Leave a comment

ပြောင်းရွှေ့အခြေချသူများအား ကန်လူဝင်မှု ကြီးကြပ်ရေးမှ ဖမ်းဆီးမှု ရပ်တန့်ရန် ကလင်တန်တောင်းဆို

ဇန်န၀ါရီ ၁၃၊ ၂၀၁၆
M-Media

https://i1.wp.com/www.m-mediagroup.com/wp-content/uploads/2016/01/clinton.jpg

– အမေရိကန် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းဖြစ်သူ ဟီလာရီကလင်တန်က တရားဝင်အထောက်အထားမရှိသည့် အလယ် အမေရိကန်မှ မိသားစုများကို အမေရိကန်အာဏာပိုင်များက စီးနင်းဖမ်းဆီးကာ နှင်ထုတ်မှုများကို ရပ်တန့်ရန် ဟီလာရီ ကလင်တန် က တောင်းဆိုလိုက်ပြီး ထိုသို့ဆောင်ရွက်ခြင်းက သဘောကွဲလွဲစေကာ ပြောင်းရွှေ့အခြေချသူ လူ့အဖွဲ့အစည်းအတွင်း အမုန်းမျိုးစေ့ ချခြင်း သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက အလယ်အမေရိကမှ ရွှေ့ပြောင်းအခြေချသူများကို စီးနင်းဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကလင်တန် က ထိုကဲ့သို့ ဖွင့်ဟပြောကြားလိုက်ခြင်းဖြစ်ပြီး ခိုလှုံခွင့်တောင်းသူ ထိုမိသားစုများအား ကာကွယ်ပေးမည့် အစီအစဉ် တစ်ခုကိုလည်း သူမက ထုတ်ပြန်ခဲ့သည်။

“လ၀ကဥပဒေ ကျင့်သုံးတာဆိုပြီး အလစ်ဝင် စီးနင်းဖမ်းဆီးခြင်းဟာ သင့်လျော်တဲ့ကိစ္စမဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်၊ တကယ်တော့ ဒါတွေဟာ သူတို့တွေကို သဘောထားကွဲလွဲမှုတွေနဲ့ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေပါတယ်” ဟု ကလင်တန်က လူနည်းစုများအရေး   ဆွေးနွေးပွဲဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။

ဖိုရမ်တွင် သူမ၏ပြောကြားချက်ပေါ်မူတည်၍ ကလင်တန်အောင်နိုင်ရေးအဖွဲ့က အလစ်ဝင်ဖမ်းဆီးမှု ရပ်တန့်ရေးအတွက် ကြေညာချက် တစ်ခုနှင့် စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်းက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားရုံးတွင် လူနည်းစုများအတွက် အစိုးရအကြံပေးများကို ထားရှိပေးရန် တောင်းဆို ခဲ့သည်။   ရေရှည်တွင်လည်း ဒုက္ခသည်များ ခိုလှုံရေးစီမံကိန်းများတွင် အရာရှိများ၊ ဘာသာပြန်များ၊ လူဝင်မှုကြီးကြပ်ရေး တရားသူကြီးများ ခန့် ထားပေး ရန်နှင့် အလယ်အမေရိကတွင် ဖွံ့ဖြိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးရန်လည်း ကလင်တက ထည့် သွင်းပြောကြား ခဲ့သည်။

ပြောင်းရွှေ့အခြေချသူများအား ထိုကဲ့သို့ ဖမ်းဆီးမှုကို ကလင်တန်အပါအ၀င် ဒီမိုကရက်တစ်အမတ်လောင်းအများအပြားကလည်း ဆန့်ကျင် ကန့်ကွက်ထားကြသည်။

Ref: channelnewsasia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: