Leave a comment

မာကယ်လ်ကိုခွေးဖြင့် ခြိမ်းခြောက်ခဲ့ ဖူးကြောင်း စွပ်စွဲချက်များကို ပူတင်ငြင်းဆို

image

Wednesday, January 13, 2016

ဂျာမန်အဓိပတိ အန်ဂျလာ မာကယ်လ်ကို ခွေးများဖြင့် ရည်ရွယ်ချက်ရှိရှိ စိတ်အနှောင့်အယှက်ပေး ခြိမ်းခြောက်ခဲ့ဖူးသည် ဆိုသော စွပ်စွဲချက်များကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ငြင်းဆိုခဲ့သည်။

လွန်ခဲ့သည့် ၉ နှစ်က မာကယ်လ်နှင့် အတူ ပူးတွဲပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပူတင်က ၎င်း၏ Labrador အမျိုးအစား အချစ်တော် ခွေးကြီးကို ခေါ်ဆောင်လာခဲ့သည်။ မာကယ်လ်သည် ခွေးများကို အလွန် ကြောက်ရွံ့သူဖြစ်ရာ ထိုသတင်းစာ ရှင်းလင်းပွဲ တွင် အနေအထိုင် ကျပ်နေဟန် ပေါ်လွင်ခဲ့ပြီး ပူတင်က ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းဟု နာမည်ဆိုး ထွက်ခဲ့ သည်။ နှစ်ကာလ အတန်ကြာသည့် အခါတွင်မှ ပူတင်က ဂျာမန် သတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင် ယင်းကိစ္စကို ပြန်လည် ပြောဆိုရာ မာကယ်လ်ကို စိတ်ဒုက္ခပေးရန် လုံးဝ မရည်ရွယ်ခဲ့ဟု ဖြေရှင်းခဲ့သည်။

မာကယ်လ်သည် ၁၉၉၅ ခုနှစ်က ခွေးကိုက်ခံရဖူးပြီး ကတည်းက ခွေးများကို အလွန်ကြောက်လန့် သွားခဲ့ သည်။ ၂၀၀၇ ခုနှစ်၊ သတင်းစာ ရှင်းလင်းပွဲတွင် ကိုနီဟု အမည်ပေးထားသည့် ခွေးကြီးကြောင့် သူမအနေဖြင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်နေဟန် ပေါ်လွင်ခဲ့ သည်။ ထိုသတင်းစာ ရှင်းလင်းပွဲကို ရုရှားနိုင်ငံ၊ ဆိုချီမြို့၌ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်က မာကယ့်လ်ကို စိတ်ပေါ့ပေါ့ပါးပါး ဖြစ်စေချင်ခဲ့တာပါ။ ဒါပေမဲ့ သူက ခွေးတွေကို သဘောမကျကြောင်း သိလာတော့ ကျွန်တော် သေချာပြန်ပြီး တောင်းပန်ခဲ့ပါတယ်”ဟု ပူတင်က ပြောကြားခဲ့သည်။ ထိုစဉ်က မာကယ်လ်သည် ဂျာမန်အဓိပတိ ရာထူး ရရှိလာသည်မှာ ၂ နှစ်မျှသာ ကြာသေးသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ပူတင်၏ အချစ်တော် ခွေးကြီး ကိုနီ ရှိနေခဲ့ခြင်းအပေါ် ၂၀၁၄ တွင် မာကယ်လ်က အမှတ်တရ ပြန်လည် ပြောဆိုရာ “အနည်းဆုံး ဒီကောင်ကြီးက သတင်းထောက်တွေ ကိုတော့ စားမပစ်ပါဘူးလေ”ဟု အရွှန်းဖောက် ခဲ့သည်။ ထို့နောက်ပိုင်းတွင် မာကယ်လ်က “ခွေးကြီးကို ဘာဖြစ်လို့ ခေါ်လာသလဲ ဆိုတာကို ကျွန်မ နားလည်တယ်။ ပူတင်က သူ့ကိုယ်သူ ယောက်ျားပီသကြောင်း ပြချင်တယ်။ သူ့ကိုယ်ပိုင် အားနည်းချက်တွေ အတွက် စိုးရိမ်နေတယ်။ ရုရှားမှာ ဘာမှမရှိဘူး။ စီးပွားရေးအရ၊ နိုင်ငံရေးအရ ဘာမှ မအောင်မြင်ဘူး။ ဒီတော့ သူတို့မှာ ပြစရာ ဒီခွေးပဲ ရှိမယ်”ဟု ပြောဆိုခဲ့ကြောင်းလည်း ယင်းသတင်း ကို ဖော်ပြသည့်မဂ္ဂဇင်းက ရေးသားခဲ့သည်။

ပူတင်က လတ်တလောတွင် မိမိသည် ဂျာမနီ အပါအဝင် အနောက်အုပ်စု မဟာမိတ်များနှင့် ဆက်ဆံရေး အေးခဲမှုအချို့ ရှိနေသော်လည်း အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် တူညီသော အမြင်မျိုး ရှိနေကြောင်းလည်း ဆိုသည်။

“ကျွန်တော်တို့ အတူတကွ ရပ်တည်သင့်ပါတယ်။ တစ်ကမ္ဘာလုံးက အကြမ်းဖက် အဖွဲ့အစည်းတွေကို တိုက်ဖျက် ချေမှုန်းဖို့ပါ။ ဒါဟာ အားလုံးအတွက် စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။ ကိစ္စတိုင်းမှာ ကျွန်တော်တို့ အမြင်မတူနိုင်ဘူး ဆိုရင်တောင် ကိုယ့်ဘုံရန်သူကို ကြေညာဖို့ ဘယ်သူကမှ ဘာဆင်ခြေမှ ပေးနေစရာ မလိုပါဘူး”ဟု ၎င်းက ပြောကြားသွားသည်။
7Day
Ref: CNN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: