အမီတာဘတ်ချန်း ကွယ်လွန်သွားပြီဆိုသည့် လူမှု ကွန်ရက် တွင် ပျံ့နှံ့နေသော သတင်းများ မမှန်
နယူးဒေလီ၊ ဒီဇင်ဘာ ၁၂
ဘောလိဝုဒ်ရဲ့ ဂန္ထဝင် သရုပ်ဆောင်ကြီး အမီတာ ဘတ်ချန်း တစ်ယောက် ကွယ်လွန်သွားပြီဆိုပြီး လူမှုကွန်ရက် မီဒီယာတွေ ထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေဟာ ကောလာဟလတွေသာ ဖြစ်တယ်လို့ mediamass.net မှာ ဖော်ပြထားပါတယ်။
အသက် ၇၃ နှစ်အရွယ် ပြီဖြစ်တဲ့ အမီတာဘတ်ချန်းဟာ ယခုတစ်ပတ် ကြာသပတေးနေ့တုန်းက ကွယ်လွန်သွား ခဲ့ပြီဆိုပြီး R.I.P Amitabh Bachchan ဆိုတဲ့ Facebook Page က ဖော်ပြခဲ့ပြီးတဲ့နောက်မှာ ယင်းသတင်းဟာ လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အလျင်အမြန် ပျံ့နှံ့လာခဲ့တာကြောင့် ကမ္ဘာတစ်ဝန်းက အမီတာဘတ်ချန်း ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီလို သတင်းတွေ ပျံ့နှံ့ပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ အမီတာဘတ်ချန်းရဲ့ ကိုယ်စားလှယ်တွေက အမီတာဘတ်ချန်း ကွယ်လွန် သွားပြီဆိုတဲ့ သတင်းတွေဟာ ကောလာဟလတွေသာ ဖြစ်ကြောင်းနဲ့ အမီတာဘတ်ချန်းဟာ အသက်ရှင်လျက် ရှိနေပြီး ကျန်းကျန်းမာမာလည်း ရှိကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ယခုကောလာဟလတွေကြောင့် အမီတာဘတ်ချန်းဟာ သေဆုံးသွားပြီလို့ သတင်းမှား လွှင့်ခံရတဲ့ နာမည်ကျော် သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်လာခဲ့ပါတယ်။
အာရှသား ကမ္ဘာကျော် သရုပ်ဆောင်တွေထဲမှာ သေဆုံး သွားပြီလို့ မကြာခဏ သတင်းမှား လွှင့်ခံရသူကတော့ ဟောင်ကောင် အက်ရှင်သရုပ်ဆောင် ဂျက်ကီချန်းပဲ ဖြစ်ပါတယ်။