Leave a comment

တူရကီရှိ အစ္စတန်ဘူလ်မြိလယ်ကောင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဇန်န၀ါရီ ၁၂၊ ၂၀၁၆
M-Media

– တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ်ကောင်ရှိ သမိုင်းဝင် ဆူလ်တန်အဟ်မတ်ရင်ပြင်၌ ယနေ့ တွက် ပေါက်ကွဲ မှု ဖြစ် ခဲ့သောကြောင့် အနည်း ဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု အစ္စတန်ဘူလ် အုပ်ချုပ်ရေးမှူးရုံးက ပြောကြားလိုက်သည်။

အဆိုပါ ရင်ပြင်မှာ ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသခံပြည်သူများဖြင့် စည်ကားသည့်နေရာဖြစ်ပြီး ယနေ့မနက် ဒေသ စံဆော်ချိန် ၁၀ နာရီ မိနစ် ၂၀ က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးမှုအပြင် ဒဏ်ရာရရှိသူမှာလည်း ၁၅ ဦးအထိ ရှိခဲ့သည်။

အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေ သည်ဟု   ဖော်ပြ ခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်သည်ဟု တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ် အာဒိုဂန်က အတည်ပြုခဲ့သည်။

တူရကီမှာ ယခုနောက်ပိုင်းတွင် IS အကြမ်းဖက်အဖွဲ့၏ ပစ်မှတ်ထားရာ ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်က ၎င်းတို့အဖွဲ့မှ ဗုံးခွဲမှုနှစ်ခုပြု လုပ် ခဲ့ကာ စုစုပေါင်း လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ ယခုပေါက်ကွဲမှုအတွက် မည်သူမှ တာဝန်မယူသေးပေ။

Ref: Aljazeera

http://www.m-mediagroup.com/news/51105

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: