Leave a comment

ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ထောင်နိုင်ရန် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

 

ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး အားလုံးပါဝင်သည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အစိုးရသစ်အနေဖြင့် ဦးစားပေးဆောင်ရွက် မည်ဟု NLD ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က ဗဟန်းမြို့နယ် NLDရုံးချုပ်တွင် ကျင်းပ သည့် ၆၈နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်း အနား တွင် ပြောဆို လိုက်ခြင်းလည်း ဖြစ်သည်။

ယခုနှစ် ၆၈နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် NLD ပါတီက ထုတ်ပြန်သည့် သ၀ဏ်လွှာတွင်လည်း အတိတ်အမွေဆိုးများကို ပစ်ပယ် စွန့်လွှတ်ပြီး ကောင်းမွန်လျော်ကန်သောအတွေ့အကြုံများကို ရယူကာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးကို ဦးထိပ် ထား သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ကိုတက်ညီလက်ညီ၊ တည်ဆောက် ရမည့် အချိန်ဖြစ်သည်ဟု ထည့်သွင်းရေးသား ထုတ်ပြန်ခဲ့သည်။

“နောင်တက်လာမယ့်အစိုးရရဲ့ပထမဦးဆုံးတာဝန်တစ်ခုကတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲ။ တစ်ကယ့် ထိရောက်တဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးကျင်းပပြီး အပစ်ရပ်စာချုပ်မှာအားလုံးပါဝင်လာ နိုင်အောင် ကျွန်မတို့ လုပ်ရမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်   ပြည်ထောင် စု အဖြစ်အမှန်ဆုံးလျောက်နိုင်ဖို့ ကြိုးစားမယ်။” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

The Ladies News Journal

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: