Leave a comment

တစ်ညအတွင်း​အပြီးဆောက်ခဲ့တဲ့ဗလီ ပါကိစ္စတန်​က လာဟိုဗလီ

image

အောက်ပါပုံမှာရှိတဲ့ဗလီက လာဟောရ်က မစ္စလ်မာန် များက တစ်ညအတွင်း အပြီးတည်ဆောက်ခဲ့တဲ့ဗလီဖြစ် ပါတယ်…ဟိန္ဒူတွေကပြောတယ် ဒီနေရာမှာ မရ်ဒိရ် ဘုရားကျောင်းတည်ဆောက်မယ်…မစ္စလ်မာန်ကပြောတယ် ဒီနေရာက ဗလီရဲ့နေရာဖြစ်ပါတယ်…
ဒီအမှုက တရားရုံးအထိရောက်သွားတယ်…
ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်မှာ မွစ္စလ်မာန်တွေဖက်က အလီဂျေနဟ်ဆိုတဲ့ပုဂ္ဂိုလ်ကဦးဆောင်ပြီး တရားရုံး မှာရင်ဆိုင်တယ်….
တရားရုံးကဆုံးဖြတ်ချက်ချမှတ်လိုက်တယ်…ယး
ချမှတ်တဲ့ဆုံးဖြတ်ချက်ကဒီလိုပါ…မနက်ဖဂျရ်အဇာန်ဆိုတဲ့ချိန်အထိ မွစ္စလ်မာန်ဖက်ကနေ ဗလီကိုပြီးအောင် တည်ဆောက်နိုင်ရင် မွစ္စလ်မာန်တွေကဒီနေရာ ကိုပိုင်ဆိုင်မှာဖြစ်တယ်…
အကယ်၍ ဖဂျရ်အဇာန်ချိန်ရောက်လို့မှ တည်ဆောက် လို့မပြီးဘူးဆိုရင်တော့ ဒီနေရာမှာ ဟိန္ဒူတွေက မန်ဒိရ်ဘုရားကျောင်းကိုတည်ဆောက်မှာဖြစ်ပါတယ်လို့ တရားရုံးကဆုံးဖြတ်ချက်ချမှတ်လိုက်တယ်..
လူတွေကတော့ပြောကြတာပေါ့…
မွစ္စလ်မာန်တွေ ဘယ်လောက် အထိ ဇွဲသတ္တိရှိမရှိဆိုတာ ကြည့်ကြရသေးတာပေါ့…
ဒီဗလီက လာဟောရ်ရဲ့ ရှဟ်အာလမ်ကြော့(က်) شاہ عالم چوک….ဆိုတဲ့နေရာမှာ တည်ရှိပါတယ်…ဒီလိုနဲ့ မွစ္စလ်မာန်တွေက ဗလီဆောက်မယ်ဆိုတော့  အုပ်စုလိုက်အုပ်စုလိုက်ရောက်လာတယ်…ပြီးတော့လာတဲ့သူတွေအားလုံးလည်း ကိုစီကိုစီ တာဝန်တွေခွဲလိုက်ကြတယ်….အလ်ဟမ်ဒိုလိလ္လာဟ် ဖဂျရ်အဇာန်ချိန်တောင်မှမရောက်သေးဘူး အချိန်တွေကလည်းလိုသေးတယ်…ဒါပေမယ့် မွစ္စလ်မာန်တွေက ဗလီဆောက်ပြီးသွားတယ်…ဒါက ပါကစ္စတန်မွစ္စလ်မာန်များရဲ့ တက်ကြွနေတဲ့ အီမာန်ရဲ့အရှိန်နဲ့ အလ္လာဟ့်ရဲ့ အလိုတူမှုကြောင့် ဗလီတည်ဆောက်ပြီးသွားပါတယ်…
ယားအလ္လာဟ်…ဒီလိုပြင်းထန်တဲ့ တက်ကြွနေတဲ့ အီမာန်ကို တဖန်မွစ္စလ်မာန်များကိုချီးမြှင့်တော်မူပါ.
.ယားအလ္လာဟ်..ကျွန်တော်တို့တွေကို အရှင်မြတ်ရဲ့အလိုတော်နဲ့ စည်းလုံးနိုင်သလောက် စည်းလုံအောင်လုပ်ပေးသနားတော်မူပါ…အာမီးန်…

ဒါနဲ့ပါတ်သက်ပြီး ဒေါက်တာအလ္လာမဟ် မိုဟမ္မဒ်အိက်ဘားလ်(ရ)က ဒီလိုစာဆိုလေးနဲ့ပြောတယ်….
مسجد تو بنادی شب بھر میں ایمان کی حرارت والوں نے
من اپنا پرانا پاپی ہے..برسوں میں نمازی نہ بن سکا
အီမာန်တက်ကြွနေတဲ့သူတွေကတော့ ညလုံးပေါက်အတွင်း ဗလီကိုတည်ဆောက်လိုက်ပါတယ်.သို့ပေမယ့်..နှစ်တွေကြာရှည်လာတာတောင်မှ နမာဇီမဖြစ်တာကပဲ မိမိရဲ့အပြစ်တွေပါ…
ယားအလ္လာဟ်…မွစ္စလ်မာန်များကို နမားဇ်များအား စွဲစွဲမြဲမြဲဖတ်နိုင်စွမ်းပေးသနားတော်မူပါ….အာမီးန်….s.j.h.khan….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: