Leave a comment

“လိပ်ကျွန်းလူသတ်မှုဆန္ဒပြပွဲများ နောက်ကွယ်တွင် နိုင်ငံ ရေးအရ လှုံ့ဆော်မှုများရှိသည်ဟု သံသယရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောဆို”

image

လိပ်ကျွန်းတွင် လူသတ်မှုကျူး လွန်သူနှစ်ဦးအပေါ် သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်သောဆန္ဒပြပွဲများသည် မကောင်းသောရည်ရွယ် ချက်များဖြင့် နိုင်ငံရေးအရ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားနေခြင်းဖြစ်နိုင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ နံနက်သတင်းစာရှင်း
လင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်ဟု ဘန်ကောက် ပို့စ်သတင်းစာက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများနှင့် ဗြိတိန်နိုင်ငံသားများပါဝင်သော ရာဇဝတ်မှုပေါင်း ၁၂၆ မှုအတွက် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ယခုနှစ်အတွင်း ယင်းကဲ့သို့ အမှုပေါင်း ၂၆ မှုကို ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ဆန္ဒပြပွဲ များ သံသယဖြစ်စရာ ကောင်းလောက်အောင် ဖြစ်ပေါ် နေပြီး အထူးသဖြင့် လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ဖြစ်ပေါ်နေကြောင်း ထိုင်းရဲတပ်ဖွဲ့ဗိုလ်မှူး ချုပ် ပီယာ ဖန်ပင်မူအန်ကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်ဟု ဘန်ကောက်ပို့စ်ကဆိုသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာက ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း တွင် ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားနှစ်ဦးကို သတ်ဖြတ် မှုအတွက် သေဒဏ်များ ရင်ဆိုင်နေရသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားနှစ်ဦးအမှုနှင့်ဆက်စပ်၍ ပြီးခဲ့သည့်ရက်အနည်းငယ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကို ပီယာဖန်ပင်မူအန်က ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ယင်းလူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏အမှုကို အချို့သော အုပ်စုများက အခွင့်အရေးတစ်ခုအဖြစ် အသုံးချခဲ့ကြပြီး သာမန်လူများအနေဖြင့် ယင်းကိစ္စကို နိုင်ငံရေးအရ အသုံးချခွင့်မပြုသင့် (သို့မဟုတ်) အဖွဲ့တစ်ဖွဲ့၏ အသုံးချခံများ မဖြစ်သင့်ဟု ရဲတပ်ဖွဲ့ဗိုလ်မှူး ပီယာဖန်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ယင်းကိစ္စကြောင့် နိုင်ငံတကာဆက်ဆံရေးကို ထိခိုက် စေနိုင်သည်ဟု ၎င်းက သတိပေးသည်။
ယင်းလူသတ်မှုကို စံချိန်စံညွှန်းအညီ စုံစမ်းစစ်ဆေး ခဲ့သည်ဟု ၎င်းက အခိုင်အမာပြောကြားသည်။

မြန်မာနိုင်ငံသားများနှင့် ဗြိတိန်နိုင်ငံသားများပါဝင်သော ယင်းလူသတ်မှုကို စုံစမ်းစစ်ဆေးရာတွင် ရှေ့နေများ၊ အစိုးရရှေ့နေများ၊ နိုင်ငံခြားအာဏာပိုင်များနှင့် တရားရုံး တို့က အစကပင် စိစစ်၊ စစ်ဆေးခဲ့သည်ဟု ၎င်းက ပြောသည်။
လိပ်ကျွန်းလူသတ်မှုကို ကြီးကြပ်ခဲ့သည့် ခိုပန်ဂန်ဒေသ ရဲမှူးကြီး ပရာချွန်ရူအန်သွန်က ပြစ်မှုကျူးလွန်သူများ အနေဖြင့် သေ ဒဏ်ကျခံရမည်ပင်ဖြစ်သည်ဟုပြော ကြားပြီး ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ဂရုတစိုက် စစ်ဆေးထားသည်ဟု ပြောသည်။
စွပ်စွဲခံမြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးကမူ တရားရုံး တွင် စစ်ဆေးခံချိန်က စွဲချက်များ အားလုံးကို ငြင်းဆို ခဲ့သည်။

ကိုးကား- ဘန်ကောက်ပို့စ်
Photo – Bangkok Post

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: