Leave a comment

တမန်​​တော်​မြတ်​နှစ်​သက်​စရာများ

image

တမန်တော်မြတ်(ဆွ)တစ်နေ့ ဆွဟာဗဟ်များရဲ့ထံကို လာပြီး…ဟဇရသ်အဘူဘကရ်(ရဒွေ)ကိုမေးတယ်…
အိုးအဘူဘကရ် ဒွန္နယာမှာ သင်သည် ဘယ်အရာ ကိုနှစ်သက်လဲ?..
ဟဇရသ်အဘူဘကရ်(ရဒွေ)ကဖြေတယ်…
သုံးခုသောအရာကိုနှစ်သက်ပါတယ်…
၁။ကိုယ်တော်မြတ်(ဆွ)ရဲ့အနားမှာပဲထိုင်ချင်ပါတယ်..
၂။ကိုယ်တော်မြတ်(ဆွ)ကို ကြည့်နေချင်ပါတယ်…
၃။မိမိရဲ့ပိုင်ဆိုင်မှုတွေကို ကိုယ်တော်မြတ်ပေါ်မှာပဲ အသုံးပြုချင်ပါတယ်…

ပြီးတော့တမန်တြော်မတ်(ဆွ)ကဟဇရသ်အိုမရ်(ရဒွေ)ကိုမေးတယ်..
အိုးအိုမရ်သင်ဖက်ကကော ဒွန္နယာမှာဘယ်အရာတွေ ကိုနှစ်သက်သလဲ?…
ဟဇရသ်အိုမရ်(ရဒွေ)ကဖြေတယ်..သုံးခုသောအရာကိုနှစ်သက်ပါတယ်..
၁။တိုးတီးစွာဖြစ်နေရင်လဲ ကောင်းမှုဖက်ကိုညွှတ်ကြား ချင်ပါတယ်..
၂။လူအများရှိနေပါစေ သူတစ်ပါးကိုမကောင်းမှုမှာတား နေချင်ပါတယ်…၃။အမှန်တရားကိုပဲပြောချင်ပါတယ် နားထောင်တဲ့သူနားခါးနေပါစေ…

ပြီးတော့တမန်တေယ်မြတ်(ဆွ)က ဟဇရသ်အွစ္စမားန် (ရဒွေ)ကိုမေးတယ်..အိုးအွစ္စမားန်သင်ဖက်ကရော ဒွန္နယာမှာဘယ်အရာတွေကိုနှစ်သက်စေလဲ?..
ဟဇရသ်အွစ္စမားန်(ရဒွေ)ကဖြေတယ်…
သုံးခုသောအရာကိုနှစ်သက်ပါတယ်…
၁။လူတွေကိုထမင်းကျွေးတာကိုနှစ်သက်တယ်…
၂။စလာမ်ပေးခြင်းကို ဖြန့်ဝေရတာကို…
၃။ညပိုင်းလူတွေနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ချိန် နမားဇ်ဖတ်ရတာကိုနှစ်သက်တယ်…

ပြီးတော့တမန်တော်မြတ်(ဆွ)ကဟဇရသ်အလီ(ရဒွေ) ကိုမေးတယ်..
အိုးအလီသင်ဖက်ကရော ဒွန္နယာမှာနှစ်သက်စရာ ဘာတွေလဲ?ဟဇရသ်အလီ(ရဒွေ)ဖြေတယ်..
သုံးခုသောအရာကိုနှစ်သက်ပါတယ်..၁။ဧည့်သည်ကိုပြုစုစောင့်ရှောက်ရတာ…
၂။ပူပြင်းတဲ့ရာသီမှာ ရိုဇာထားရတာကို…၃။ရန်သူများကို ဓားဖြင့်တိုက်ခိုက်ရတာကို…

ပြီးတော့တမန်တော်မြတ်(ဆွ)က ဟဇရသ်အဘူဇရ် ဂေဖာရီ (ရဒွေ)ကိုမေးတယ်..သင်ကောဒွန္နယာမှာ ဘယ်အရာများကိုနှစ်သက်လဲ?..
ဟဇရသ်အဘူဇရ်ဂေဖာရီ(ရဒွေ)ကဖြေတယ်…
သုံးခုသောအရာ…
၁။စာလောင်ခြင်း…
၂။နေမကောင်းခြင်း…
၃။သေခြင်းတရား..တမန်တော်မြတ်က ဟဇရသ် အဘူဇရ် ဂေဖာရီ(ရဒွေ)ကိုမေးတယ်..ဘာကြောင့်ဒီအရာတွေကိုနှစ်သက်ရသလဲ?..
အဘူဇရ်ဂေဖာရီ(ရဒွေ)ကဖြေတယ်..
စာလောင်ခြင်းကိုဤအတွက်ကြောင့်နှစ်သက်ရပါတယ်..
၎င်းစာလောင်ခြင်းကြောင့် ကျွန်တော့နှလုံးသား နူးညံ့သွားလိမ့်မည်..
နေမကောင်းခြင်းကိုဤအတွက်ကြောင့်နှစ်သက်ပါတယ်..၄င်းမကျန်းမာခြင်းကြောင့် ကျွန်တော့ရဲ့ဂိုနဟ်များ လျော့နည်းပြီးမားဖ်ဖြစ်နေမည်…
သေခြင်းတရားကိုဤအတွက်ကြောင့်နှစ်သက်ပါတယ်.
၎င်းသေခြင်းတရားကိုအကြောင်းခံပြီး အရှင်မြတ်နဲ့ တွေ့ဆုံခွင့်ရမည်…
.
ပြီးတော့ တမန်တေယ်မြတ်(ဆွ)ကမိန့်ချွေတယ်…
သင်တို့ရဲ့ဒွန္နယာကနေ ငါကိုယ်တော်မြတ်(ဆွ)ကို သုံးခု သောအရာကို နှစ်သက်စေပါတယ်..
၁။အမွှေးအကြိုင်…
၂။မွန်မြတ်တဲ့အမျိုးသမီး…
၃။ငါကိုယ်တော်မြတ်ရဲ့ မျက်စိရဲ့အေးမြခြင်းကို နမားဇ် မှာထားထားပေးခြင်းပဲဖြစ်ပါတယ်…

ပြီးတော့ ဟဇရသ် ဂျိဗ်ရာအီးလ်(အ)ရောက် လာပြီး ပြောတယ်….သင်တို့ရဲ့ဒွန္နယာကနေ ငါ့ကို သုံးခု သောအရာကိုနှစ်သက်စေတယ်…
၁။အလ္လာဟ့်ရဲ့အမိန့်ကိုပို့ချခြင်း…
၂။အပ်နှံထားတဲ့အရာကို ပေးအပ်ခြင်း…
၃။သူဆင်းရဲများကို ချစ်ခင်ခြင်း…

ပြီးတော့ဟဇရသ်ဂျိဗ်ရာအီးလ်(အ)က မိုးကကောင်းကင် ပေါ်သို့သွားလိုက်တယ်..ပြီးတော့တဖန် ဒွန္နယာမြေပထဝီ ကိုလာပြီး..တမန်တော်မြတ်(ဆွ)ကိုပြောတယ်…
အလ္လာဟ်သအာလာက ကိုယ်တော်မြတ်(ဆွ)ကို စလာမ်ပေးခဲ့ပါတယ်..
.ပြီးတော့အလ္လာဟ်သအာလာက မိန့်ချွေတယ်…
အလ္လာဟ်အရှင်မြတ်သည် သင်တို့ဒွန္နယာလောကကနေ သုံးခုသောအရာကိုနှစ်သက်ပါတယ်….
၁။သင်တို့ရဲ့နုတ်လျှာမှာ အလ္လာဟ်ကိုသတိရပြီးစွတ်စိုနေခြင်း ဆိုလိုတာက အလ္လာဟ့်ကိုသတိရတမ်းတပြီး ဇိကိရ်လုပ်နေတဲ့ နုတ်လျှာ….
၂။အလ္လာဟ်သအာလာကိုကြောက်ရွံ့ တဲ့နှလုံးသား…
၃။အခက်အခဲဒုက္ခနှင့်အရှင့်မြတ်ရဲ့စမ်းစစ်မှုကို သီးခံနိုင်ရည်ရှိသော  ခန္ဓာကိုယ်…

အထက်ပါအချက်အလက်များအားလုံးက…
ကျွန်တော်တို့တွေယူတတ်မယ်ဆိုရင် အတုယူပြီး သင်ယူရမယ့် အရာတွေက အများကြီးရှိပါတယ်…
အတုယူရမယ့်အရာတွေပဲဖြစ်ပါတယ်…
အလ္လာဟ်သအာလာအားလုံးကို ကောင်းသော အစားပေး တော်မူပါစေ…
အာမီးန်…
s.j.h.khan….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: