Leave a comment

မွတ်စလင်ဆန့်ကျင်ရေးပြောဆိုတာဟာ မှားယွင်း တယ်လို့ အမေရိကန်သမ္မတအိုဘားမား ပြောကြား

ဇန်န၀ါရီ ၁၃။

နိုင်ငံရေးအတွက် မွတ်စလင်တွေကိုစော်ကားတာဟာ မှားယွင်းတယ်လို့ ဘာရက်အိုဘားမားက ပြည်ထောင်စု လွှတ်တော် မှာ ပြုလုပ်တဲ့ သမ္မတအဖြစ်သူ့ရဲ့နောက်ဆုံးမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရန့်လို့အမည်တပ်မပြောပေမယ့် သမ္မတအိုဘားမားက မွတ်စလင်တွေကို အမေရိကန်နိုင်ငံတွင်းဝင်ရောက် တာ ကို ယာယီ ပိတ် ပင် ဖို့ပြောဆိုခဲ့တဲ့ ရီဘက်ပလစ်ကန်အမတ်ကို ဝေဖန်လိုက်တာဖြစ်ပါတယ်။

” နိုင်ငံရေးသမားတွေက တိုင်းသူပြည်သား မွတ်စလင်တွေကိုပဲဖြစ်ဖြစ် နိုင်ငံရပ်ခြားက မွတ်စလင်တွေ ကိုဖြစ်ဖြစ် စော်ကား လိုက် တာ၊ ဗလီဖျက်ဆီးခံရတာ၊ ကလေးငယ်ကို အမည်မျိုးမျိုးနဲ့ လှောင်ပြောင်ခေါ်ဝေါ်တာ စတာတွေဟာ ကျွန်တော်တို့ကို လုံခြုံမှုဖြစ်သွားစေမှာ မဟုတ်ဘူး။ ဒါမှားယွင်းနေတယ်။ ကမ္ဘာကလည်း ကျွန်တော်တို့ကို အထင်သေးတဲ့အမြင်တွေနဲ့ ကြည့်ကြလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရရှိဖို့ပိုခက်ခဲသွားစေလိမ့်မယ်”လို့ သမ္မတက လွှတ်တော်အတွင်းပြောဆိုလိုက်ပြီး တက်ရောက်လာသူများ က လက်ခုပ်သြဘာပေး ထောက်ခံခဲ့ကြပါတယ်။

“မွတ်စလင်ဆန့်ကျင်ရေးစကားတွေက တိုင်းပြည်ကလူတွေအတွက်လည်း အယုံအကြည်မဲ့အောင်လုပ်ရာရောက်ပါတယ်” လို့  အိုဘားမား က ဆက်လက်ပြောဆိုပါတယ်။

“လူမျိုး ဒါမှမဟုတ် ကိုးကွယ်ရာဘာသာကိုလိုက်ပြီး နိုင်ငံရေးအရ ပစ်မှတ်ထားနေမှုတွေကို အမေရိကန်အနေနဲ့ ငြင်းပယ် ဖို့လိုတယ်။ ဒါ မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်း မဟုတ်ဘူး”လို့ သမ္မတက ထပ်ဖြည့်ပြောဆိုလိုက်ပါတယ်။

မစ္စတာထရန့်က US နယ်စပ်ကနေ မက္ကဆီကိုနိုင်ငံသားတွေ တရားမ၀င် ၀င်ရောက်တာတွေကို တားဆီးဖို့ရှုတ်ချပြောဆိုပြီး သူ့ရဲ့ သဘောထား က ကမ္ဘာတစ်ဝန်းက မွတ်စလင်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်မှတ်ထားပြောဆိုခဲ့ပါတယ်။

ဘီလျံနာတစ်ဦးလည်းဖြစ်သူ ထရန့်က “အဲဒါပျင်းစရာကောင်းပြီး ခြေခြေမြစ်မြစ်လည်းမရှိဘူး”လို့ မိန့်ခွန်းကို တုံ့ပြန်ပြော ဆိုခဲ့ပါတယ်။
“သမ္မတမိန့်ခွန်းက သူကြားခဲ့သမျှထဲမှာ ပျင်းစရာအကောင်းဆုံးနဲ့ ခြေခြေမြစ်မြစ်လည်းမရှိဘူး” လို့ ဒေါ်နယ်ထရန့်က   ဝေဖန်ပြော ဆိုခဲ့ ပါတယ်။

IS အဖွဲ့ကိုကိုင်ကွယ်ဖို့ ကြိုးပမ်းအားထုတ်ရင်း တတိယကမ္ဘာစစ်ဖြစ်ရင် အဲဒီအဖွဲ့လိုချင်တာကိုပေးလိုက်တာပဲလို့ မစ္စတာ အိုဘားမား က နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။
သူတို့တွေကပြည်သူလူထုအတွက် အရမ်းကိုအန္တရာယ်ရှိတယ်၊ သူတို့ကို ရပ်တန့်ပစ်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့နိုင်ငံ တည်ရှိမှုကို သူတို့ခြိမ်းခြောက်လို့မရဘူးလို့ သမ္မတကပြောဆိုခဲ့ပါတယ်။

Source : The Independent
ဘာသာပြန် – ညောင်နီရွက်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: