Leave a comment

အမြှုပ် ထွက်နေတဲ့ ရေချိုး ခန်းထဲက လူ သတ်သမား

ဆပ်ပြာ… ခေါင်းလျှော်ရည်… သွားတိုက်ဆေး …စတာတွေမှာ SLS ( Sodium Lauryl Sulphate) ဆိုတဲ့ ဓါတုပစ္စည်း ပါလေ့ရှိပါတယ်..
SLS ဆိုတဲ့ သူ့အစွမ်းက အမြှုပ်တွေ တစီစီထွက်စေတဲ့အပြင် အဆီတွေကို သန့်စင်ပေးနိုင်တာပါဘဲ..
SLSဟာ အဆီ ကြေးညှော်တွေသန့်စင်ရုံမက အရေပြားထဲက အဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့
တကယ် တမ်းကျတော့ အမြှုပ်ထွက်တိုင်းမကောင်းပါဘူး..
သိပ် အန္တရာယ်ကြီးလှပါတယ်..
ဒါ့ပြင် အခန့်မသင့်ရင် အလာဂျီ ( Allergy) ဖြစ်တတ်ပါတယ်…
ဒီထက်ဆိုးတာက အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ပြီး အမျိုးသားဆိုရင် တော့ မျိုးမအောင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်..
ဒီ SLS က ခန္ဓာကိုယ်ထဲ ၀င်သွားပြီးရင် ပြန်မထွက်တော့ပါဘူး..
ဒါ့ကြောင့် SLS ကို ရေချိုးခန်းထဲက လူသတ်သမား ( Killer in Bathroom) လို့ ခေါ်ကြပါတယ်..
ဒ့ါကြောင့် အခုနောက်ပိုင်း ဆပ်ပြာ သွားတိုက်ဆေး ..ခေါင်းလျှော်ရည်..
အလှပြင်ပစ္စည်း စတာတွေမှာ SLS Free ဆိုတဲ့ အာမခံစာတမ်းကို သုံးစွဲသူတွေ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချစွာ အသုံးပြု ၀ယ်ယူနိုင်စေဖို့ ရေးထည့်ထား ပေးကြပါတယ်..
မိမိသုံးမယ့် အသုံးအဆောင်ထဲက SLS ဟာ မိမိအတွက် ဘယ်ရွေ့ဘယ်မျှ အန္တရာယ်ရှိနေတယ်ဆိုတာ သိထားပြီးတဲ့နောက် ၀ယ်သုံးရတော့မယ်ဆိုရင် SLS Free ဆိုတဲ့ စာတမ်းလေးများ တွေ့လိုတွေ့ငြား သတိထား ရှာဝယ်ပေးကြပါလို့ တိုက်တွန်းအသိပေးပါရစေ..။ ။
အားလုံး ကျန်းမာ အသက်ရှည်ကြပါစေ..
ကိုးကား..
ဒေါက်တာ ဦးကျော်ကျော်
အရေပြားအထူးကုဆရာဝန်ကြီး
– Arogyam Health Mazine – 2013 oct -No. 255
ဆပ်ပြာကပေးတဲ့သင်ခန်းစာမှ ကောက်နုတ်တင်ပြပါသည်..
(ဤဆောင်းပါးကိုကူးယူ မျှဝေမည် ဆိုပါကမူရင်း ဆောင်းပါးရှင် ဒေါက်တာ ဦးကျော်ကျော် အရေပြားအထူးကု ဆရာဝန်ကြီး ၏ အမည်ကို မပျက်မကွက် ထည့်ပေးကြပါလို့ကျနော် မိုးမင်း(ကောင်းကင်) မှ မေတ္တာရပ်ခံ ပါရစေ..)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: