ကုရ်အန် ကျမ်းမြတ်က လူသား မျိုးနွယ် အတွက် ဘုရား သခင်ရဲ့လမ်းညွှန် မှုတွေပေးထား တဲ့ အလေး အမြတ် ထားရာ ကျမ်းစာအုပ်ဖြစ် တယ် လို့ နိုဘယ်ဆုရှင် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား က ပြောဆို လိုက်ပါ တယ်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ် မိုင်ဆိုးရ်မြို့မှာကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ တွေ့ဆုံပွဲကို ရောက်ရှိလာတဲ့ ဘုန်းတော်ကြီးက ကာနာတာကာ ပြည်နယ် မွတ်စလင် ဗဟိုအဖွဲ့အစည်း (CMA) နဲ့ တွေ့ဆုံရာမှာ လူသားမျိုးနွယ်အတွက် တမန်တော် မိုဟာမက် ဆောင်ရွက်ပေးခဲ့တာတွေကို ဒလိုင်းလားမားက ချီးကျူးပြောဆိုခဲ့ပါတယ်။ တမန်တော်မိုဟာမက်က လူသားမျိုးနွယ်တစ်ခုလုံးအတွက် အကောင်းဆုံးဥပမာပဲလို့ သူကဆိုပါတယ်။
မစ္စတာ ဒလိုင်းလားမားဟာ CMA အဖွဲ့မှ မုရှ်တက်က်အာမက်ဆီကနေ ကုရ်အန် အင်္ဂလိပ် ဘာသာပြန်ကျမ်းကိုလက်ခံ ရရှိခဲ့ပါတယ်။ ကျမ်းစာအုပ်ကို ကြည်ညိုစွာလက်ခံခဲ့ပြီး မျက်လုံးနှစ်လုံး နဲ့ထိတွေ့ကာ နမ်းရှုံ့ပြီး ကုရ်အန်ကျမ်းမြတ်က လူသားမျိုးနွယ်အတွက် လမ်းညွှန်အဖြစ် ဘုရား သခင်ပေးအပ်ထားတဲ့ အလေးအမြတ်ထားရာကျမ်းစာအုပ်ဖြစ်တယ် လို့ ပြောဆိုခဲ့ တာဖြစ်ကြောင်း ကာနာတာကာ မွတ်စလင်အဖွဲ့အစည်းရဲ့သတင်းကို ကိုးကားပြီးဖော်ပြလိုက်ပါတယ်။
Source : Newsbug
ဘာသာပြန် – ညောင်နီရွက် (Myanmar Muslim Media)