Leave a comment

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လေးတန်းနှင့် ရှစ်တန်း အတန်း တင်စာမေးပွဲကျရှုံး ကျောင်းသား၊ ကျောင်းသူများ ကုစားပြန်လည် ဖြေဆိုရမည်

image

အာကာထက် ၊ ရန်ကုန်၊

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လေးတန်းနှင့် ရှစ်တန်း အတန်းတင်စာမေးပွဲ ကျရှုံး ကျောင်းသား၊ ကျောင်းသူများ ကုစား ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျရှုံးကျောင်းသား၊ ကျောင်းသူများ ကု စား ပြန်လည် ဖြေဆိုခြင်းစနစ်မှာ ယခင် ပညာသင်နှစ် ၌လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

”အရင်နှစ်လိုပဲ ကုစားပြန်ဖြေတဲ့ စာမေးပွဲ ထား ရှိပါမယ်။ ဒါပေမဲ့ ဒီနှစ်က အရင်နှစ်လို အစိုးရစစ်တော့ မဟုတ် ပါဘူး” ဟု အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။

ယခင်နှစ်တွင် လေးတန်းမှာ ခရိုင်စစ်ဖြစ်ကာ ရှစ် တန်းမှာ ပြည်နယ်စစ်ဖြစ်ကြောင်း သိရသည်။

”ကုစားဆိုတာ ကျရှုံးတဲ့ ဘာသာရပ်အလိုက်ကို ကျောင်း ကြီး ပြန် မဖွင့်ခင်မှာ ပြန်ပြီး သင်ကြားဖြေဆိုရ တာပါ”ဟု ယင်းက ဆက်ပြောသည်။

အဆိုပါ ရှစ်တန်းနှင့် လေးတန်း အတန်းတင်စာ မေးပွဲ အား ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ တတိယပတ်နှင့် စတုတ္ထပတ် တို့တွင် ပြလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

”တတိယပတ်မှာ စပြီးစစ်ဆေးသွားမယ်။ စတုတ္ထ ပတ်လောက်မှာ ပြီးမယ်”ဟု ပြောသည်။

အဆိုပါ ကုစားပြန်လည်ဖြေဆိုခွင့် ပေးခြင်းအား ကျောင် သား၊ ကျောင်းသူတို့၏ မိဘများမှာ သဘောကျ ကြ ကြောင်း သိရသည်။

”နောက်တစ်နှစ် ဒီအတန်းကို ပြန်တက်ရမှာထက် စာရင် အများကြီး ကောင်းတယ်။ ကိုယ့်သားသမီးက ကျတော့လဲ နည်းနည်းတော့ အလုပ်ရှုပ်ခံရမှာပေါ့။ ဒါပေမဲ့ ဆရာမ တွေက သေချာပြန်သင်ပေးပြီး ဖြေဆို ခိုင်းပါတယ်”ဟု ငါးတန်းကျောင်းသား မိခင်တစ်ဦးဖြစ် သူ ဒေါ်သူဇာမြင့်က ပြောသည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၌ လေးတန်းနှင့် ရှစ် တန်း ကျောင်းသား၊ ကျောင်းသူ အတန်းတင်စာမေးပွဲ ဖြေဆိုမှု ထက်ဝက်နီးပါး ကျရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အတန်းတင်စာမေးပွဲကို Grade A, Grade B, Grade C,  နှင့် ကျရှုံးသည့်  Grade D ဟူ ၍ သတ်မှတ်ထားကာ Grade D များမှာ ကုစား ပြန် လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

Yangon Times Journal, 11-50

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: