Leave a comment

ဝင်ငွေခွန်စည်းကြပ်မှု နှုန်းထားသတ်မှတ်မှုများကို လက်တွေ့အခြေအနေ

image

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

ဝင်ငွေခွန်စည်းကြပ်မှု နှုန်းထားသတ်မှတ်မှုများကို လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့်နှုန်းထားဖြစ် အောင် ဆောင်ရွက်ပေးရမည်

နေပြည်တော်    ဇန်နဝါရီ    ၁၁

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်ကျင်းရာ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်၏ သဘောတူညီ ချက်ရယူခြင်း၊ အစီရင်ခံစာ(၂)ခုဖတ်ကြားခြင်းနှင့် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် လစ်လပ်လျက်ရှိသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်နေရာတွင် ဒုတိယစာရင်းစစ်ချုပ်အား ခန့်အပ်တာဝန်ပေးရန်ကိစ္စအား လွှတ်တော်ကကန့်ကွက် ချက် တစ်စုံတစ်ရာမရှိသည့်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်အား  ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း လွှတ်တော်နာယက က ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အထူးကုန်စည် ခွန်ဥပဒေကြမ်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍  ဥပဒေကြမ်း  ပူးပေါင်း ကော်မတီက ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများကို လွှတ်တော် သို့ဖတ်ကြား တင်ပြသည်။

ထို့နောက် လွှတ်တော်နာယက က  ယင်းဥပဒေကြမ်းများ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ သည်။

ထို့နောက် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍   လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော် နာယက က အခွန်ဥပဒေကြမ်းနှင့် ဝင်ငွေခွန်စည်းကြပ် မှုနှုန်းထား သတ်မှတ်မှုများကို လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့်နှုန်းထားဖြစ်အောင်  လွှတ်တော် ကော်မတီ များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများ ဆွေး နွေး ညှိနှိုင်းပြီး မှန်မှန်ကန်ကန်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်ခြင်းဖြင့် ဝန်ထမ်းများသာမက အခွန်ထမ်းပြည်သူ များအနေဖြင့်လည်း အခွန်ဆောင်ရန် ပိုမိုစိတ်ဝင် စားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားအတွက် အလေးထားဆွေးနွေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။       
               
(သတင်းစဉ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: