Leave a comment

ရခိုင်ထီးနန်း မွတ်စလင်ဘုရင် အုပ်ချုပ်ခဲ့တာ ဦးလှစော ဝန်ခံ

Video watch … Link  click

https://web.facebook.com/aungtin.nld/videos/890985120979360/

ရခိုင်ထီးနန်း မွတ်စလင်ဘုရင် အုပ်ချုပ်ခဲ့တာ ဦးလှစော ဝန်ခံ

အဲဒါကြောင့် သမိုင်းကို မလိမ်ကြနဲ့။ လိမ်ရင် အရှက်ကွဲမယ်လို့ အတန်တန်ပြောနေတာပါ။

အခုဘဲ ရခိုင်မြောက်ဦးထီးနန်းရဲ့ ကျေးဇူးရှင်၊ ရခိုင်တွေရဲ့ ကျေးဇူးရှင်က မွတ်စလင်တွေဖြစ်ကြောင်း ဦးဦးလှစော ဝန်ခံလိုက်ရပြီ။

ရခိုင်ပြည်မှာ မွတ်စလင်ဘုရင်က အုပ်ချုပ်ခဲ့တယ်ဆိုတာလည်း ပေါ်လာပြီ။

ဒါတောင် ဗိုလ်ချုပ်ကြီးဆင်ဒီခန်ရဲ့ သမိုင်းဝင် မြောက်ဦးဗလီကြီးကို ဖျက်ဆီး မြေမြှုပ်ခဲ့သလို ဆင်ဒီခန်ရဲ့ ဂုဏ်ကျေးဇူးတွေကိုလည်း ဖုံးထားလိုက်သေးတယ်။

ရခိုင်နန်းဆက်မှာ မွတ်စလင် ဗိုလ်ချုပ်ကြီးတွေ၊ နန်းရင်းဝန်နဲ့ မှူးမတ်တွေရဲ့သမိုင်း၊ ရခိုင်တွေ မိသားစုလိုက်၊ ရွာလုံးကျွတ်လိုက် အစ္စလာမ်သာသနာကို ကူးပြောင်းလာခဲ့တဲ့ သမိုင်းတွေ ဟာလည်း နှစ်ရာထောင်ချီတဲ့ မွတ်စလင်ယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ သမိုင်းဝင် အဆောက် အဦးတွေနဲ့အတူ အစအနမကျန်အောင် လူရိုင်းတွေ ဖျက်ဆီးပစ်သလို ဖျက်ဆီးခဲ့တာတွေ မပါသေးဘူး။
လောင်းကြက်မှာ မွန်အုပ်စိုးနေတာကို တခြားက ဗမာပြည်က မင်းခေါင်က ဗမာတပ်တွေ ပို့လိုက်တော့ ဗမာနိုင်ပြန်တယ်။ အဲဒါနဲ့ လောင်းကြက်မှာ ဗမာအုပ်စိုးလိုက်၊ မွန်အုပ်စိုးလိုက်၊ အဲဒီလိုနဲ့ အချင်းချင်း သတ်ကြလိုက်၊ ပြည်တွင်းစစ် ဖြစ်ကြလိုက်နဲ့ ဗြောင်းဆန်ပြီး အဲဒီတိုင်းပြည်တခွင်   လေးမြို့ချောင်း တခွင်၊ သွေးရဲရဲနီပြီး မငြိမ်ချမ်းတဲ့ တိုင်းပြည်ကြီး ဖြစ်သွားပါတယ်။

အဲဒီအချိန်မှာ မင်းစောမွန်လဲ ဘာတခုမှ မတတ်နိုင်။ သူက ကုလားပြည်မှ ကုလားစော်ဘွား တယောက် ဆီမှာ မှီခိုနေရတယ်။ အဲဒီမှီခိုနေခိုနေတဲ့ အချိန်မှာ သူက သူ့ကိုယ်ကို ဆင်ခြင်တယ်။ ငါ့မှာ နယ်လဲ   ပျောက် သွားပြီ။ ငါတို့ တိုင်းပြည် ရခိုင်ပြည် လောင်းကြက်နယ်မြေဟာလဲ ညက်ညက်ကြေသွားပြီ။ လူတွေလဲ အတော်များများ သေသွားခဲ့ပြီ။ သူနောင်တရတယ်။ ကိုယ်ဟာကိုယ် စစ်ရေးအားဖြင့်   ပြန်လည်တည်ဆောက်တယ်။ တတ်နိုင်လို့ရှိရင် ရခိုင်ပြည်ကို သိမ်းဖို့စာင့်နေတယ်။

အဲဒီလိုလုပ်ရင်းနဲ့ ကုလားစော်ဘွားတွေ စစ်ရေးလှုပ်ရှားမူတွေမှာ အကူအညီ ပေးတယ်။ အဲဒီကုလားစော်ဘွားကလဲ သူ့ကိုယုံကြည်တယ်၊ အဲဒီလို ယုံကြည်မူကြောင့် မင်းစောမွန်ဟာ အင်အားပြည့်တဲ့ တနေ့မှာ ရခိုင်ကို ချီလာပါတယ်။ အဲဒီ ချီလာခြင်းသည် ရခိုင်ပြည်က ထွက်ပြေးသွားတာ ၂၂နှစ် ကြာမှာ လာခြင်းဖြစ်ပါတယ်။ ကုလားတပ်အကူတွေနဲ့ သူလာပါတယ်။ တိုက်ပါတယ်။ ရခိုင်ကို တိုက်ပါတယ်။

အဲဒီအချိန်မှာ သူ့ညီနဲ့ သူဟာ အဆက်သွယ်ပြတ်ပြီး သူ့ညီကလည်း ကျွန်တော်တို့ ကုလားတန်မြစ်လို့ခေါ်တဲ့၊ ဂိစပ္ပနဒီ မြစ်ညာမှာ နရနုကလည်း လောင်းမှာ အုပ်ချုပ်နေတဲ့ ဗမာတွေကိုတိုက်ဖို့ တပ်စုနေတဲ့အချိန်။ ညီအစ်ကိုနှစ်ယောက် အဆက်အသွယ် မရသေးဘူး။

အဲဒီအချိန်မှာ မင်းစောမွန်က ကုလားတွေကို စစ်ကူခေါ်ပြီး လောင်းကြက်ကို တိုက်ပါ တယ်။   နိုင်ပါတယ်။ သို့သော် ပါလာတဲ့ ကုလားဗိုလ်ချုပ်က ယုတ်မာတယ်။ အဲဒီ လောင်းကြက်ကို မင်းစောမွန်ကို အုပ်ချုပ်ခွင့် မပေးဘူး။ သူကိုယ်တိုင် တက်အုပ်ချုပ်ပြီး ကုလားတပ်တွေက ဗိုလ်ကျပြန်တယ်။ မင်းစောမွန်ကို ဖမ်ဆီးချုပ်ထား တယ်။

အဲဒီသတင်းကို သူ့ညီနရနုက ကြားသိတဲ့အချိန်မှာ သူစုထားတဲ့ သူရဲကောင်းတွေနဲ့ မင်းစောမွန်ကို လာရောက်ကယ်ပါတယ်။ အဲဒီမှာ ညီအစ်ကိုနှစ်ယောက် ပေါင်းမိပါတယ်။မင်စောမွန်က သူညီ နရနုကို တလျှေက်လုံး အဆိုးဘဲနေတယ်။ ဒီကောင် ငါ့ကို ပုန်ကန်ဖို့ဘဲ မြင်နေခဲ့တယ်။ သို့သော် အခုမှ တကယ်တွေ့တဲ့ခါကျမှ ငါ့ညီဟာဟာ ငါရဲ့ ရဲဘော် ရဲဘက် တိုက်ဖေါ် တိုက်ဖက် သိတဲ့အခါ ညီအစ်ကို နှစ်ယောက် ပေါင်းမိကြတယ်။ ပေါင်းမိတဲ့အခါ အဲဒီအချိန်မှာ ကုလားက လောင်း ကြက်ကို သိမ်း ထားပြီး လောင်း ကြက်သည် ဗမာသိမ်းတာလည်း ခံရတယ်။ မွန်သိမ်းတာကိုလည်း ခံရတယ်။ ကုလားသိမ်းတာကိုလည်း ခံရတယ်။ နောက်ဆုံး ခံရတာက အဒီမှာရှိတဲ့ ရခိုင်ပြည်သူတွေပါ။

အဲဒါနဲ့ သူတို့နှစ်ယောက်ဟာ ပြန်ပြီး ယခင် သူစစ်ကူလုပ်ခဲ့တဲ့ ကုလားစော်ဘွားဆီ ပြန်သွားတယ်။ ရခိုင်သားတွေ အင်အားစုတယ်။ ကုလားတွေပါ စုပြီး တပ်ကူပေါင်းများစွာနဲ့ လောင်းကြက် ကို ပြန်တိုက်ပါတယ်။ တိုက်တဲ့အခါ ရပါတယ်။ ရတဲ့ အခါမှ မင်းစောမွန်သည် လောင်းကြက်မှာ ဒုတိယအကြိမ် ဘုရင်ဖြစ်လာပါတယ်။

အခု ဖြစ်လာတဲ့ ဘုရင်သည် ပထမ မင်းစောမွန် မဟုတ်တော့ဘူး။ သူ့ဘ၀ကို ကောင်းကောင် သုံးသပ်လိုက်ပါပြီ။ ငါမှားလို့ ငါယုတ်လို့ ငါတို့ ရခိုင်ပြည်ကြီး ညက်ညက်ကြေခဲ့ရပြီ။ လူတွေ အသက်ပေါင်းများစွာ ဆုံးရှူံးရပြီ။ လူတွေ စီပွါးပျက်ကြတယ်။ ဒုက္ခဆင်းရဲတွေ ဖြစ်ရတယ်ဆိုတယ သိသွားတယ်။။ ဒီဟာကို ဘယ်လိုလုပ်ရင် ကောင်းမလဲ။ သူစဉ်စားတယ်။

ဒီနေရာ ကျွန်တော် ကြားဖြတ်လို့ တခုပြောချင်တယ်။ စစ်ပွဲ စစ်စစ်၊ စစ်ဆိုတာ မကောင်းဘူး။ စစ်ဖြစ်လို့ရှိရင် မိဘတွေ သေကြရရင်၊ ကလေးတွေ ကျန်ခဲ့ရတယ်။ ယောက်ကျားတွေ သေရင် အမျိုးသမီးတွေ မုဆိုးမဖြစ်လို့ ကျန်ခဲ့ရတယ်။ စီး ပွါး တွေ လယ်ယာ စီး ပွါး မည်သည့် စီး ပွါး မဆိုစစ်ဖြစ် ယင် စီး ပွါး ကြတယ်၊စီး ပွါး ပျက် မူ့ နဲ့ အတူ ရောဂါဘယက်ကပ် တွေပေါ်တယ်၊   မြန်မာ နိုင် ငံ မှာ လည်း ဘဲအလွန်တရာ ၀မ်နည်း ကြေကွဲ ဖို့ ကောင်းတဲ့ တိုင်း ရင်း သား အချင်းချင်းဖြစ်နေကြတဲ့စစ်ပွဲ ဟာ လဲဒီနေ့ထိ ရှိတုန်း သည်၊ နိုင် ငံ ရေး အင် အား စုတွေပြီတော့   ပြည်သူပြည်သား အား လုံး က မြန်မာ နိုင်ံ ငံ မှာ ငြိမ်ချမ်း ရေရဖို့ အတွက် ၊စစ်မဖြစ် ဖို့ အတွက်ဆွေး နွေး နေကြတယ်၊ ညှိနိုင်း နေကြပါတယ်၊စစ်ဖြစ်တယ်ဆို တာ မကောင်း ဘူး ဘယ်သူ မှ လဲ စစ် မဖြစ် စေချင်၊ စစ် ဆို တာ သတ် ကြတာ ပါ၊ဖြစ် ယင် သေနတ် ပစ် ကြတာ၊ ရှေး ယခင် ဓား နဲ့သေနတ်ပစ် တာ ကျဉ်ဆန် ၊ ကျဉ် ဆန်တတောင့် ဟာ ဗလာ စအုပ် တအုပ် ပါ၊စစ်တပွဲ ဖြစ် လို့ ရှိယင် ကျဉ် ဆန် ပေါင်း များ စွာ သုံး ရပါတယ်လောင် ချာ ကျည် မော် တာ ကျည် ဆို အလွန်တရာ တန်ဖိုး ကြီ ပါတယ်၊လောင် ချာ ကျည် မော်တာကျည်ဆန်၁၀လုံး ဟာ ကျောင်း တကျောင်း ဆောက် လို့ ရပါတယ်။ အဒီဟာထက် အဆင့် မြင့်တာ ၁၂၀မီလီမီတာအမြောက်တွေ ရှိသေး တယ်၊လေယာဉ် ပေါ် က ကြဲ ချ တဲ့ ဗုံး တွေရှိသေးတယ် အဲဒါ တွေ ဟာ ကျောင်း တွေ မီး ရှို့  တာ နဲ့ အတူတူ ဘဲ ၊ ပိုက်ဆံ တွေ မီရှို့  တာ နဲ့ အတူ တူ ပါဘဲ၊ အဲဒီတော့ မြန်အောင် မြို့ မှာစစ် ပွဲ မရှိ ၊ ဟုတ်ပါ ပြီစစ်ပွမရှိ၊ ကချင်ပြည်နယ် မှာ စစ် ဖြစ် နေတယ်ကချင်ပြည်နယ် စစ် ဖြစ် နေတာ   မြန်အောင်   မြို့ကပြည်သူတွေဆီက ယူ သွား တဲ့အခွန်အကောက် တွေ ကို အဲဒီစစ် ပွဲ ကချင် ပြည် နယ်မှာအစိုး ရကသုံး တာ ပါ၊စစ်ပွဲ မှာ သုံး ယင် ကျောင်း ဆောက်ဖို့ဘား ဂျတ်မရှိ ဆေး ခန်း ဆောက် ဖို့ ဘား ဂျတ် မရှိ၊အဒီငွေတွေ ကို စစ်ပွဲ သုံး လိုက်တယ်။

ဦးလှစော

(မြန်မာဘာသာပြန်ဆိုပေးသူ မိုးထက် https://web.facebook.com/faw.chai ကို ကျေးဇူးတင်ပါကြောင်း။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: