Leave a comment

ထိုင်းတရားရုံးက သေဒဏ်ချမှတ် လိုက်သည့် မြန်မာ နှစ်ဦး အတွက် ဆက်လုပ်မည့် လုပ်ငန်းစဉ်များ သမ္မတရုံး ညွှန်ကြားရေးမှူး ထုတ်ပြန်

image

(၁) ရှေ့နေလိုက်ပေးသော ထိုင်းနိုင်ငံ၊ ရှေ့နေများ ကောင်စီမှ ဤအမှုအတွက် ရှေ့နေ ၂၁ ဦးပါ ကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက် ရှိရာ ယင်း ၂၁ ဦးကော်မတီမှ လာမည့် ၁၁ ရက်နေ့တွင် အစည်းအဝေး ဆောင်ရွက်မည် ဖြစ်ပါသည်။

(၂) ကြားကာလတွင် ရှေ့နေများကောင်စီ၊ မြန်မာနိုင်ငံ သံရုံး၊ ထိုင်းနိုင်ငံရောက် မြန်မာ CSO များနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်မည် ဖြစ်ပါသည်။

(၃) ယနေ့ ချမှတ်ခဲ့သော စီရင်ချက်အတွက် High Court သို့ ဆက်လက်၍ အယူခံ တင်ပြပါမည်။ အယူခံ လက်ခံလျှင် ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်း ထားပါသည်။(အယူခံတင်ရန် အချိန် ၁ လ ပေးအပ် ထားကြောင်း သိရပါသည်။ ၁ ပတ်အတွင်းမဟုတ် ဘဲ ၁လ အတွင်း အယူခံတင်ရမည် ဖြစ်ကြောင်း သိရှိရ ပါသည်။)

(၄) ထို့နောက် ထိုင်းနိုင်ငံ၏ တရားလွှတ်တော်သို့ ပြစ်ဒဏ်လျှော့ပေါ့ပေးရေးအတွက် ဆက်လက်၍ အယူခံဝင်နိုင်ရေး ဆောင်ရွက်ပါမည်။ အဆိုပါအယူခံတွင် ပြစ်ဒဏ်များ ဆက်လက်၍ လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်းထားပါသည်။

(၅) ၄င်းနောက် လိုအပ်လျှင် ထိုင်းဘုရင့်ကောင်စီသို့ ဆက်လက်၍ တင်ပြကာ ပြစ်ဒဏ်သက်သာခွင့် အယူခံတင်ပြခြင်းများ ဆက်လက် ဆောင်ရွက်ရပါမည်။ ဤသို့ တင်ပြရာတွင် ပြစ်ဒဏ်များ ဆက်လက် လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်းထားပါသည်။

တင်ပြပါ အဆင့်များမှာ ထိုင်းနိုင်ငံ တရားစီရင်ရေးနှင့် ဥပဒေကြောင်းအရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးတို့ အနေဖြင့် ဤအမှုတွင် စတင် ဖမ်းဆီးခြင်း ခံရပြီး နောက်ပိုင်း ဥပဒေပညာရှင်များ၊ ကိုကျော်သောင်း၊ ကိုအောင်မျိုးသန့်၊ ကိုထူးချစ် တို့ကဲ့သို့သော CSO များနှင့် အနီးကပ် ညှိနှိုင်းတိုင်ပင်ပြီး ဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေးများ၊ ဥပဒေအကာ အကွယ်များ၊ တရားရုံးအခွင့်အရေးများ ရရှိစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အနေဖြင့် ထိုင်းဝန်ကြီးချုပ် အပါအဝင် ထိုင်းနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါတိုင်း ဤအမှုနှင့်ပတ်သက်၍ တရားဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ပြောကြားမှုများ ဆောင်ရွက်ခဲ့ပါသည်။

အလားတူ အမျိုးသားလွှတ်တော်ဥက္ကဌအနေဖြင့်လည်း ထိုင်းလွှတ်တော်သို့ မေတ္တာရပ်ခံလွှာ ပေးပို့ခဲ့သလို အာမခံရရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍လည်း ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်မှု၊ လွတ်လပ်သော တရားစီရင်မှု၊ နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို မထိခိုက်စေ ဘဲ သံခင်းတမန်ခင်းအရလည်း ထိထိရောက်ရောက် လုပ်နိုင်သမျှ၊ လုပ်လို့ရသမျှ ဆက်လက် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
……………
ထိုင်းတရားရုံးက ဒီဇင်ဘာ ၂၄ရက်တွင် သေဒဏ် ချမှတ်လိုက်သော  ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် ရေးသားထားခြင်း ဖြစ်ပါ သည်။
(ဓာတ်ပုံ – အီးပီအေ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: