Leave a comment

ထိုင်းအာဏာပိုင်များ၏ဆိုးရွားသော ဆက်ဆံမှုကို ခံခဲ့ရ ကြောင်း လိပ်ကျွန်း လူသတ်မှု သေဆုံးသူ ဟန်နာ၏ အစ်မ ဖွင့်ဟ

image

လော်ရာဝစ်သာရစ်ဂ်ျ (အလယ်)ကို မိခင်ဖြစ်သူ ဆူဆန်၊ သေဆုံးသူ ဟန်နာတို့နှင့်အတူ တွေ့ရစဉ်။

သူမ၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်မှုများ ခံနေရ ကြောင်းလည်း ထုတ်ဖော်ပြောကြား

By ဇွဲရဲဝင်း Tuesday, January 12, 2016

လိပ်ကျွန်းလူသတ်မှုတွင် သေဆုံးခဲ့သည့် ဗြိတိန်နိုင်ငံသူ ဟန်နာဝစ်သာရစ်ဂ်ျ၏ အစ်မက အမှုစစ်ဆေးနေစဉ် အတွင်း ထိုင်းရဲတပ်ဖွဲ့က သူမတို့ မိသားစုအပေါ် ဆိုးဆိုး ရွားရွား ဆက်ဆံခဲ့မှုများကို ဖွင့်ချလိုက်ကြောင်း သိရသည်။

အသက် ၂၃ နှစ်ရှိ ဟန်နာနှင့် အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မီလာတို့သည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ အတွင်းက လိပ်ကျွန်းတွင် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဟန်နာမှာ အသတ်မခံရမီ မုဒိမ်းပြုကျင့်ခြင်းပါ ခံခဲ့ရပြီး အဆိုပါ အမှုအတွက် မြန်မာလုပ်သား နှစ်ဦးကို ထိုင်း တရားရုံးက လူသတ်တရားခံများအဖြစ် စွပ်စွဲကာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သေဒဏ်ချမှတ်ခဲ့သည်။

ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့သည် ယခုအခါ စီရင်ချက် ကို အယူခံဝင်ရန် ပြင်ဆင်နေပြီး ထိုင်းတရားရုံး၏ စစ်ဆေး မှု နည်းလမ်းများတွင် အားနည်းချက်များစွာ ရှိနေကြောင်း ဗြိတိန်မီဒီယာများက ထောက်ပြခဲ့ကြသည်။ ယခုအခါ ဟန်နာ၏ အစ်မဖြစ်သူ လော်ရာဝစ်သာရစ်ဂ်ျက ထိုင်းရဲတပ်ဖွဲ့တွင် အကျင့်ပျက်မှုများ ရှိနေကြောင်း တိုက်ရိုက် စွပ်စွဲလိုက်သလို ထိုင်းနိုင်ငံသည် လူအများ ထင်မြင်ထားသကဲ့သို့ လှပပြီး ဘေးကင်းသည့် နိုင်ငံတစ်ခု မဟုတ်ကြောင်း Facebookပေါ်တွင် ရေးသားခဲ့သည်။

တရားစီရင်မှု အတောအတွင်း သူမတို့ မိသားစုကို မေးမြန်း သည့် မေးခွန်းများတွင် “မင်းတို့ဒီကို ဘာလာ လုပ် နေတာလဲ”၊ “ဒီကိစ္စကို မင်းတို့ဘာလို့ အခုလောက် ဂရုစိုက်နေတာလဲ”အစရှိသည်တို့ ပါဝင်ကြောင်း လော်ရာ က ဆိုသည်။ ထိုမေးခွန်းများသည် မိသားစုဝင်တစ်ဦး ဆုံးရှုံးထားသည့် လော်ရာတို့အတွက် အံ့ဩတုန်လှုပ်စရာ ဖြစ်စေခဲ့သည်။

သောကရောက်နေသည့် မိသားစုအတွက် ပို၍ဆိုးရွား သော စကားတစ်ခုမှာ ထိုင်းအာဏာပိုင် တစ်ဦးက “သေတဲ့သူက သေနေပြီ။ ဘာဖြစ်လို့ ဒီလောက်ကြီး သောကရောက်နေမလဲ။ အိမ်ပြန်ပြီး ကလေးနောက် တစ်ယောက် ယူဖို့ ကြိုးစားပါလား။ အခုကိစ္စကို ဘာဖြစ်လို့ ရေးကြီးခွင်ကျယ် လုပ်နေသလဲ။ ရက်ပေါင်း ၃၀ လောက်အတွင်းမှာ သူပြန်ရောက်လာနိုင် (ပြန်ဝင်စားလာနိုင်) တာပဲလေ။ နောက်တစ်ခါဆိုရင် သူက ပိုပြီး ကံကောင်းချင် ကောင်းမှာပေါ့”ဟု ဟန်နာ၏ မိဘများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

လော်ရာက အဆိုပါ စကားများသည် လူ့အသက်များနှင့် ပတ်သက်လျှင် ထိုင်းနိုင်ငံ၌ အလွန်တာဝန်ပေါ့လျော့စွာ အလေးမမူဘဲ လုပ်ဆောင်နေသည့် အထောက်အထား များ ဖြစ်ကြောင်းလည်း စွပ်စွဲခဲ့သည်။

“ဟန်နာကို ကျွန်မတို့ ဘဝထဲက ဆွဲထုတ်သွားတာ ခံရကတည်းက ကျွန်မအနေနဲ့ တစ်ကမ္ဘာလုံးကို ထိုင်း နိုင်ငံရဲ့ အန္တရာယ် များပုံအကြောင်း သတိပေးဖို့ တောက် လျှောက် ကြိုးစားခဲ့တယ်။ Facebookမှာ အကြိမ်ကြိမ် ဝင်ပြီး ဟန်နာနဲ့ ကျွန်မကို သိတဲ့သူတွေ ထိုင်းမှာရှိနေရင် ချက်ချင်း ဝေးရာထွက်သွားဖို့ Statusတွေ ရေးတင် ခဲ့တယ်။ ဒါပေမဲ့ အများစုက ဟန်နာ ကြုံသလို သူတို့ မဖြစ်နိုင်ဘူးလို့ ထင်နေကြတုန်းပဲ။ ကောင်းပြီ။ စဉ်းစားကြည့်လေ။ ကျွန်မတို့လည်း မထင်ခဲ့ဘူး။ ဒါပေမဲ့ ဖြစ်လာရင် ဘယ်သူမှ မတွန်းလှန်နိုင်ဘူး”ဟု လော်ရာက ရေးသားခဲ့သည်။

သူမက “ထိုင်းအများစုက အနောက်နိုင်ငံသားတွေကို မုန်းကြတယ်။ လူ့အသက်ကို အလေးထား၊ တန်ဖိုး ထားတာ အင်မတန်နည်းတယ်။ ဒါကို ကျွန်မ ပေါ့ပေါ့ တန်တန်၊ ဒါမှမဟုတ် အကြောင်းပြချက် မရှိဘဲ ပြောနေ တာ မဟုတ်ဘူး။ ရှင်တို့ ပြောပြောနေတဲ့ သိပ်လှတယ် ဆိုတဲ့ နေရာအကြောင်း ကျွန်မ အချက်အလက်လေး တချို့ ပြောပြပါရစေ။ ထိုင်းနိုင်ငံသား အများစုက လူ့အသက်ကို အလေးမထားကြဘူး။ ပထမဆုံး တရားသူကြီးတွေနဲ့ တရားရုံး တာဝန်ရှိသူတွေက မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ယောက်ကို စစ်ဆေးနေတဲ့ တရားခွင်မှာ ဝမ်းနည်းကြေကွဲနေတဲ့ ကျွန်မတို့ မိသားစုတွေကို ပြောတဲ့စကားတွေပဲ”ဟု ဆိုသည်။

ထို့အပြင် ဟန်နာသေဆုံးပြီးကတည်းက သူမကိုယ်တိုင် လည်း ထိုင်းနိုင်ငံသားများထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို ရရှိလာကြောင်းလည်း လော်ရာက ဖွင့်ဟခဲ့သည်။ “ဓာတ်ပုံမှာ ကျွန်မမျက်နှာကို ဖျက်ထားပြီး ပို့လာတယ်။ လူသတ်သမားတွေက သူတို့လုပ်ရမယ့် အလုပ် တစ်ဝက်ပဲ ပြီးသေးတယ်လို့ ခြိမ်းခြောက်ထား တယ်”ဟု သူမက ရေးသားထားသည်။

လော်ရာက “အခု ကျွန်မက ကိုယ့်အရိပ်ကိုယ် ပြန်လန့် နေရတယ်ဆိုရင် ရှင်တို့ ဘာပြောမလဲ။ ကျွန်မ နောက် ကျောမလုံဘူးဆို ရှင်တို့ ဘာပြောမလဲ။ ကျွန်မ အရမ်းပင်ပန်း နွမ်းနယ်နေတယ်။ ဒါပေမဲ့ အိပ်စက်လိုက် ဖို့ကိုတောင်ကြောက် နေပြန်တယ်။ အိပ်မက်ဆိုးတွေ မက်မှာ စိုးရိမ်လို့။ ဟန်နာ သေဆုံးပြီးကတည်းက ခိုတောင် (လိပ်ကျွန်း)မှာ နောက်ထပ် မသင်္ကာစရာ လူသတ်မှုတွေ ထပ်ဖြစ်ခဲ့တယ်ဆိုရင် ရှင်တို့ဘာပြောမလဲ။ ရှင်တို့ ဒီအကြောင်းတွေ ကြားမိကြမှာ မဟုတ်ဘူး။ သေဆုံးသူတွေ အားလုံးက ဗြိတိန်နိုင်ငံသားတွေ မဟုတ်ကြဘူးလေ။ ပြီးတော့ ဒီသေမှုသေခင်းတွေက ကိုယ့်ကိုယ်ကိုယ် သေကြောင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: