Leave a comment

‘‘အားအကောင်းဆုံးအယ်လ်နီညိုဆိုတော့ ဘယ်လောက် အထိ ပူဦးမယ် ဆိုတာ ပြောလို့တောင် မရဘူး’’

မိုးလေ၀သနှင့် ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်

ယခုနှစ်သည် ပြင်းထန်သော အယ်လ်နီညိုနှစ် ဖြစ်သောကြောင့် မြန်မာနိုင်ငံသည်လည်း အပူဒဏ်ကို မလွဲမသွေ ခံစားရမည် ဖြစ်သည်။ ပုံမှန်နှစ်များတွင် နှစ်စဉ်နွေရာသီ၌ ရေရှားပါးမှု ပြဿနာကို ခံစားနေ ရသောကြောင့်၂၀၁၆ ဇွန်လ အထိ အကျိုးသက်ရောက်မှု ဖြစ်နိုင် သည့် အင်အားအကောင်းဆုံး အယ်လ်နီညိုကို ရင်ဆိုင်ရန်မိုးလေ၀သပညာရှင် ဦးထွန်းလွင်နှင့်တွေ့ဆုံ မေးမြန်းခဲ့သည်။

အားကောင်းတယ်လို့ ပြောတဲ့အယ်လ်နီညိုက လက်ရှိ ဘယ်အခြေအနေ ဘယ်အဆင့် ကိုရောက်နေပြီလဲ။

အယ်လ်နီညိုဖြစ်တော့မယ် လို့ ၂၀၁၅ခုနှစ် မေလကစပြော တာ။ ဇွန်လကျတော့ ဖြစ်ပြီ။ နွေ ရာသီ ကုန်ပြီ။ ဆောင်းရာသီအထိ ဖြစ်မယ်လို့ပြောတယ်။ အဲဒီတော့ ဇူလိုင်နဲ့ သြဂုတ်မှာ အယ်လ်နီညို တန့်သွားတယ်။ အဲဒီမှာမိုးရွာတယ်၊ ရေကြီးတယ်။ နောက်သြဂုတ်လကုန်ပိုင်းလောက်ကစပြီး မိုးရွာသွန်းမှု လျော့သွားတယ်။ အယ်လ်နီညိုလည်း ပြန်ပြီးတော့ခေါင်းပြန်ထောင်လာတယ်။ အား ကောင်းလာတယ်။ အဲဒီလိုအားကောင်းလာတဲ့အတွက်ကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလောက်ရောက်တဲ့ အချိန်မှာ အားကောင်းတဲ့အဆင့်ကို ရောက်လာတယ်။ နိုဝင်ဘာလမှာ အယ်လ်နီညို သမိုင်းမှာ နံပါတ်(၁)အား အကောင်းဆုံး(၁၉၉၇-၁၉၉၈)နဲ့ နံပါတ်(၂)အား အကောင်းဆုံးက (၁၉၈၂-၁၉၈၃)အဲဒီကြား ကို ရောက်လာတယ်။ နံပါတ်(၁)ကိုတော့ မမီသေးဘူး။ ဒီဇင်ဘာအခုလမှာ ၂၀၁၅ ခုနှစ် အယ်လ်နီညို က ၁၉၉၇ ခုနှစ်ကို ကျော်သွားပြီ။ အ ခု လက်ရှိအချိန်က အယ်လ်နီညိုက ကမ္ဘာ့သမိုင်းမှာအား အကောင်းဆုံး အဆင့်ကို ရောက်နေတယ်။

ကမ္ဘာ့သမိုင်းမှာ အားအကောင်းဆုံး အယ်လ်နီညိုကို ရင်ဆိုင်ဖို့နဲ့ နှစ်စဉ်မြန်မာနိုင်ငံမှာ ကြုံတွေ့နေကျ ရေပြဿနာအတွက် ဘာတွေပြင်ဆင် ထားရမလဲ။

အယ်လ်နီညိုရဲ့ ထိခိုက်မှုတွေက ကမ္ဘာမှာ အခုတွေ့နေရပြီ ပေါ့။ ၂၀၁၅ ခုနှစ်က ကမ္ဘာ့မှတ် တမ်းသမိုင်း မှာ အပူဆုံးနှစ် ဖြစ်သွားပြီ။ မြန်မာနိုင်ငံက အယ်လ်နီညိုနှစ်ဆိုရင် ခြောက်သွေ့ပြီး ပူနွေးတဲ့နှစ်ကို ဖြစ်စေတာ။ အယ်လ်နီညို အားကောင်းရင် ကောင်းသလောက် အပူချိန်များမယ်။ မိုးက လျော့မယ်။ အခုမြန်မာနိုင်ငံမှာ စောစောကပြောသလို သြဂုတ်လ လောက်ကတည်းက မိုးတွေ နည်းလာလိုက်တာ တစ်လထက် တစ်လပိုပြီးတော့ ဆိုးလာတယ်။ ဇူလိုင်လတုန်းက တစ်နှစ်လုံးရဲ့ မိုးရွာသွန်းမှုကို ခန့်မှန်းတဲ့အခါမှာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေက ရွာသွန်းမြဲထက် ပိုမယ်လို့ ခန့်မှန်းတယ်။ သြဂုတ်လရောက်လာတော့ တစ်နှစ်လုံး မိုးရွာသွန်းမှုဟာ ရွာသွန်းမြဲလောက်ပဲ ရှိမယ်လို့ ခန့်မှန်းတယ်။ စက်တင်ဘာလ လောက်ရောက်တော့ တစ်နှစ်လုံး ရဲ့မိုးရွာသွန်းမှုက ရွာသွန်းမြဲ   အောက်လျော့မယ်လို့ ခန့်မှန်းတယ်။ အခုအချိန်ထိ ရွာသွန်းမြဲ အောက်လျော့နေတယ်။ မိုးလျော့တာတော့
သေချာနေတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုကိုက ဒီဇင်ဘာကနေ မတ်လအထိ အေးပြီး   ခြောက်သွေ့တဲ့ကာလ၊ နောက် မတ်လ ၁ ရက်ကနေ ဧပြီလကုန် အထိကို နွေရာသီ ပူပြီးခြောက်သွေ့တယ်။

ဒီဇင်ဘာ ၁ ရက်ကနေ ဧပြီလကုန်အထိက အအေးနည်းပြီး ပူတာပဲကွာတယ်။ ခြောက်သွေ့ ကာလကတော့ ငါးလတိတိ ဖြစ်နေတယ်။မိုး မရနိုင်ဘူးဆိုတဲ့ အချက် ဖြစ်နေတယ်။ တစ်ဖက်ကလည်း ရာသီဥတု ပူနွေးမှုကြောင့်တစ်နှစ်ထက် တစ်နှစ်မိုးကလည်း လျော့နေတယ်။

ဒီကြားထဲ ဒီနှစ်က ပူပြင်း ခြောက်သွေ့တဲ့နှစ် ဆိုတော့ ရေရှားပါးမှုဟာ အဆိုးဆုံး ဖြစ်လာနိုင် တယ်။ မြန်မာပြည်မှာ ရေရှားပါးတဲ့ဒဏ်က စတင်ပြီးဖြစ်နေတာ လေး၊ ငါးနှစ်ဖြစ်နေပြီ။ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်း၊ မကွေးအ ပြင် ရန်ကုန်မှာတောင် ဖြစ်နေတယ်။ နောက်ဆုံး ရှမ်းပြည်နယ်မှာ   တောင်ဖြစ်နေပြီ။ ၁၉၈၀နောက် ပိုင်းမှာ ရေရှားပါးတဲ့ ပြဿနာဟာ ခပ်စိပ်စိပ် တွေ့နေရတယ်။ အရင်တုန်းကတော့ ရေရှားပါးတဲ့ ပြဿနာမရှိဘူး။ အခုက ပိုပိုကြီးထွား လာတယ်။ ရေဟာ အလွန်ရှားတဲ့ အခြေအနေကို ဆိုက်ရောက် နိုင်တယ်။ ရေရှားမယ် ဆိုတော့ စိုက်ပျိုးရေးကိုလည်း ထိခိုက်မယ်။သောက်   သုံးရေလည်း ထိခိုက် မယ်။ အခုတောင်မှ ပြည်ဒေသမှာမြေဆီလွှာတွေ
ခန်းခြောက်ကုန်ပြီ။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ စိုက် ပျိုးပြီးသားအပင်တွေ၊ အသီးတွေဟာ ရေမရလို့ မလှဘူးလို့ စကြားနေပြီ။ ဒါက အစပဲရှိသေးတယ်။ နောက်လေးလက ပိုပြီးပူ၊ ပိုပြီး ခြောက်သွေ့မယ် ဆိုတော့ ပိုပြီးတော့ သတိထားရမယ်။

အပူဒဏ်ပြင်းထန်မယ် ဆိုတော့ ရေပဿနာအပြင် ဘာတွေကို သတိထားရဦးမလဲ။

နောက်တစ်ခုက မြန်မာနိုင်ငံဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီးပူနေတဲ့ တိုင်းပြည်ထဲမှာ ပါတယ်။ ဒီ ရာစုထဲမှာ မြန်မာနိုင်ငံဟာ လက်ရှိထက် ပိုပူဦးမယ်လို့ ခန့်မှန်းထားတဲ့ နိုင်ငံတွေထဲမှာလည်းပါတယ်။ အခု ဒီနှစ်က
ခြောက်လည်းခြောက်သွေ့မယ်၊ အယ်လ်နီညိုနှစ် ဆိုရင် ပူစမြဲပေါ့။ အခုဟာက အားအကောင်းဆုံး အယ်လ်နီညိုဆိုတော့ ဘယ်လောက်အထိ ပူဦးမယ်ဆို တာ ပြောလို့တောင်မရဘူး။ ဒီလို သိပ်ပူပြင်းတဲ့ ရာသီဥတုမှာ ဘာ ဖြစ်တတ်သလဲ ဆိုတာ ရှည်ရှည် ဝေးဝေး ကြည့်စရာမလိုဘူး။ ၂၀၁၁ခုနှစ်တုန်းက အလွန်ပူပြင်းတဲ့အတွက် လူတွေအများကြီးသေတယ်။

စီးပွားရေးနဲ့ စိုက်ပျိုးရေး အများကြီး ထိခိုက်တယ်။ ဒီအတွေ့အကြုံလေးကို မမေ့သေးဘူးဆိုရင် ၂၀၁၆မှာ ဂရုစိုက်ရမယ့် ကာလ ဖြစ်လာမယ်။ စိုက်ပျိုးရေးကဏ္ဍတင် မကဘူး။ ကျန်းမာရေး၊ အသက်မွေး ၀မ်းကျောင်းလုပ်ငန်းတွေ အပေါ် ထိခိုက် လာနိုင်တယ်။ များသောအားဖြင့် ကူးစက်မြန်တဲ့ အလွန်ဆိုးရွားတဲ့ ရောဂါတွေဟာ အယ်လ်နီညိုနှစ်တွေမှာ ဖြစ်တတ်တာ များတယ်။ အယ်လ်နီညိုနှစ် ဆိုရင် အပူရှိန် လွန်ကဲတယ်။ ဒီလိုအခြေအနေများအောက်မှာ ဖြစ်တတ်တယ်။ စိုက်ပျိုးရေးပြီး ရင် ထိခိုက်မှုအများဆုံးက ကျန်းမာရေးပြဿနာပဲ။ တချို့နေရာတွေ အတော်ဆိုးလာနိုင်တယ်။

တချို့နေရာတွေ အတော်ဆိုးလာ နိုင်တယ်ဆိုတာ ဘယ်နေရာတွေ ကို ရည်ညွှန်းပြီး ပြောချင်တာပါလဲ။

မြန်မာနိုင်ငံ အလယ်ပိုင်းက ပင်ကိုကလည်း မိုးနည်းတဲ့ဒေသ ဖြစ်နေတော့ အခုအပူဒဏ်ကြောင့်   ရေပြဿနာအပြင် အခြားပြဿနာ တွေကို ပိုမိုဆိုးဆိုးရွားရွား ခံစားရ နိုင်တယ်။

အယ်လ်နီညိုနှစ် အတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ အစိုးရကို အကြံပေးချင်ပါသလဲ။

စိုက်ပျိုးရေးမှာလည်း စိုက်ပျိုးရေး ကျွမ်းကျင်တဲ့သူ၊ ကျန်းမာရေးမှာလည်း ကျန်းမာရေး ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ ရှိတာပဲ။ တတ်ကျွမ်းတဲ့သူတွေ အများကြီးရှိတာပဲ။ အဓိက အစိုးရကိုယ်တိုင်က ဒါတွေလုပ်ပါလို့ လမ်းညွှန်ပေး ရမှာပေါ့။ လူတွေကတော့ မပြောရင်တော့ လုပ်ကြမှာ မဟုတ်ဘူး။   ပြောမှလုပ်မယ့် ပညာရှင်တွေ ရှိနေတာတော့ ဘယ်ကောင်းမလဲ။ ကြိုပြီးတွက်ဆပြီး လုပ်ရမှာကိုး။ အပူရှိန်လွန်ကဲရင် ဘာတွေဖြစ်နိုင် သလဲ။ အပူကြောင့် ဘာတွေဖြစ်နိုင် သလဲ။ အယ်လ်နီညိုက ခြောက်သွေ့မယ်လို့ ပြောနေတယ်။ ခြောက်သွေ့ရာသီမှာ ဘယ်လို နည်းလမ်းတွေနဲ့ စိုက်ပျိုးရေး လုပ်မလဲ။ ဘယ်လိုနည်းလမ်းနဲ့ ကျော်လွှားမလဲ။ ဒါက စိုက်ပျိုးရေးပညာရှင်အနေနဲ့
ပေးနိုင်တဲ့ဟာရော၊ အစိုးရက အဓိကတာဝန်ရှိသူဆိုတော့ သူကိုယ်တိုင် လမ်းညွှန်လုပ်ကိုင်မှ ရမယ်။

အယ်လ်နီညို အကျိုးသက်ရောက် မှုက ၂၀၁၆ ခုနှစ် ဇွန်လအထိဖြစ်မယ် ဆိုတော့ နောက်နှစ်မုတ်သုံ အ၀င်အထိကို ထိခိုက်နိုင်သလား။

အယ်လ်နီညိုက ကြောက်စရာကောင်းတာက တစ်ခါဖြစ်ရင် ဆယ့်နှစ်လကြာတယ်။ ပထမ ခြောက်လတော့ ပြီးပြီ။ နောက် ခြောက်လကျန်သေးတယ်။ ဒီလက အားအကောင်းဆုံးပဲ။ မုတ်သုံအ၀င်နဲ့ မိုးကြို၊ မိုးဦးကာလမှာ ထိ ခိုက်နိုင်တယ်။ အယ်လ်နီညိုကဖြစ် တတ်တာက မုတ်သုံအ၀င်   နောက်ကျမယ်။ မိုးလျော့မယ်။ မုန်တိုင်း ဖြစ်တာလျော့မယ်။ ဖြစ်ရင်လည်း အလွန်အားကောင်းတဲ့ မုန်တိုင်း ဖြစ်မယ်။ ဆိုတော့ ပထမခြောက် လကို ခြုံပြီးပြောတာ။ ရွာရင်လည်း တအားရွာမယ်။ စိုက်ပျိုးရေးကို ပျက်နိုင်တဲ့ သဘာဝဘေးတွေ တွေ့နိုင်တယ်။ လျှပ်တစ်ပြက် ရေကြီး တာ၊ မိုးကြိုးပစ်နိုင်တယ်။

ကျေးဇူးတင်ပါတယ်။

7Day News Journal

http://7daydaily.com/story/54561

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: