Leave a comment

ရန်ကုန်တွင် စီစီတီဗီဖြင့် စောင့်ကြည့်မည့် Police Command Center ဖွင့်ရန်စီစဉ်

ရန်ကုန်တိုင်းဒေသကြီး တွင်လည်း ယာဉ်ထိန်းရဲ Police Command Center လုပ်ဆောင် သွားရန် တင်ဒါခေါ်ယူမည်ဟု အ မှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးတွင် Police Command Center ကို ဒီဇင်ဘာ ၈ ရက်က စတင်ဖွင့် လှစ်ခဲ့ပြီး အဆိုပါစင်တာက မော် တော်ယာဉ်၊ ဆိုင်ကယ်နှင့်ပတ် သက်သော ယာဉ်တိုက်မှု၊ လု ယက်မှုအပါအဝင် မှုခင်းဖြစ်ပွားမှု များကို စီစီတီဗီကင်မရာများဖြင့် ထိန်းချုပ်စောင့်ကြည့်ပြီး မှုခင်း ဖြစ်ပွားပါက ဖုန်းနံပါတ် ၀၂၆၇၁၂ ကို ဆက်သွယ် အကြောင်းကြား နိုင်သည့် စင်တာတစ်ခုဖြစ်သည်။

‘‘ရန်ကုန်မြို့မှာလည်း Police Command Center လုပ် ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ ညှိနှိုင်းဆောင် ရွက်နေတယ်။ လုပ်ကိုင်မယ့် ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက်နိုင်တဲ့အ နေအထား၊ ကုန်ကျနိုင်တဲ့ဈေးနှုန်း အနေအထားတွေကို တင်ဒါစနစ် နဲ့ ဆောင်ရွက်နေတယ်။ မကြာ ခင် တင်ဒါအောင်တဲ့ကုမ္ပဏီက လုပ်ငန်းတွေ ဆက်လက်လုပ် ဆောင်သွားမယ်’’ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲ မှူး မျိုးအောင်မြင့်က ပြောသည်။

လက်ရှိတွင် တင်ဒါလျှောက် ထားမည့် ကုမ္ပဏီများအား လုပ် ဆောင်မည့်စနစ်များ ရှင်းလင်း တင်ပြခြင်းနှင့် လျှောက်ထား သော ကုမ္ပဏီများကို တင်ဒါစိစစ် ရေးဘုတ်အဖွဲ့သို့ တင်ပြပြီး စနစ် ဖြင့် ကိုက်ညီ၍ လုပ်ဆောင်နိုင် သော ဈေးနှုန်းသင့်တင့်သည့် ကုမ္ပဏီကို စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။

Police Command Center ပေါ်ပေါက်လာပါက မီး ပွိုင့်စနစ်အပါအဝင် အခြားသော ပြစ်မှုများနှင့် မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုများကို စီစီတီဗီကင် မရာမှ ထိန်းချုပ်စောင့်ကြည့်ကာ မြေပြင်တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်သည်။

တင်ဒါခေါ်ယူခြင်းကို ရန် ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂)ယာဉ် ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိ သည်။
7Day

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: