Leave a comment

၂ဝ၁၆ – ၂ဝ၁၇ ပညာသင်နှစ်တွင် သူငယ်တန်းသင်ရိုး ညွှန်းတမ်းသစ်စနစ် စတင်ကျင့်သုံးမည်

image

နေပြည်တော် ဇန်နဝါရီ ၉

လာမည့် ၂ဝ၁၆-၂ဝ၁၇ ပညာ သင်နှစ်တွင် KG+12 စနစ် စတင် ကျင့် သုံးခြင်းဖြင့် ဘာသာရပ်ကို အခြေခံ သည့် အလွတ်ကျက်မှတ်မှုကို အဓိကထား သင်ကြားခြင်း မျိုး မဟုတ်ဘဲ ဘက်စုံဖွံ့ဖြိုးမှုရရှိမည့် ရှေးဦးကလေး သူငယ်ဖွံ့ဖြိုး မှု နိုင်ငံတကာ စံနှုန်းများ နှင့်အညီ အကြောင်း အရာ အခြေပြု၍ စဉ်းစား တွေးခေါ်တတ် စေရန် သင်ကြားပေးမည် ဖြစ်သည်။

အဆိုပါ သူငယ်တန်းသင်ရိုးညွှန်း တမ်းသစ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီ တွင်ကျင်းပရာ နေပြည်တော် ပညာရေးတာဝန်ခံ နေပြည်တော် ကောင်စီ ဝင် ဦးဖုန်းဇော်ဟန်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံပညာရေး သုတေသန ဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဒေါက်တာသန့်စင်က အဆိုပါ ဆွေးနွေးပွဲပြုလုပ်ရခြင်းအကြောင်း အရင်းနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားရာတွင် သူငယ်တန်း စာသင်နှစ် တစ်နှစ် ပြီးမြောက်သွား သည့်အခါ ကလေးများတွင် ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရုံ သာမက စကားလုံး ဝေါဟာရ များများ အသုံးပြုပြောဆိုတတ်လာပြီး အများနှင့်လည်း လူမှုဆက်ဆံရေးကောင်းမွန် လာခြင်း၊ စူးစမ်းလေ့လာ တတ်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း၊ သိပ္ပံပညာနှင့် လူမှုရေးပညာတို့ပေါင်းစပ်၍ လူနှင့် ပတ်ဝန်းကျင် အကြောင်း ဆက်သွယ်မှု များကို စူးစမ်းလေ့လာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ များအကြောင်း စူးစမ်းလေ့လာတတ် မည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ နေပြည်တော် ပညာရေး ညွှန်ကြား ရေးမှူး ဦးစိုးဝင်း နှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မြို့နယ် ရှစ်မြို့နယ်မှ ပညာရေးမှူးများ၊ အခြေ ခံကျောင်း များမှ ကျောင်းအုပ်များ၊ သင်တန်းဆရာ ဆရာမများ၊ ကျောင်းသား မိဘများ စုစုပေါင်း ၁ဝဝ ကျော် တက် ရောက် ကြကြောင်း သိရသည်။

(သန့်မောင်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: