Leave a comment

ယီမင်ရှိ အီရန်သံရုံးကို ဆော်ဒီ တိုက်လေယာဉ်များက တိုက်ခိုက်

ဇန်န၀ါရီ ၇၊ ၂၀၁၆
M-Media

– ပဋိပက္ခများဖြစ်ပွားနေသော ယီမင်နိုင်ငံ မြို့တော်ဆန်နာရှိ အီရန်သံရုံးကို ဆော်ဒီ တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ပြီး၊ အစောင့်အနည်းငယ်မှာ ဒဏ်ရာရရှိခဲ့သည်ဟု အီရန်က ပြောကြားလိုက်သည်။

ယီမင်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့အနေဖြင့် ထိုစွပ်စွဲမှုအား စုံစမ်းစစ်ဆေးသွားမည်ဟု မဟာမိတ်အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အဟ်မဒ် အက်စ်ရီက ပြောကြားခဲ့သည်။

ထို့ပြင် မဟာမိတ်တပ်ဖွဲ့များက ယမန်နေ့က ဆန်နာတွင် လေကြောင်းမှတိုက်ခိုက်မှု ကြီးကြီး မားမားပြုလုပ်ခဲ့ပြီး ဟူသီပြည်သူ့စစ်များ အသုံးပြုသည့် လောင်ချာများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည် ဟု အက်စ်ရီက ၀န်ခံပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါသူပုန်များမှာ စွန့်ပစ်ထားသော သံရုံများအပါအ၀င် အရပ်ဖက် အဆောက်အဦးများအား အသုံးပြုသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့ မဟာမိတ်တပ်ဖွဲ့မှာ နိုင်ငံအားလုံးထံမှ ၎င်းတို့ သံရုံးများ၏ တည်နေရာများကို တောင်း ထားသည်ဟုလည်း အက်စ်ရီက ဆိုသည်။

ဆော်ဒီက ရှီအာဘာသာရေးခေါင်းဆောင် နီမာရ် အလ်-နီမာရ်ကို ပြီးခဲ့သည့်တစ်ပတ်က ကွပ်မျက်ခဲ့မှု ကို မကျေနပ်သည့် အီရန်ပြည်သူများက တီဟီရန်ရှိ ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့နှစ်နိုင်ငံ အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

Ref: RT

http://www.m-mediagroup.com/news/50894

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: