Leave a comment

စားသုံးရန်မသင့်သည့် မြေပဲဆီ ၁၈ မျိုး ထုတ်ပြန်ကြေညာ

image

Byဟိန်းသာ၊ ညီညီဇော် ရန်ကုန်

December 13, 2015

အရောအနှောများပါဝင် နေသော စားသုံးရန်မသင့်သည့် မြေပဲဆီ ၁၈ မျိုးကို ကျန်းမာရေး ၀န်ကြီးဌာနက ဒီဇင်ဘာ ၁၂ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရ ရှိသည်။

ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသော တော်ဝင်နဒီ၊ Lucky ၊ SS ၊ ရွှေမိုး၊ စိန်သရဖူ၊ Family ၊ စံထိပ်တန်း၊ ရွှေစင်၊ ညွန့်ဌေး၊ ရွှေကမ္ဘာ၊ စိန်တောင်တန်း၊ အိုကေစီ၊Quality ၊ ရွှေတောင်၊ ကောင်း ထက်ကျော်၊ ကောင်းကြိုက်၊ အင်းဝနှင့် အေးမြတ်မွန်စသည့် အမှတ် တံဆိပ် မြေပဲဆီများသည် မြေပဲဆီအစစ်ဟု တံဆိပ်ကပ် ရောင်း ချနေသော်လည်း စားအုန်းဆီနှင့် အခြားစားသုံး ဆီအရောများပါဝင် နေကြောင်း အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီး ဌာန (FDA) က  စစ်ဆေးတွေ့ရှိခဲ့၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ထုတ်ပြန်သောဆီ များတွင် မှတ်ပုံမတင်ထား သော တံဆိပ်များအပါအ၀င် မှတ်ပုံတင် ထားသော်လည်း ပြန်လည်စစ် ဆေးသည့်အခါ အရောအနှော ဖြစ်နေသော ဆီများပါဝင်နေခြင်းကြောင့် အရည်အသွေးမပြည့်မီ တော့ ခြင်းဖြစ်ကြောင်း FDA  ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ပြောကြားသည်။

FDA အနေဖြင့် အောက်တို ဘာမှစ၍ ပြည်တွင်းရှိ ဆီနှင့်ရေ သန့်ပြဿနာကို ဦးစားပေးဖြေ ရှင်းမည်ဟု ပြောကြားထားပြီး နှစ်လအတွင်း ရေသန့်အမျိုးပေါင်း ၅၀ ခန့်နှင့် ဆီအမျိုးပေါင်း ၄၀ ခန့်ကို စားသုံးရန် မသင့် ကြောင်း ကြေညာပြီး ဖြစ်သည်။

ရောနှောဆီများတွင် အရည် အသွေးစံချိန်မီသည့် ဆီများကဲ့သို့ အိုင်အိုဒင်းပမာဏလုံလောက်စွာ မပါရှိဘဲ အက်စစ်ပါဝင်မှုများပြားခြင်း၊ အဖန်ဖန် ပြန်သုံးစွဲခြင်းများ ကြောင့် ဆီမသန့်ခြင်းတို့ ဆိုးကျိုးရှိပြီး ကျန်းမာရေး အတွက် အဘက်ဘက်မှ အန္တရာယ်ပေးနိုင်ကြောင်း မြန်မာနိုင်ငံ ဆီစက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။

‘‘မြန်မာနိုင်ငံမှာ အရောအ နှောဆီအဓိကထွက်နေတဲ့ အရင်း အမြစ်သုံးခုရှိပါတယ်။ ပြီးတော့ တစ်နိုင်ငံလုံး လည်ပတ်နေတဲ့ ဆီ တွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ရောနှောဆီတွေဖြစ်ပြီး ကျန်းမာ ရေးအတွက် အန္တရာယ် ရှိနိုင်ပါ တယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပဲဆီနှင့် နှမ်းဆီ အစစ်များထုတ်လုပ်ရန် ကုန်ကြမ်းရှားပါးနေခြင်းကြောင့် အစစ်သည် ဈေးမြင့်မား ပြီး ဈေးကွက်လိုအပ် ချက်အရ ရောနှောဆီများပိုမိုနေ ရာယူလာခြင်းဖြစ်ကြောင်း စစ် ကိုင်းတိုင်းမှ ဆီစက် လုပ်ငန်းရှင် ဦးမိုးကျော်ဆွေက ပြောသည်။

ဈေးကွက်များအတွင်း မြေပဲ ဆီဟု အမည်ခံကာရော နှောဆီ များ၊ မြေပဲဆီအနံ့များထည့်သွင်း ရောင်းချ နေမှုမှာ အချိန်ကြာမြင့်ခဲ့ ပြီဖြစ်ပြီး ယခုကြေညာထား သည့် အရေအတွက်ထက် များစွာကျန် ရှိနေသေးကြောင်း မန္တလေးမြို့မှ ဆီစက်လုပ်ငန်းရှင်အချို့က ပြော ကြား သည်။

‘‘နောက်တောင်ကျနေပါပြီ။ နောက်ထပ်လည်း အများကြီး ကျန်နေပါသေးတယ်။ အကြီးကြီးလုပ် နေတဲ့သူတွေလည်း ရှိနေသေးသ လို တစ်နိုင်တစ်ပိုင် လုပ်နေတာတွေ ကတော့ တော်တော်လေးများ သွားပြီ’’ဟု မန္တလေးမြို့မှ ဆီစက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ စားသုံး ဆီများ၏ ၈၅ ရာခိုင်နှုန်းမှာ ရော နှောဆီများဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ဆီစက် လုပ်ငန်း ၃,၀၀၀ ကျော်ရှိပြီး ရောနှောဆီများကြောင့် ယခုအချိန်တွင် ၁၀ ရာခိုင်နှုန်းခန့်ပင် မလည်နိုင်တော့ ကြောင်း၊သုံးနှစ်ခန့်အတွင်း ဆီစက်အများ စုလုပ်ငန်းရပ် ဆိုင်းသွားရခြင်းဖြစ် ကြောင်း ဆီစက်လုပ်ငန်းရှင်များ က ပြောကြားသည်။ ‘‘အခုလိုကြေ ညာပေးတာ ကြိုဆို ပါ တယ်။ တ ကယ်အစစ်အမှန်နဲ့ လုပ်နေတဲ့သူ တွေက သူတို့ကို ဈေးကွက်အနေ အထားအရ ဘယ်လိုမှ ယှဉ်လို့မရ တာပါ။ အစားအသောက်နဲ့ ပတ် သက်ပြီး သိရှိမှုအားနည်းတဲ့ ပြည် သူတွေကို လိမ်ရာကျပါတယ်’’ ဟု  မန္တလေးတိုင်းဒေသကြီး ဆီကုန် သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေး မှူး ဦးထွန်းထွန်းက ပြောသည်။

အဆိုပါ စားသုံးရန် မသင့် ကြောင်း ကြေညာထားသော ဆီများကို ထပ်မံဖြန့်ဖြူးရောင်းချပါက အမျိုးသားစား သောက်ကုန်ဥပဒေပုဒ်မ ၂၈ (က)ဖြင့် တရားစွဲဆိုအရေး ယူမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: