Leave a comment

ယာဉ်မောင်းလိုင်စင် အတုများ အလွယ်တကူ စစ်ဆေး ဖော်ထုတ်မည်

image

နေပြည်တော်    ဇန်နဝါရီ   ၁၄

မြန်မာ၊ အိန္ဒိယ၊ ထိုင်း   သုံးနိုင်ငံအကြား အချင်းချင်း   ခရီးသည်နှင့်   ကုန်စည်များကို   မော်တော်ယာဉ်ဖြင့် သယ်ဆောင်သွားလာရေး စည်းကမ်းများသဘော တူစာချုပ်အရ ယာဉ် မောင်းလိုင်စင်၊ ယာဉ်အကူ လိုင်စင်လက်မှတ်များကို chip  ပါသည့် smart  ကတ်များကို ဇန်နဝါရီ ၁၂ ရက်မှစ၍ နေပြည်တော် ကညနရုံးတွင် စတင်ပြောင်းလဲ ထုတ်ပေးနေပြီဖြစ် ကြောင်း    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု  ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ chip smart လိုင်စင်ကတ်များကို တိုင်း ဒေသကြီး/ပြည်နယ်များရှိ ခရိုင်ရုံးများတွင်လည်း ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယင်းစမတ်ကတ်များ အသုံးပြုခြင်းအားဖြင့် လိုင်စင်ကိုင်ဆောင် သူတစ်ဦးချင်း စီ၏ အချက်အလက်များကို လုံခြုံ စိတ်ချစွာ ထိန်းနိုင်ခြင်း၊ ယာဉ်မောင်းလိုင်စင်များ မှန်ကန်မှု ရှိ/မရှိ လွယ်ကူစွာ စစ်ဆေးအတည်ပြု နိုင်ခြင်း၊ ယာဉ်စည်းကမ်းဖောက်ဖျက် သူများအား အမှတ်ပေးသော စနစ် Demerit Points System အရ ပြစ်မှုကျူးလွန်သော ယာဉ်မောင်း များအား အမှတ်ပေး၍ အလွယ်တကူ အရေးယူ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် အတုကိုင်ဆောင်သူများကိုလည်း အလွယ်တကူ စစ်ဆေးဖော်ထုတ်နိုင်မည်ဟု သိရသည်။

ဖွံ့ဖြိုးပြီးနိုင်ငံတချို့တွင်     တစ်နှစ်အတွင်း သတ်မှတ် ထားသည့် ပြစ်မှုများပြည့်ပါက အမှုအလိုက် အနုတ် (-) စနစ်ဖြင့် လိုင်စင်ပိတ်သိမ်းပြီး ပြန်လည်ဖြေဆို သော စနစ်ဖြစ်သည်။ ယခု မြန်မာနိုင်ငံမှ ထုတ်ပေးမည့် chip  စမတ်ကတ်တွင်မူ    အပေါင်းစနစ်ဖြင့် ကျူးလွန်မှုများကို  ထပ်ပေါင်း မှတ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်အထိ  ပြစ်မှုကျူးလွန်ပါက လိုင်စင်ပြန်လည်ဖြေကြားရမည်ဖြစ် ကြောင်း ကညနရုံး (နေပြည်တော်)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

(သန့်ဇင်ဝင်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: