Leave a comment

အစိုးရသစ်အတွက် တရားသူကြီး ၆ဝ ဝန်းကျင် အစားထိုး ခန့်အပ်ဖို့ NLD ပြင်ဆင်

image

NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် ကို ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ မှာတွေ့ရစဉ်

2015-12-24
အစိုးရသစ် စတင်ချိန်မှာ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့် တရားသူကြီးတွေ အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက တရားသူကြီး စုစုပေါင်း ၆ဝ လောက်ကို အစားထိုးခန့်အပ်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ဆောင်ရွက် နေပြီလို့ သိရပါတယ်။

ဒါဟာ အစိုးရသစ်ပြင်ဆင်ဖွဲ့စည်းရေးမှာ ထည့်သွင်း ဆောင်ရွက်ရမယ့်အချက်ဖြစ်တာကြောင့် ဥပဒေနဲ့အညီ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပြောပါတယ်။

“လွှတ်တော်သက်တမ်း သမ္မတသက်တမ်း အတူတူပဲလေ၊ သမ္မတ သက်တမ်းပြည်တာနဲ့ သူတို့သက်တမ်း ကပြည့်ပြီ၊ ထုံးစံအတိုင်း ဘယ်အစိုးရမဆို ပြန်အစားထိုးရမှာပဲ၊ နောင်အစိုးရအတွက် ပြင်ဆင်တာ အဲ့တာတွေ အကျုံးဝင် တာပေါ့၊ တရားရေးတို့၊ ရှေ့နေတို့၊ ဥပဒေ တို့ဆို လို့ရှိ ရင်ဖွဲ့ကတင်မကဘူး သူ့နယ်ပယ်မှာ လူရိုသေ ရှင်ရိုသေ ဖြစ်တဲ့လူတွေလိုမှာပဲ ဒါတွေက ထွေထွေထူးထူး ပြောစရာမလိုဘူးလေ”

ဖွဲ့စည်းပုံအခြေခံဥပဒေခုံးရုံး အဖွဲ့ဝင်တွေ၊ ပြည်ထောင်စု အဆင့် တရားသူကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် တရားသူကြီး တွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ရ တာဖြစ် ပါတယ်။

ခရိုင်နဲ့ မြို့နယ်တရားသူကြီးတွေကိုတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ခန့်အပ်တာဖြစ်ပြီး အစိုးရသစ် အပြောင်းအလဲမှာ ခရိုင်နဲ့မြို့နယ်အဆင့် တရားသူကြီး တွေက ဒီအတိုင်း ဆက်ရှိနေမှာဖြစ်ပြီး ပြောင်းလဲသွားဖို့ မရှိဘူးလို့သိရပါတယ်။

ပြည်ထောင်စုအဆင့် တိုင်းနဲ့ပြည်နယ်အဆင့် တရားသူ ကြီး တွေကို ပြောင်းလဲခန့်အပ်ရာမှာ ရှေ့နေနဲ့ တရားသူ ကြီးဟောင်းတွေထဲက အရည်အချင်း ပြည့်မှီသူတွေကို ဦးစာပေးအစားထိုး ခန့််အပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: