Leave a comment

ရိုဟင်​ဂျာသမိုင်းအ​ထောက်​အထား အသစ်​ တခု ​လေ့လာမယ်

image

image

image

အောက်က သမိုင်းကို ကြည့်လိုက်-

(၁) ဒေါက်တာ လု စ် (၁၉၁၂ က ၁၉၆၄ ထိ နှစ်ပေါင်း ၅၀ ကျော် ရန်ကုန် တက္ကသိုလ်မှာ အဓိပတိ ဆရာကြီး တစ်ဆူ၊ မြန်မာနိုင်ငံတွင်း လူမျိုးတို့ရဲ့ ဇစ်မြစ်ပေါင်းများစွာ ကို လေ့လာ ခဲ့သူ၊ ရေးသားဖြန့်ချီခဲ့သူ၊ ကျောက်စာပေါင်း များစွာကို ဦးဆောင်တူးဖေါ် ဖတ်ခဲ့သူ၊ သမိုင်း အဓိပတိ များ ဖြစ်တဲ့ ဗိုလ်မှုးဘရှင်၊ ဒေါက်တာသန်းထွန်းတို့ရဲ့ ဆရာတစ်ဆူ-)

(၂) ဒေါက်တာလု စ် ရဲ့ သုတေသန စာစုထဲက စာမျက်နှာ ၉၄ ကို ဖတ်လိုက်ပါ။ ဖတ်ရလွယ်အောင် အမှတ်ပြထား တယ်- အေဒီ ၁၀၄၄ အနော်ရထာ ပုဂံ အင်ပါယာကို ထူထောင်စဉ် ခေတ်ပြိုင် – ရခိုင်ဘုရင် ဟာ မြောက်ပိုင်း မဟာမေဒင် (မွတ်ဆလင်) တို့ရဲ့ မျိုးဆက်-

(၃) ၁။ ချင်းနဲ့ သက်လူမျိုးတွေဟာ ရခိုင်ဘုရင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတယ်။ ဒီ ဘုရင်တွေနဲ့ ပတ်သက်ပြီး ၁၄ ရာစုက ချင်းတွင်းမြစ်ဝှမ်းဒေသက မှတ်တမ်းတွေ နေရာအနှံ့ တွေ့ရတယ်။ သူတို့နာမည်တွေဟာ တရုတ်ဘက်က မဟုတ်ဘဲ အိန္ဒိယနွယ်နေပြီး မွတ်ဆလင်များ အဖြစ် ပြော ဆိုကြတယ်။
     ၂။ ပုဂံခေတ် မတိုင်မှီထိ ပြန်သွားခဲ့ရင် နာ့ဖ်မြစ်ရဲ့ အရှေ့ဘက် မေယုမြစ်ဝှမ်းဒေသက မူလဒေသခံတွဟာ ရှေးကျောင်းတော်ဝါဒ အစ္စလာမ်ကို ကြည်ညို လေးစား နေတဲ့ “ရိုဟင်ဂျာ” တွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရှေး နှစ် ထောင်ချီတဲ့ မူလလူမျိုးတွေလို့ ဆိုပါတယ်။
   ၃။ သူတို့အဆို ရှေးနှစ်ထောင်ချီတဲ့ (အစ္စလာမ် သာသနာဝင် တဲ့ ခုနှစ်) သမိုင်းဆိုတာ ချဲ့ကားတာပဲ ဖြစ် မှာပါ။ သို့သော်လည်း အေဒီ ၁၂၀၂ ခုမှာ မွတ်ဆလင် တွေက ဘင်္ဂလားကို သိမ်းပိုက်ခဲ့ပါတယ်။ များမကြာမှီ ရခိုင်နယ်စပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။
  အချို့သော စစ်ဗိုလ်ချုပ်များ သို့မဟုတ် ဒေသခံ လူမျိုးစု ခေါင်းဆောင်များက အစ္စလာမ် သာသနာကို ကူးပြောင်းခဲ့ သူများ ဖြစ်ခဲ့ပါတယ်။

ဒီ နောက်ဆုံး အပိုဒ် ၃း၃ မှာ ကွင်းစ ကွင်းပိတ်နဲ့ (အစ္စလာမ် သာသနာဝင်တဲ့ ခုနှစ်) လို့ ကျွန်တော် ဖြည့်စွက်ရခြင်းက- မူလ စာအုပ်ပါ- အချို့သော စစ်ဗိုလ်ချုပ် များ သို့မဟုတ် ဒေသခံ လူမျိုးစု ခေါင်းဆောင်များက အစ္စလာမ် သာသနာကို ကူးပြောင်းခဲ့သူများ ဖြစ်ခဲ့ပါတယ်- ဆိုတဲ့ အပိုဒ်ကြောင့်ပါ။

အဲ့တော့ ရိုဟင်ဂျာများ မွတ်ဆလင်များအား ခိုးဝင် ရယ် လို့ စွပ်စွဲနေခြင်းဟာ သမိုင်းကို ပြောင်လိမ်တဲ့ အပြင် – မသိနားမလည်ဘဲ စာပေ မလေ့လာအားတဲ့ အပြစ်မဲ့ လူထုအား အမုန်းတရား ရိုက်သွင်းနေခြင်းသာ ဖြစ် ပါတယ်။

ကျွန်တော်တင်ခဲ့တဲ့ အောက်ပါလင့်ခ် သမိုင်းများနဲ့ ဆက်စပ်ဖတ်ပါရန်။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Right Movement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: