Leave a comment

ငယ်ငယ်တုန်းက ကလော

ကလောမြို့ လေးက သေးသယောင်ရှိပေမယ့် မြို့ တွင်းမြို့ ပြင် လည်ပတ်စရာနေရာလေးတွေ အများ အပြားရှိပါတယ်။ကျမတို့ နေတဲ့အဆောင်တည်ရှိရာ တောင်ကုန်းကြီးရဲ့ အနောက် ဘက်ခြမ်း မှာ ရွှေဥမင်လှိုင်ဂူကြီးရှိပြီး လှိုင်ဂူနဲ့ အတူ ဘုရားစေတီများလည်း တည်ထားပါတယ်။ အခုလက်ရှိ ရွှေဥမင်လှိုင်ဂူရဲ့ ဘေးမှာ ရွှေဥမင်လှိုင်ဂူဟောင်းဆိုပြီး ဂူဟောင်းတစ်ခု ရှိပါသေးတယ်။ ဂူဟောင်းကို မည်သူမှ မ၀င်တော့ဘဲ လက်ရှိဘုရားများတည်ရှိရာ လှိုင်ဂူကိုသာ လူအရောက် အပေါက် ရှိကြောင်း ဘုရားဂေါပက လူကြီးတွေ ပြောတာ ကြားဖူးပါတယ်။ ဒါပေမယ့် ကျမတို့ ကလေးတစ် သိုက်ကတော့ အဆိုပါလှိုင်ဂူအဟောင်းထဲကို ဓာတ်မီးများထိုးပြီး အလည်အပတ်ဝင်ခဲ့ဖူးပါတယ်။ ကျမတို့ အုပ်စုထဲမှာ အသက်ခပ်ကြီးကြီးဆိုလို့ ဆယ်တန်းအောင်ခါက ကျမအကိုရယ် သူ့ သူငယ်ချင်း ရယ်ပဲ ပါပါတယ်။ ကလေးသဘာဝ စူးစမ်းလိုစိတ်နဲ့ ဝင်ခဲ့ကြပေမယ့် အထဲရောက်တော့ ဂူလမ်းက အလွန်ကျဉ်းမြောင်းပြီး ကျောက်စက်ရေများအဆက်မပြတ် စိုစွတ်နေမှုကြောင့် လမ်းချော်ပြီး   တော်တော်လေး လမ်းလျှောက်ရခက်လှပါတယ်။ ဂူက အထဲနက်လာလေ အောက်ဆီဂျင်နည်းပြီး အသက်ရှူကြပ်လာလေပါပဲ။ဂူနံရံမှာ လင်းနို့  များလည်း ပြည့်နှက်နေပြီး တစ်ဂူလုံး လင်းနို့ချေးနံ့များ နံစော်နေပါတယ်။ အတော်လေးသွားပြီး တစ်နေရာအရောက်မှာ ဂူလမ်းကြောင်း ပိတ်နေပါတယ်။ ဂိတ်ရဲ့အဆုံးသတ်နေရာလို့ ထင်ရပေမယ့် တစ်ကယ်က လူတစ်ကိုယ်စာ အောက်မှာ ခပ်ကျဉ်းကျဉ်း အပေါက်လေး တစ်ခုရှိသေးကြောင်းကို သွားတွေ့  ပါတယ်။ အကိုဖြစ်သူက လက်နှိပ်ဓာတ်မီးကိုင်ပြီး အဆိုပါ လူဝင်ပေါက်အရွယ် အပေါက်လေးအတိုင်း ၀င်သွားကြည့်ရာမှာ သူပြောပုံအရတော့ ဟိုဘက်ခြမ်းမှာ ဂူဆက်ရှိသေးကြောင်းနဲ့ ဆက်သွားလို့ရသေးကြောင်း သိခဲ့ရပါတယ်။ ဒါပေမယ့် ကျမတို့အားလုံး ကြောက်စိတ်ကြောင့် ဆက်မသွားရဲတော့ပဲ ပြန်ခဲ့ကြပါတယ်။ မိဘတွေ အသိမပေးဘဲ သွားခဲ့ရတာကြောင့် တစ်စုံတစ်ခုများ ဖြစ်ခဲ့ကြရင် မတွေးဝံ့စရာပါပဲ။

ကလောနဲ့ အနီးတ၀ိုက်မှာ ဂူများ ကျောက်တောင်များ အင်မတန်ပေါပါတယ်။ ကလောမှ ပင်လောင်း သွားရာလမ်းခွဲမှာလည်း မြင်းမထိဂူဆိုတာ ရှိပါသေးတယ်။ ဒီဂူကတော့ ပိုလည်း ကျယ် လျှောက် လမ်းလည်း ပိုရှည်ပြီး ရှေးအဆိုအရ ပုဂံပြည်အထိ ပေါက် တယ် လို့ ပြောကြပါတယ်။ ဂူအတွင်း သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ကျောက်စက်ပန်းဆွဲများ ထုံးကျောက်များ ရေအိုင်များကတော့ ရင်သပ်ရှုမောဖွယ်ရာပါပဲ။ မြင်းမထိဂူက ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာနေရာ တစ်ခုလည်းဖြစ်တာမို့ ကလောရောက်ရင် မသွားမဖြစ်သွားသင့်တဲ့ အထဲပါပါတယ်။

ကလောမှ ကားဖြင့်အာင်ပန်းဆက်သွားလျှင် ၁၅ မိနစ်ခန့်သာ ကြာပါတယ်။ အောင်ပန်းက ရှမ်းပြည်တောင်ပိုင်းရဲ့ ထွက်သမျှ ကုန်စည်တွေကို တစ်နိုင်ငံပြန်လည်ဖြန့် ဝေပေး တဲ့ နေရာဖြစ် ပါတယ်။တောင်တန်းတွေရှိတဲ့ ရှမ်းပြည်နယ်က မြေပြန့်ပေါ်မှာ ထူးခြားစွာ တည်ရှိပြီး ကုန်စည်ဒိုင် များဖြင့် စည်ကားရာမြို့ လေးတစ်မြို့ ဖြစ်ပါတယ်။ အောင်ပန်းကတစ်ဆင့် ဆက်သွားရင် တစ်လမ်းက ပင်းတယာကိုရောက်ပြီး နောက်တစ်လမ်းက ရွှေညောင် တောင်ကြီးမြို့ များသို့ ရောက်ပါတယ်။ ပင်းတယမြို့မှာ နာမည်ကျော် ပင်းတယလိုဏ်ဂူကြီး ရှိပါတယ်။ မြန်မာအစားအစာဆိုင်များ တရုတ်စားသောက်ဆိုင်များ တည်းခိုခန်းများလည်း ကုန်စည်ဒိုင်များပေါများပြီး လူစည်ကားတဲ့ ခရီးသွားများ တစ်ထောက်နားရာမြို့ ကလေးလည်း ဖြစ်ပါတယ်။ ကလောမှာ နေခဲ့စဉ်အခါက အားလပ်ရပ်တိုင်း အောင်ပန်းကို မကြာခဏဆိုသလို အလည်အပတ်သွားဖြစ်ပါတယ်။ ကလောမှ အောင်ပန်းသွားတဲ့ လမ်းမှာ ကျောက်နွားတောင်ဟုခေါ်ကြသော   ကျောက်တောင်ကြီး တစ်တောင် ရှိပါတယ်။ ကျောက်နွားတောင်ဆိုတဲ့ နာမည်က တောင်ပေါ်မှာရှိတဲ့ နွားရုပ်ပုံစံ   ကျောက်တုံးကြီးမှ ဆင်းသက်လာတယ်လို့ သိရပါတယ်။ သက်ရှိ နွားအဖြစ်မှကျောက်ဖြစ်သွားတဲ့ နွားရုပ်မှ အလည်အပတ်လာရောက်တဲ့သူများကို   စောင့်ရှောက်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ ကျမတို့ အလည်သွားစဉ်အခါက ကျောက်နွားတောင်မှာ ဘုန်းဘုန်းတစ်ပါး ကျောင်းထိုင်ပြီး   စေတီပုထိုးများ တည်ထားပေးပြီး လူအတော်များများ လာရောက်ဖူးမြော်ကြပါတယ်။

ကလောမြို့ မှာ ကျမသိရသလောက် ဈေးနှစ်ဈေးရှိပါတယ်။ တစ်ခုက ကလောမြို့ မဈေးကြီးဖြစ်ပြီ ကျန်တစ်ခုကတော့ ငါးရက်တစ်ခါလုပ်တဲ့ ဈေးလေးဖြစ်ပါတယ်။ ဈေးနှစ်ခုလုံး အလွန်သန့်ရှင်းပြီး သပ်ရပ်လှပါတယ်။ ငါးရက်တစ်ခါ ဈေးလေးကို အနီးအနားဝန်းကျင် ပလောင်ရွာများမှ ပလောင်လူမျိုးများ ဌင်းတို့ ဒေသထွက်ကုန်များ လက်မှုပစ္စည်းများ လာရောက်ရောင်းချကြပါတယ်။ နိုင်ငံခြားသား ခရီးသွားများ အဓိက စိတ်ဝင်တစား လာရောက် လည်ပတ်ရာ ဈေးလေးဖြစ် ပါတယ်။ ဈေးဝယ်ရင်း သိခဲ့ရတာက အချို့ သောပလောင်လူမျိုးများမှာ ယခုအချိန်ထိတိုင်အောင် ဗမာစကား ရေရေလည်လည်မပြောတတ်သေးဘဲ မိမိတို့ ရိုးရာဝတ်စုံများကိုပဲ တစ်စိုက်မက်မက် ၀တ်ဆင်ကြကြောင်း သိခဲ့ရပါတယ်။ ရိုးရာအစဉ်အလာကို မပျက်အောင် ထိန်းသိမ်းထားတဲ့ ပလောင်လူမျိုးများရဲ့ လေးစားစရာအချက်ပါပဲ။ ဘာသာစကား နားမလည်ကြပေမယ့်လည်း ရောင်းသူနဲ့ ၀ယ်သူ လက်ဟန်ခြေဟန်များဖြင့် အပေးအယူတည့်သွားတာက များပါတယ်။ မိမိတို့ ကိုယ်တိုင် တူးဖော်ရရှိတဲ့ ဆေးဖက်ဝင် သစ်ဥသစ်ဖုများ သစ်ခွပင်များ အပြင် ကိုယ်တိုင် ခူးဆွတ်လာတဲ့ ခြံထွက် အသီးအနှံများကို မြန်မာငွေကျပ် ငါးရာအောက်နဲ့ ရောင်းနေကြရတာမြင်တော့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ကလောဒေသမှ ထွက်တဲ့ တပင်တိုင်မြနန်းဥသည် နာမည်ကြီး သဘာဝသစ်ဥဖြစ်ပြီး သူ့ ကိုသွေးလိမ်း သွေးသောက်တာနဲ့ အဖုအကျိတ်များ   ပျောက်ကင်း သက်သာစေပါတယ်။ ချောင်းများ အင်းအိုင်များမှ ဖမ်းယူ၇ရှိသော ငါးများ ခရုများကိုလည်း လက်လက်ဆက်ဆက်ရောင်းကြပါတယ်။ ကျမကတော့ သစ်သားဖြင့် လှပစွာ ပြုလုပ်ထားတဲ့ Hand Made ပလောင်လက်ကောက်များ ဆွဲကြိုများကို အထူးပဲ ကြိုက်နှစ်သက်လို့ ကြုံတိုင်းဝယ်ယူ စုဆောင်း ထားပါတယ်။

ကလောနဲ့ ပတ်သက်တာတွေကတော့ ပတ်သက်တဲ့ အမှတ်တရတွေကတော့ ရေးမယ် ဆို   ရေးလို့ မကုန်နိုင်အောင်ပါပဲ။ ကလောရဲ့ အငွေ့ အသက်တွေ ထင်းရှူးပင်စိမ်းစိမ်းလေးတွေ နဲ့  လက်ဆက်တဲ့ လေနုအေးတို့ ကို အခုထိအမှတ်ရဆဲပါ။

ရေးသားသူ Ingyinn Ingyinn

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: