Leave a comment

တပ်မတော်အရာရှိကြီးများနှင့် အောက်ခြေ တပ်သားတို့၏ ဘဝကွာခြားမှုကို တင်ပြခဲ့သည့် ဒီချုပ်အမတ် သတိပေးခံရ

စိုးမြင့်နိုင် ၊ ရန်ကုန်၊ ဇန်နဝါရီ ၁၆

တပ်မတော်အရာရှိ ကြီးများနှင့် အောက်ခြေတပ်သားတို့၏ လူ မှုစီးပွားဘဝကွာခြားမှုကို တင်ပြခဲ့သည့် အ မျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အမတ် ဒေါက် တာအောင်မိုးညိုအား ပြည်သူ့လွှတ်တော် နာယက,က သတိပေးလိုက်သည်။

မြန်မာ့စီးပွားရေးကဏ္ဍ တော် တော်များများတွင် မြန်မာ့ စီးပွားရေး ဦးပိုင် က နေရာယူထားပြီး တပ်မတော်အရာရှိ ကြီးများ၏ လူမှုစီးပွားရေးဘဝ အလျှံအ ပယ် ပြည့်စုံနေ သော်လည်း အောက်ခြေ တပ်မတော်သားတို့၏ ဘဝမှာ မသေရုံတ မည်စားသောက်နေရကြောင်း ဇန်နဝါရီ ၁၅ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် တင်ပြခဲ့ သောကြောင့် ပြည်ထောင်စုလွှတ် တော် နာ ယက,ကအရှက်လုံရုံ အဖွဲ့အစည်းတစ်ခု၏ သိက္ခာကျစေ မည့် စကားလုံးများမသုံးရန် သတိပေး ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ အောင်မိုးညို က အမျိုးသား စီမံကိန်းဥပဒေကြမ်း ဆွေးနွေး မှု များအပေါ် တပ်မတော်၏ ကဏ္ဍနှင့် ပတ်သက် ၍ ”မြန် မာ့စီးပွားရေးဦးပိုင် ပိုင်တာတွေ များသော် လဲ အောက်ခြေတပ်မတော် သားများ၏ လူ မှုစီးပွားဘဝကို ဘယ်လောက် အထောက် အကူပြု နေသလဲ၊ ကျွန်တော်မသိပါဘူး။ ကျွန် တော့် မဲဆန္ဒနယ် ထဲက တပ်မှာတော့ မသေ ရုံတမည် စားနေရပြီး  ဝတ် ဆင် နေကြရပါတယ်။ ထင်းခွေစားတဲ့သူနဲ့ တော ကြိုအုံကြား ကင်မွန်းရွက် ခူးရောင်းစားတဲ့ သူနဲ့ ဒီလိုမဖြစ် သင့်ပါဘူး”ဟု တင်ပြ ဆွေး နွေးခဲ့သည်။

အထည်ချုပ်စက်ရုံဆိုလျှင်လည်း မြန်မာ့စီးပွားရေးဦးပိုင် ပိုင်ဆိုင်သည့် စက် ရုံ၊ လက်ပံတောင်းတောင် ဆိုလျှင် လည်း မြန် မာ့စီးပွားရေးဦးပိုင်၊ ကြယ်ငါးပွင့် ပင်လယ် ကူးသင်္ဘောဆိုလျှင်လည်း မြန်မာ့စီးပွားရေး ဦးပိုင် စသည့်ဖြင့် ဦးပိုင်များနေသော်လည်း အောက်ခြေ တပ်မတော်သားများ အနေ ဖြင့် အရှက်လုံရုံဝတ်စားကာ ဆင်းရဲချို့တဲ့ နေကြောင်း ဒေါက်တာအောင်မိုးညိုက တင် ပြ ဆွေးနွေးနေစဉ်ပင် ပြည်သူ့လွှတ်တော် နာယက သူရဦးရွှေမန်းက ကြားဖြတ် သတိ ပေးလိုက်ခြင်း ဖြစ်သည်။

သူရဦးရွှေမန်းက ”ဒီမှာ အဖွဲ့အစည်း သို့မဟုတ်ရင် သိက္ခာကျစေမယ့် စကား လုံးတွေ မသုံးပါနဲ့။ နောက်ဆုံး ကျွန်တော် သတိပေးပါတယ်”ဟု သတိပေးခဲ့သည်။

(Flower News Journal, 11-3)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: