဖိုးလပြည့် ဆီမှာ ပိုက်ဆံပေါ်မှာ လက်မှတ် မထိုးဖူးဘူးလို့ ပြောပါတယ်။ ဒါ ပေမဲ့ အဲဒါကို တရားဝင်ထုတ်ပြန် မလား၊ မပြန်မလား ဆိုတာ ကျွန်တော်တို့လည်း စဉ်းစားသုံး သပ်နေတုန်းပဲ။ ဘာလို့လဲဆို တော့ ဒါကသူတို့ရဲ့ပုဂ္ဂိုလ်ရေး လုပ်တဲ့ ကိစ္စတွေဖြစ်နေတော့ တရားဝင်ပြော၊ မပြောစဉ်းစား နေတာပေါ့။ သို့သော် သမ္မတကြီး ကိုမေးတဲ့အခါ ဖိုးလပြည့်ကို တစ် ခါမှထိုးမပေးခဲ့ဘူးလို့ သူပြော တယ်’’ဟု ဦးရဲထွဋ်က ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံတွင် မီဒီယာသမားများနှင့် တွေ့ဆုံချိန်၌ ပြောသည်။

ဒီဇင်ဘာ ၅ ရက်တွင် နေ ရွှေသွေးအောင်က ၎င်း၏ ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ(ငြိမ်း)နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည့် အကြောင်း ရေးသားရာတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသန်းရွှေနှင့် သမ္မတဦးသိန်းစိန်တို့ လက်မှတ်ရေးထိုးထားသည့် ငါးထောင်ကျပ်တန်ငွေစက္ကူဓာတ်ပုံကိုပါ ပူးတွဲတင် ခဲ့သည်။

ထို့အပြင် နေရွှေသွေး အောင်က ငွေစက္ကူဓာတ်ပုံနှင့် ပတ်သက်၍ ‘‘လူကြီးနှစ်ယောက် တွေ့ဆုံမှုကို မှတ်တမ်း တင် ဓာတ် ပုံရိုက်လိုသော်လည်း အခွင့်အရေးမရခဲ့၍ ခေါင်းဆောင်သုံးဦး အမှတ်တရလက်မှတ်ရေးထိုးထား သော ငွေစက္ကူလေးကို အမှတ်တ ရ ဖော်ပြလိုက်ပါသည်။ ထိုငွေ စက္ကူလေး၏ ထူးခြားချက်မှာ လက်မှတ်ထိုးထား သော လူကြီး များအားလုံးသည် တိုင်းပြည် ခေါင်းဆောင် နေရာတွင် ရောက်ရှိ နေချိန်(သို့) အကြီးအကဲ ဖြစ် တော့မည့်အချိန်တွင်သာ လက် မှတ်ရေးထိုးခဲ့ ခြင်းဖြစ် ပါသည်’’ ဟု ရေးသားခဲ့သည်။

နေရွှေသွေးအောင်ဖော်ပြ ခဲ့သည့် ဓာတ်ပုံထဲတွင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေလက်မှတ်ထိုး သော ရက်စွဲကို ၃-၁၀-၂၀၀၉ ဟု လည်းကောင်း၊ သမ္မတဦးသိန်း စိန်လက်မှတ်ထိုးသော ရက်စွဲကို ၁၂-၅-၂၀၁၂ ဟုလည်း ကောင်း၊ ဒေါ်အောင်ဆန်းစုကြည် လက် မှတ်ထိုးသော ရက်စွဲကို ၁၉-၁၁-၂၀၁၅ ဟု လည်းကောင်း ပါရှိသည်။ သမ္မတလက်မှတ်မထိုးကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ငြင်းဆိုထားပြီး နေရွှေသွေးအောင်ဘက်ကမူ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေ။

image

ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် (ဓာတ်ပုံ – ထက်အာကာ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: