Leave a comment

Angelina Jolie comment of Islam: အစ္စလာမ်ရဲ့ မူရင်း အဓိပ္ပါယ်က ငြိမ်းချမ်းစွာ စည်းလုံး ညီညွှတ်ခြင်း

အစ္စလာမ်ရဲ့ မူရင်း အဓိပ္ပါယ်က ငြိမ်းချမ်းစွာ စည်းလုံး ညီညွှတ်ခြင်း။

ဒီကနေ့ ကမ္ဘာမှာ အစ္စလာမ်သာသနာကို အစ္စလာမ်အကြောင်းဘာမှမသိနားမည် မိရိုးဖလာ ကိုးကွယ်နေသော အစ္စလာမ်အမည်ခံ အချို့နှင့် အစ္စလာမ်သာသနာကို ဘာမှမလေ့လာ မစူးစမ်း မသိရှိပဲ ကြားဘူးနားဝါး ရှိရုံဖြင့် အစ္စလာမ် သာသနာရဲ့ ပုံရိပ်ကို ထင်ယောင် ထင်မှား ဖြစ်အောင် ဖျက်ဆီးနေကြပါသည်။

အစ္စလာမ် သာသနာကို မိရိုးဖလာ ကိုးကွယ်နေသူအချို့သည်လည်း သာသနာရဲ့ အနှစ်သာရကိုမသိရှိ မလေ့လာ ဟိုလူပြော ယုံ ဒီလူပြောတဲ့ နောက်ကိုလိုက် မယောင်ရာဆီလူး လမ်းလွဲ လမ်လျှော် ကုန်ကြပါသည်။

အမှန်တွင် အရှင်မြတ်က ကျမ်းတော်မြတ် ကိုရ်အာန်တွင် ”သင်တို့ ဤ ကျမ်းမြတ်ကိုအာန်အား ဖတ်ရှုလေ့လာ ဝေဖန် သုံးသပ် စမ်းစစ်ကြကုန်ကြ”ဟုမိန့်မာထားပေသည်။

သို့သော် မိရိုးဖလာ အစ္စလာမ်ဆိုသူတွေကော အစ္စလာမ်ကို ပုံဖျက်နေသော ဘာသာခြားတွေပါ ကျမ်းမြတ်ကိုရ်ကို တစ်လုံးတစ်ပါဒမှ သိရှိနားလည်သူများမဟုတ်ပေ။

ဒီနေ့ကမ္ဘာကြီးမှာ အစ္စလာမ် သာသနာရဲ့ ဂျီဟာဒ်ဆိုတဲ့ မြင့်မြတ်သောစွန့်ကြဲလှူဒါဏ်းမှုကို အကြမ်း လူသတ်လမ်းစဉ်တစ်ခုဖြစ်သည်ဟု ပုံမှာဖေါ်ဆောင်ကာ အစ္စလာမ် သာသနာကို အကြမ်းဖက် သာသနာ ဆိုပြီး လိုရာဆွဲနေကြပါသည်။

ဂျီဟာဒ်ဆိုသောအဓိပ္ပါယ်ကား မာန်မာနစိတ်လောဘဒေါသမောဟစိတ်ကို ချိုးနှိမ်ခြင်း အမှန်တရား အတွက် ခေါင်းငုံမခံပေးဆပ်ခြင်း အတ္တဆိုတာကို လူ့ကိုယ်ခန္ဓာကနေခွါချခြင်းလို့ ယေဘုယ အဓိပ္ပါယ် ကိုဆောင်ပါသည်။

ဒါကို နားမလည်သော အစ္စလာမ်ဆိုသူတွေကော ဘာသာခြားတွေကော ဂျီဟာဒ်ဆိုတာ လူတွေကို မတော်မတရားသတ်ဖြတ်သော မိစ္ဆာအယူဆိုပြီး အမျိုးမျိုးရေးသား ဝေဖန်ပုပ်ခတ်ပြော ဆိုနေကြ ပါသည်။

အစ္စလာမ် သာသနာနှင့်အစ္စလာမ်သာသနာပါ ဆုံးဝါသြဝါဒ လိုက်နာကျင့်သုံးရန် ပြဒါဏ်းထားသော ကျမ်းမြတ် ကိုရ်အာန်ကို သေချာ ဂဃနဏ နားလည်သဘောပေါက်သူတွေကတော့ အစ္စလာမ် သာသနာရဲ့ စစ်မှန်တဲ့ အနှစ်သာရကို သိရှိ နှလုံးမူ အမှန်တရားကို မကြောက်မရွံထုတ်ဖေါ်ကြပါသည်။

အမှန်တွင် သာသနာတော်က ပြဒါဏ်းထားတဲ့ လမ်းစဉ်ကတစ်ခု ဒါကို ဘာမှနားမလည် မသိရှိသူတွေ က ဘာသာတရားကို အသုံးချ အစ္စလာမ်အမည်ခံတွေရဲ့နောက်ကို ဟုတ်သလိုလိုက်လုပ် ဘာမှမသိတဲ့ ဘာသာခြားတွေက ဒါတွေမြင် တစ်လွဲပြော ငြိမ်းချမ်းတဲ့ သာသနာတစ်ခုက အလိုလိုနေ မိစ္ဆာသာသနာ ဆိုပြီး ပြောဆိုစွပ်စွဲခံနေရပါတယ်။

ကျမ်းတော်မြတ် ကိုရ်အာန်တွင် အရှင်မြတ်က ”ဤကျမ်းမြတ်သည် အလင်းပြကျမ်း”ဖြစ်သည်ဟု အတိအလင်း အသိပေးကြေငြာထားသည်မဟုတ်ပါလား။

လူတွေကို အလင်းပြဖေါ်ဆောင်ရန်ချပေးသနားတော်မူသော ကျမ်းတစ်စောင်က မည်ကဲ့သို့ လူတွေကို အမှောင်ထုထဲသို့တွန်းပို့မည်နည်း စဉ်းစားကြကုန်ပါလော။

Leave a comment