Leave a comment

‘ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် ဆိုတာကို လုံးဝ မလိုချင်ဘူး’ ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဒီဇင်ဘာ၁၇ရက် ညနေ၅နာရီခန့်က လွှတ်တော်အစည်းအဝေး အပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် သူရဦးရွှေမန်း တို့ စည်ပင်ဧည့်ရိပ်သာခန်းမတွင် တွေ့ဆုံခဲ့ပြီး ”ရေဘူးပေါက်တာမလိုချင် ဘူး၊   ရေပါတာပဲ လိုချင်တယ်ဆိုတာကို လုံးဝမလိုချင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်
သည်။

ဒေါ်အောင်ဆန်းစုကြည်မှ ”မလိုလားအပ်တဲ့ ၀န်ကြီးဌာနတွေပေါင်းပစ်မယ်၊အချို့ဝန်ကြီး
ဌာနတွေမှာ ၀န်ထမ်းတွေ ဖောင်းပွနေတယ်၊ ၀န်ထမ်းတွေကို စတင်ခန့်အပ်ကတည်းက   သေသေချာချာ စစ်ဆေးရမယ်၊အရည်အချင်းတွေမြှင့်တင်ပေးရမယ်၊အောက် က၀န်ထမ်း
တွေကလည်း အထက်လူကြီးရဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်ရဘူး၊ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်ဆိုတာ ကို လုံးဝမလိုချင်ဘူး၊အခွင့်အရေးနဲ့ တာဝန်
ဟာ ခေါင်းနဲ့ပန်းလိုပဲ၊အခွင့်အရေးယူရင် တာဝန်ယူရမယ်။ တပ်မတော်ထဲ ကလာလာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကလာလာ ၀န်ထမ်းက ၀န်ထမ်းပဲ၊ ကျောသားရင်သား ခွဲခြားမှာမဟုတ်ဘူး၊အတိတ်တွေကို ထားပစ်ခဲ့မယ်၊ အတိတ်တွေကို မထားခဲ့ နိုင်ရင် အတိတ်ရဲ့အကျဉ်းသားတွေပဲဖြစ်မယ်၊ပြည်သူကို ယုံကြည်လို့ နိုင်ငံရေးလုပ်တာ ပြည်သူတွေကို မယုံကြည်ဘဲနဲ့နိုင်ငံရေးမလုပ် ဘူး၊ ပြည်သူ ပြည်သားတွေလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် လုပ်ရမယ်၊၀န်ထမ်းတွေ စိတ်မပူပါနဲ့၊ ၀န်ထမ်းတွေက ကျွန်မတို့ကို ကြောက်ဖို့မလိုဘူး။ နိုင်ငံကို တိုးတက်အောင် လုပ်နေတဲ့ အချိန်မှာ ပြည်သူတွေအတွက်လုပ်တာလို့ စိတ်ထဲမှာထားရမယ်” ဟု ပြောကြားခဲ့ သည်။

ယင်းအပြင် ”အများပြည်သူဆင်းရဲ နေချိန်မှာ ကိုယ်ချမ်းသာနေတာ ဂုဏ်ယူစရာမဟုတ်ဘူး၊ အစိုးရကိုပဲ အားကိုးနေခြင်းသည် ဒီမိုကရေစီစိတ်ဓာတ်မဟုတ်ဘူး၊ ၀န်ထမ်းများ စိတ်အေး လက်အေးနဲ့ နေပါ၊ ဖြုတ် ထုတ် သတ် တာ ကျွန်မတို့ မူဝါဒထဲမှာ မပါဘူး။ ကျွမ်းကျင်မှုမရှိသေးတောင် ကျွမ်းကျင်မှုရှိအောင် လုပ်ဆောင်ပေးမယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ ကို လည်း ကြောက်စရာ မလိုဘူး”ဟု ပြောကြားခဲ့သည်။

credit: News Watch

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: