Leave a comment

နေပြည်တော် လေဆိပ် လုပ်ငန်း လိုင်စင်အား အစိုးရသို့ ပြန်အပ်တော့မည်ဟုဆို

image

အရှုံးပေါ်သည်ဟုဆိုကာ နေပြည်တော် လေဆိပ် လုပ်ငန်း လိုင်စင်အား အစိုးရသို့ ပြန်အပ်တော့မည်ဟုဆို

နွယ်ဇင် ၊ ရန်ကုန်၊ ဇန်နဝါရီ ၁-

နေပြည်တော်အ ပြည်ပြည်ဆိုင်ရာလေဆိပ်အား လုပ် ကိုင် ခွင့်ရ Asia World ကုမဏီမှ လုပ်ငန်းလုပ် ကိုင်ခွင့်ကို ယခုအပတ်အတွင်း အစိုးရသို့ ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာနမှ သိရသည်။

Asia World  ကုမ္ပဏီမှနေပြည် တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်အား လုပ်ငန်းအရှုံးပေါ်မှုကြောင့် နိုင်ငံတော်သို့ပြန်အပ်မှုကို ပြီးခဲ့သည့်ဒီဇင်ဘာလ နောက်
ဆုံးပတ်က ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ခံသဘော တူခဲ့ခြင်းဖြစ်သည်။

”နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို လုပ် ကိုင်ခွင့်ရရှိခဲ့တဲ့ Asia World  ကုမ္ပဏီက လေဆိပ် တည် ဆောက်ရေးစီမံကိန်းကို ဆက်မလုပ်တော့ ဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနကပဲဆက် လုပ်သွားမယ်။ လုပ်ငန်းလုပ်ကိုင်ခွင့် ပြန် အပ်တဲ့ သဘောတူစာချုပ်ကို ဒီအပတ်ထဲ မှာပဲချုပ်ဆိုသွားဖို့ရှိပါတယ်”ဟု လေ ကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ နမှတာဝန်ရှိသူ တစ်ဦး ကပြောသည်။

ယင်းကဲ့သို့ လုပ်ငန်းအရှုံးပေါ်ရ ခြင်းမှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသည်သွားလာမှု နည်းပါး သည့်အပြင် နိုင်ငံတကာလေကြောင်းခရီးစဉ် ပျံသန်းမှုနည်းပါးခြင်းတို့ကြောင့် ရေရှည် တွင် ပိုမိုအရှုံး ပေါ်လာနိုင်သောကြောင့် ယခုကဲ့သို့နိုင်ငံတော်သို့ ပြန်လည်လွဲပြောင်း ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော် အပြည် ပြည်ဆိုင်ရာလေဆိပ်ကို နိုင်ငံတော်က ပြန်လည် တာဝန်ယူဆောင်ရွက်မည် ဖြစ် သော်လည်း လက်ရှိလေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ဆောင်နေသော Asia World ကုမ္ပဏီ လက် အောက်ရှိ  Pioneer Aerodrome Service ကုမ္ပဏီမှ နှစ်ရှည် စီမံကိန်းဖြင့် ဆက်လက်တာဝန် ယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(Flower News Journal, 12-1)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: