Leave a comment

အရှုပ်အထွေး၊ အားနည်းချက်များစွာနှင့် ခိုတောင်ကျွန်း လူသတ်မှု တရားစီရင်ခန်း

image

သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများအား သယ်ယူနေစဉ် (ဓာတ်ပုံ-အီးပီအေ)

Byဇွဲရဲဝင့်
On  Sun,  Sunday, December 27, 2015

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၅ ရက်က ကမ်းခြေမှာ ရုပ်အ လောင်းတွေ တွေ့ရှိပြီးကတည်း က ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဟန်နာဝစ်သာရစ်ခ်ျနဲ့ ဒေးဗစ်မီ လာတို့ အသတ်ခံရမှုအပေါ် စစ်ဆေးမှုတွေက ဖရိုဖရဲ၊ ကမောက် ကမတွေ တောက်လျှောက် ဖြစ်လာခဲ့ပါတယ်။

ထိုင်းရဲတွေ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေက မရှင်းမလင်းဖြစ်လိုဖြစ်၊ ရှေ့ နောက် မညီမညွတ် ဖြစ် လိုဖြစ်၊ အပေါ်ယံဆန်လွန်းတာမျိုး ဖြစ် လိုဖြစ်နဲ့ အားနည်း ချက် ဗရပွရှိ နေခဲ့တယ်။

နော်ဖော့ခ်မှာ နေထိုင်တဲ့ အ သက် (၂၃) နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ခ်ျနဲ့ ဂျာစီနယ်သား အသက် (၂၄) နှစ်အရွယ် ဒေးဗစ် မီလာတို့ဟာ ခိုတောင် (လိပ် ကျွန်း)  ရဲ့ တောင်ပိုင်းဒေသမှာ သေ တဲ့ထိ အပြင်းအထန် ရိုက်နှက် ပြီး စွန့်ပစ်ခံထားခဲ့ရတာ ဖြစ်ပါ တယ်။

အခင်းဖြစ်တဲ့ နေရာကို ပထမဆုံး ရောက်သွားတာက မှု ခင်းရေးရာ ကိုင်တွယ်မှုတွေမှာ အ ခြေခံ သင်တန်း လောက် ပဲ တက် ထားတဲ့ ဒေသခံ ရဲတပ်ဖွဲ့တွေ ဖြစ်ပါတယ်။ သူတို့ကို ကြည့်ရ တာ မှုခင်းနေရာ တစ်ခုကို ဘယ် လိုဘယ်ပုံ တားမြစ်ကန့်သတ်ရ မယ် ဆိုတာတောင် သိပုံမပေါ် ဘူး။ အဲဒီနားတစ်ဝိုက်မှာ ကမ္ဘာ လှည့် ခရီးသည်တွေ ရက်တော် တော်ကြာတဲ့ထိ ခြေချင်းလိမ် အောင် သွားလာနေခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ အကျော်ကြား ဆုံး မှုခင်း သိပ္ပံပညာရှင် ဒေါက် တာ ပွန်သစ် ရိုဂျာနာဆူနန်က မှုခင်းဖြစ်တဲ့ နေရာမှာ ရဲတွေရဲ့ ကိုင်တွယ် ဆောင်ရွက်မှုတွေ၊ သက်သေခံ ပစ္စည်းတွေ စုဆောင်း ရယူပုံတွေဟာ အင်မတန် အား နည်း ညံ့ဖျင်းတယ်လို့ ဝေဖန်ထား ပါတယ်။ ဒေါက်တာပွန်သစ်ရဲ့ အဖွဲ့အစည်းကို ဒီအမှုမှာ ပါဝင် ဖော်ထုတ်ပေးဖို့ ထိုင်းရဲတပ်ဖွဲ့က ခွင့်ပြုမထား ပါဘူး။

အခင်းဖြစ်ပြီးတဲ့နောက် ရာဇ ဝတ်မှုနဲ့ ပတ်သက်လို့ သူတို့သိ ထားတဲ့ အချက်အလက်တွေကို ထိန်းထိန်း သိမ်းသိမ်း မှတ်ချက် ပေးရမယ့်အစား ရဲတွေက တရားခံ ဘယ်သူဖြစ်နိုင်သလဲ ဆိုတာကို ထင်ကြေးတွေ မျိုးစုံပေးပြီး ပါးစပ် ဖွာ ခဲ့ကြပြန်တယ်။ ပထမဆုံး အမှုရဲ့ လက်သည်ဟာ ထိုင်းနိုင်ငံ သား မဖြစ်နိုင်ဘူးလို့ သူတို့က ဆိုပါတယ်။ အဲဒီနောက်မှာတော့ ကျွန်းပေါ်မှာ ရှိနေတဲ့ မြန်မာရွှေ့ ပြောင်းလုပ်သား အသိုက်အဝန်း တွေဆီ ဦးတည်လာတော့တာပါ ပဲ။

တခြား အခြေအနေတစ်ရပ် မှာတော့ သူတို့ဟာ သေဆုံး သူ မီလာရဲ့ ဗြိတိန်နိုင်ငံသား သူငယ် ချင်းတစ်ယောက်ကို ဖြစ်နိုင်ခြေ သံသယ တရားခံစာရင်း သွင်း လိုက်ပါသေး တယ်။ နောက်တော့ ချက်ချင်းပဲ သူဟာ တရားခံ မဖြစ် နိုင်ဘူး ပြောပြန်တယ်။ အစောပိုင်း တုန်းက အမှုကို စုံစမ်းထောက် လှမ်းတဲ့ အဖွဲ့တွေက ကျွန်းပေါ်က ဩဇာကြီးမားတဲ့ မိသားစုဝင် တစ်ယောက်ကို ရှာဖွေနေ တယ်လို့ ဆိုပါတယ်။ နောက် တော့ စုံစမ်းရေးအဖွဲ့ရဲ့ ဦးစီးဦး ဆောင် အကြီးအကဲဟာ ရုတ်တ ရက် ရာထူး တာဝန် ပြောင်းလဲ ပေးအပ်ခံရပြီး ကျွန်းပေါ်က ဩဇာ ကြီးမားတဲ့ မိသားစုအကြောင်း နောက်ပိုင်းမှာ ဘယ်ထိုင်း ရဲမှ လေ သံမဟတော့ပါဘူး။

ဇူလိုင်လမှာ တရားရုံးစစ် ဆေးမှု အစပြုတော့ နောက်ထပ် ဟာကွက်တွေ ထပ်ပေါ်လာပြန် တယ်။ သေဆုံးသူ အမျိုးသမီး ဝစ်သာရစ်ခ်ျရဲ့ အဝတ်အစား တွေ၊ လူသတ် လက်နက်လို့ ယူဆ ရတဲ့ သွေးစွန်းနေတဲ့ ပေါက်တူး စတာတွေကို ထိုင်းရဲတပ်ဖွဲ့က DNA စစ်ဆေးမှု လုပ်မထားပါဘူး။ နောက်တစ်နှစ် အကြာမှာတော့ ဒေါက်တာပွန်သစ်ဟာ ဒီပေါက် တူးကို DNA နမူနာယူ စစ်ဆေး ခွင့် ရလာတယ်။ ပေါက်တူးလက် ကိုင်မှာ လူနှစ်ယောက်ရဲ့ DNA တွေ တွေ့ရပေမယ့် စွပ်စွဲခံ မြန်မာလုပ်သား နှစ်ဦးစလုံးနဲ့ လုံးဝ ကိုက်ညီမှု မရှိ ကြောင်း အ ဖြေထွက်လာတယ်။

တရားရုံး ကြားနာမှုမှာ အ ခင်းဖြစ်ရာ နေရာတစ်ဝိုက်က လုံ ခြုံရေး ကင်မရာမှတ်တမ်းတချို့ ကို စစ်ဆေးခဲ့ပေမယ့် အဲဒီကင်မ ရာတွေက ပုံမှန် အလုပ်လုပ်မနေ ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကင်မရာမှတ်တမ်း သဲလွန်စ ဘာမှ မရဘူး။ အနီးအနားက ဆိပ်ခံတံတားမှာ တပ်ထားတဲ့ ကင် မရာတွေကို စစ်တော့လည်း ရာဇ ဝတ်မှု ဖြစ်ပြီး ချိန်မှာ ဘယ်သူမှ လှေနဲ့ ထွက်ပြေးသွားတာ မရှိ ကြောင်း တွေ့ရတယ်။

စွပ်စွဲခံရတဲ့ မြန်မာလုပ်သား နှစ်ဦးစလုံးက အပြစ်ဝန်ခံလာ အောင် ရဲတွေက သူတို့ကို ရိုက် နှက်၊ ခြိမ်းခြောက်ခဲ့ တယ်လို့ထွက် ဆိုကြပါတယ်။ အဲဒီလို စစ်ဆေး ခဲ့ချိန်မှာ ရှေ့နေတစ်ဦးမျှ မရှိသ လို ဘာသာပြန်သူတွေရဲ့ ထွက် ဆိုမှုကလည်း မှန်ကန်တိကျမှု ရှိ၊ မရှိ အကြီးအကျယ် သံသယဝင် စရာ ဖြစ်နေပါတယ်။

ဒီအချက်အလက်တွေ ကြောင့် ဒီအမှုကို စီရင်ဆုံးဖြတ် မှုမှာ တည်ကြည်ဖြောင့်မတ်ရဲ့ လားဆိုတာက အလေး အနက် မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ အရေးအကြီး ဆုံး မေးခွန်းတစ်ခု က ဒီအမှုမှာ စွပ်စွဲခံရသူတွေကို ကြိုးကွင်းစွပ်မိစေတဲ့ သက်သေ အထောက်အထား တစ်ခုအ ကြောင်းပါပဲ။ ဝစ်သာရစ်ခ်ျရဲ့ ခန္ဓာကိုယ်ထဲက ရရှိတဲ့ သုက်ရည် နမူနာဟာ မြန်မာလုပ်သား နှစ် ဦးနဲ့ ကိုက်ညီနေတယ်လို့ ဆိုပါ တယ်။

သုံးရက်တောင် မကြာတဲ့ အချိန်အတွင်းမှာ ထိုင်းရဲတွေက သုက်ရည်ထဲက DNA နမူနာ တွေကို ရယူနိုင်ခဲ့တယ်လို့ ကြေ ညာခဲ့ပါတယ်။ ပြီးတော့ အခင်း ဖြစ်ရာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: