Leave a comment

နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်ကို ရန်ကုန်သို့ ပြန်ပြောင်းရွှေ့နိုင် ရေး ကြိုးစားနေဟုဆို

image

အောင်ထူးနိုင် ၊ ရန်ကုန်၊

၂ဝ၁၆ခုနှစ်အတွင်း နေပြည် တော်ရှိ အမျိုးသားစာကြည့် တိုက်အား ရန်ကုန်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆောင် ရွက် နေသည်ဟု ရန်ကုန်တက္က သိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ် များ ဗဟိုစာကြည့်တိုက်မှူး စည်သူ ဒေါက်တာ ဦးသော်ကောင်းက ပြော သည်။

၂ဝ၁၅ခုနှစ် ဒီဇင်ဘာ ၂၉ရက် က ရန်ကုန်မြို့ ကုန်သည် လမ်းမပေါ် ရှိ စာပေဗိမာန်ခန်းမ၌ ပြုလုပ်သော မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း တတိယအကြိမ် စာကြည့်တိုက်ပညာ ရပ်ဖိုရမ်(ူငဘမမေပ င်္သမကာ) ‘စာကြည့် တိုက်နှင့် စာရေးသူ’ဆွေးနွေးပွဲတွင် ယင်းက အထက်ပါအတိုင်း ပြောဆို ခဲ့ခြင်းဖြစ်သည်။

”ပြီးခဲ့တဲ့နှစ်အတွင်းမှာ အမျိုး သားစာကြည့်တိုက်ကို နေပြည်တော် က မပြောင်းဖြစ်ခဲ့ဘူး။ ဒါကလဲ နေ ပြည်တော်ဖြစ်နေတဲ့အတွက် နေပြည် တော်မှာလဲ အမျိုးသားစာကြည့်တိုက် ကတော့ ရှိနေမှာပဲ။ သုံးတာ မသုံး တာကတော့ မသိဘူး။ မသုံးဘူးလို့ တော့ သိထားပါတယ်။ အသုံးနည်း တာပေါ့နော်။ ရန်ကုန်မြို့ထဲမှာက လွတ် နေတဲ့ အဆောက်အအုံတွေ အများ ကြီးရှိပါတယ်။ အဲဒီထဲက အနည်းဆုံး တစ်ခုလောက်ရအောင်တော့ ကြိုး စားပေးပါ့မယ်”ဟု စည်သူ ဒေါက်တာ ဦးသော်ကောင်းက ပြောသည်။

ရန်ကုန်မြို့တွင် ကမ္ဘာ့အမွေအ နှစ်စာရင်းဝင် အဆောက်အအုံများ စွာရှိပြီး ဖြိုဖျက်ခွင့်မရှိဘဲ ပြင်ဆင် မည်ဆိုပါက ရှေးလက်ရာမပျက် ပြင် ဆင်ရမည်ဖြစ်သည်။ ထိုအဆောက် အအုံများအား ငွေကြေးဖြင့် ငှားရမ်း ထားသည်များလည်း ရှိသည်။ ငှား ရမ်းထားခြင်းမရှိသည့် အဆောက်အ အုံများထဲမှ တစ်ခုအား အမျိုးသား စာကြည့်တိုက်အဖြစ် အသုံးပြုခွင့်ရ ရန် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြ ထားသည်ဟု သိရသည်။

”တစ်ခုမမေ့ဖို့က လူငယ်တွေ ဘာကြောင့် စာမဖတ်လဲဆိုရင် ကျွန်မ တို့နိုင်ငံမှာ နှစ်ပေါင်း၅ဝ ကျော် ပညာ တတ်နဲ့ ပညာရှင်မခွဲခြားနိုင်ဘဲ လျစ် လျူရှုခံလိုက်ရလို့ပါ။ ပညာရှင်နဲ့ ပညာ တတ် ဘယ်လောက်တော်အောင် ကြိုး စားကြိုးစား၊ အပေါ်က မိုးကျရွှေကိုယ် နေရာကို ကျွန်မတို့ကျော် လို့မရဘူး ဆိုတာ လူတိုင်းသိတဲ့ဟာကျတော့ မိဘ တွေကလဲ အားမပေး ပါဘူး။ ပညာ တတ်ဖြစ်လာလဲ ဘာမှမထူးပါဘူး။ နောက် ဒီလိုပဲ အလုပ်လုပ် နေရမှာပဲ ဆိုတဲ့ အမြင်တွေက ရှိတယ်။ သူတို့ ကိုယ်တိုင်ကလဲ စာမဖတ်ချင် တော့ ဘူး။ ပညာရေးစနစ်မှာလဲ လူငယ်တွေ ကို ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရပ် တည်နိုင်အောင် တွန်းအားပေးတာ မဟုတ်ဘဲ လက်ညှိုးထောင်၊ ခေါင်း ညိတ်တတ်အောင် သင်ခဲ့တဲ့ ပညာ ရေးစနစ်ကြောင့် စာမဖတ်ချင်တော့ တာပါ။ စာဖတ်ချင်စိတ်တွေ ကုန်ခန်း သွားတာပါ။ စာဖတ်ဖို့ အခြေအနေ တွေ မပေးခဲ့ကြတာပါ။ ဒါက အဓိက အခြေခံအချက်လို့ ထင်ပါတယ်”ဟု စာရေးဆရာမ မသီတာက စာဖတ် အား ကျဆင်းနေခြင်းနှင့် ပတ်သက် ပြီး မှတ်ချက်ပြုပြောဆိုခဲ့သည်။

နေပြည်တော်သို့ အစိုးရဝန်ကြီး ဌာနအများစု ပြောင်း ရွှေ့သွားခဲ့ပြီး အ မျိုးသားစာကြည့်တိုက်သည် လည်း နေ ပြည်တော်သို့ ရောက်ရှိသွားခဲ့သော ကြောင့် ပြည်သူများက ရန်ကုန်တွင် ပြန်လည်ထားရှိရန် လိုလားလျက် ရှိ နေခြင်းဖြစ်သည်။

(Yangon Times Journal, 12-1)
*************************************************
နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်အား တွေ့ရစဉ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: