Leave a comment

RFA နှင့် NLD ဦးဝင်းထိန်အင်တာဗျူး (ခပ်​ကြမ်းကြမ်း)

image

ဦးဝင်းထိန်ဖြေဆိုသွားတာတွေသဘောကျတယ်။
နောက်ဆုံး ဖြေသွားတာလေးသဘောအကျဆုံး။
———————————–

RFA :   : NLD ရဲ့ သမ္မတ၊  အစိုးရအဖွဲ့တွေမှာ ဘယ်သူတွေပါမယ် ဘယ်သူတွေနဲ့ ဖွဲ့စည်း ပါမယ် ဆိုတာ မကြေငြာနိုင်တဲ့ အပေါ်မှာ တစ်ချို့လည်း မေးခွန်း တွေထုတ်နေကြတာ တွေ့ရပါတယ် ခင်ဗျား ။ ပြီးတော့ အားမလို အားမရလည်း ဖြစ်နေကြပါတယ်ခင်ဗျ ။ တကယ်ပဲ အန်ကယ်တို့ဖက် အချိန်စောနေသေးတယ် ဆိုပြီး မထုတ်နိုင်တာလား အခက်အခဲတွေကြောင့် အဆင်သင့် မ ဖြစ်တာလား သိပါရစေလား ခင်ဗျား
NLD:   : အဲဒီမေးခွန်းတွေ ထုတ်တဲ့သူတွေရော  ခင်ဗျားတို့ သတင်းဋ္ဌာနတွေရော သိစေချင်တာက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အစိုးရ ဖွဲ့ဖြစ်ဖို့ဆိုတာ နှစ်ပေါင်း ၂၇ နှစ် ၂၈ နှစ် လောက် ဘဝတွေနဲ့ ရင်းပြီး ရလာတဲ့ ရလာဒ် အဲဒီရလာဒ် ကို ခင်ဗျားတို့ သတင်းဋ္ဌာနက ၅ မိနစ် ဆယ်မိနစ် လောက်နဲ့ အပြောလေးနဲ့ ကျွန်တ်ာတို့ကိစ္စတွေ ရှုပ်ရှက်ခတ်တာတွေ အဖြစ်မခံနိုင်ဘူး
မလိုအပ်ပဲနဲ့ သတင်းဆောင်းပါး ရေးတာတွေ သုံးသပ်တာတွေ ဝေဖန်တာတွေ ကျွန်တော်တို့ မလိုလားဘူး ။
တရားဝင် ကြေညာတဲ့ အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြ ဒါပဲ ။

RFA :   : ဘယ်တော့လောက်များ အန်ကယ်တို့ ကြေညာဖြစ်မယ် ဆိုတာကိုများ အကြမ်းမျဉ်း ပြောလို့မရဘူးလား ခင်ဗျာ ။
NLD:    :  အဲဒီမေးခွန်းက လွန်သွားပြီ ။ခုနကတည်းက အပြတ်ပြောလိုက်ပြီလေ ။ ပြောချင်လဲ ပြောသင့်တဲ့အချိန် ပြောမှာပေါ့ ။ မပြောသင့်ရင်မပြောဘူးလေ ။ကျွန်တော်တို့  ပြောရင်လည်း ခင်များတို့က ပြောကြဦးမှာ  ဝေဖန်ကြဦးမှာပဲ ။ပြောကြလေ၊  အပြောခံရမှာလည်း မကြောက်ဘူး ။

RFA:    : နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် မနေ့ကပဲ အလေးထားပြီး ထပ်ပြောထားတာ တွေ့ရပါတယ် NLD အစိုးရအဖွဲ့ဝင်တွေထဲမှာ  ပါတီဝင်တွေ က  ဝန်ကြီးဖြစ်ချင်လို့  ဝန်ကြီးနေရာ ပေးပါ ဆိုပြီးတောင်းတဲ့  ပါတီဝင်တွေ ရှိနေတယ် ဆိုတာလေး ရော ခင်ဗျာ ။

NLD:   :  အဲဒီလိုတောင်းနေကြတာက ပါတီဝင်တွေ ရော အပြင်ကလူတွေရော တောင်းဆိုကြတဲ့ စာတွေ ဒီမှာတစ်ပုံကြီးရှိတယ် ၊၊  ဒီမိုကရေစီအရေးတုန်းက  လက်ကလေးတောင် မမြှောက်ခဲ့တဲ့ သူတွေက အခု မှ ဟိုဟာ ဖြစ်ချင်ကြတယ် ဆိုတော့ ရီရခက် ငိုရခက် ပေါ့ ဗျာ ။  ဘယ်လောက်စိတ်ရှုပ် ရှက် စရာကောင်းသလဲ ။

RFA : နောက်တစ်ခုက အခုဆိုလျှင် NLD ပါတီဝင်တွေ တော်တော်များများ မပြောရဲ မဆိုရဲ နဲ့ ကြောက်နေကြ တယ်ခင်ဗျား ။ ဟိုပါတီ ထိပ်ပိုင်း မှာ ၂ ယောက် ၃ ယောက်ပဲ ပြောရ ဆိုရမယ်လို့ သိရပါတယ်
NLD :   : မပြောရဲ မဆိုဖြစ်နေတာ မဟုတ်ဘူး ။ ပြောချင်ကြတာ ။ ကျွန်တော်တို့က မပြောရဘူးလို့ တားထားတာ ။ ၁၉၉၀ ရွေးကောက် ပွဲ မှာ ဦးကြည်မောင်ရဲ့ စကားတစ်ခွန်းကြောင့် ဗိုလ်ချုပ်ခင်ညွှန့်က လူ ၂၀၀ လောက် ဖမ်းပြီး ထောင်ချ ပစ်တာလေ ။

RFA :  :  လောလော ဆယ် အစိုးရ နဲ့ ဆက်သွယ်တဲ့ အပိုင်းမှာ ဘာတွေ အခက်အခဲ ဖြစ်နေ
NLD :   : ဘာအခက်အခဲ မှ မရှိဘူး ။

RFA:  :  အန်ကယ် ဦးဝင်းထိန် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ ။
NLD:  : ကျေးဇူးတင်မနေနဲ့ ။
ခင်ဗျားတို့ သတင်းဋ္ဌာနတွေ မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးကြ ။

Credit>>> မူရင်းသို့>>>>>>>

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: