Leave a comment

ချောင်းဆိုးခြင်း၏အ​ကြောင်းရင်းများ

image

ချောင်းဆိုးခြင်း၏ အကြောင်းရင်းများ

နေခြည် (ဆေး-၁)

တဟွတ်ဟွတ်ဆိုးမယ်၊ ဒီလိုချောင်းဆိုးရခြင်းအ ကြောင်းရင်းတွေ ဘာကြောင့်ဖြစ်တတ်သလဲ။ အ ကြောင်းရင်းတွေကိုရှာမယ်ဆိုရင်တော့ များစွာဖြစ် နိုင်ပါတယ်။

ချွဲထွက်သလားမထွက်ဘူးလားဆိုတာဟာလည်း ဖြစ်နိုင်ခြေကို စဉ်းစားရာမှာ အထောက်အကူပြုပါတယ်။ သက်ဆိုင်ရာရောဂါရာဇဝင်နဲ့ အလုပ်အကိုင်ဟာလည်း အဆုတ်နဲ့ပတ်သက်ပြီးတော့ ရောဂါများကို ကောက် ချက်ချရာမှာ အရေးပါပြန်တာပါပဲ။ ဒါကြောင့်ချောင်းဆိုးတယ် ချွဲထွက်တယ် ဆိုသူတွေ အတွက် အရေးအကြီးဆုံးဖြစ်နိုင်ခြေအချို့ကို ဒီတစ်ပတ် အတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

ချောင်းဆိုးချွဲပါသူတွေအနေနဲ့ ဖြစ်နိုင်ခြေရောဂါတွေ ဘာတွေလဲ။

၁) ဆေးလိပ်သောက်သူလည်း မဟုတ်ဘဲနဲ့ နာတာ ရှည်ချောင်းဆိုးရခြင်း၊ ချွဲထွက်ထွက်နေတတ်ခြင်းဟာ ထိပ်ခတ်နာကဲ့သို့ရောဂါတွေမှာ တွေ့ရလေ့ ရှိပါတယ်။ နှာခေါင်းမှနှာရည်ထွက်တာ ပုံမှန်ထက်များတဲ့အတွက် နှာရည် တွေကျတတ်ပြီး မျိုချမိသလိုလည်း ဖြစ်တတ် ပါတယ်။ ဒီလိုမျိုး မျိုချမိတာ ကြောင့် ချွဲခပ်နေရသလို၊ ချောင်းဆိုးချင်နေသလိုမျိုး မကြာခဏဖြစ်တတ် ပါတယ်။ ထိပ်ခတ်နာဖြစ်တတ်ရတဲ့အကြောင်းရင်းတွေကို ဥပမာဆိုရရင် တော့ တုပ်ကွေး၊ Allergies (ဓာတ် မတည့်ခြင်း) နဲ့ Sinusitis စတဲ့ ရောဂါမျိုး တွေမှာပါ။

၂) လြေ>ွပန်ရုတ်တရက်ရောင်ရမ်းရာကနေလည်း ချောင်း ဆိုးချွဲပါဖြစ်တတ် ပါတယ်။ ဥပမာအား ဖြင့် ပုံမှန် တုပ်ကွေးဖျားနာရာကနေ ဖြစ်တတ်တာမျိုး ပါ။ ဒုက္ခပေးတတ်တဲ့ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယား အမျိုးအစား တွေကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ ဖြစ်တတ်သူတွေကတော့ ဆေးလိပ်သောက်သုံးသူ တွေနဲ့ နာတာရှည်လြေ>ွပန်ကျဉ်းတတ်တဲ့ရောဂါရှိသူတွေမှာပါ။ အစပိုင်းမှာ သာမန်ချောင်းဆိုးသလိုဖြစ်ပြီး ချွဲမထွက်တတ် ပေမယ့် နောက်ပိုင်းမှာ ချွဲ ဝါဝါပျစ်ပျစ်တွေ ထွက်တတ် ပါတယ်။ အဖျားလည်းတွဲရှိတတ်ပြီး မောတာ၊ အသက် ရှူရင် ရွှီရွှီမြည်တာ စတဲ့လက္ခဏာတွေလည်း တွေ့ရနိုင် ပါတယ်။

၃) ချောင်းဆိုး၊ ချွဲထွက်ဖြစ်နေတတ်တာဟာ နမိုးနီး ယားခေါ် အဆုတ်အအေး ပတ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ လူကြီး၊ ကလေးမရွေးဖြစ်တတ် ပြီး အသက်ငါးနှစ်အောက်ကလေးတွေရဲ့သေဆုံးမှု ၁၅ ရာခိုင်နှုန်းလောက် ဟာ နမိုးနီးယားရောဂါ ကြောင့် ဖြစ်နေတတ်တယ်လို့  WHO (ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ အစည်း၊ World Health Organization) က ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီလိုမျိုး နမိုးနီးယား ရောဂါဟာ သာမန်မျက်လုံးနဲ့မမြင်နိုင် တဲ့ ဗိုင်းရပ်စ်ပိုး၊ ဗက်တီးရီးယားနဲ့ မှိုတွေကြောင့်ဖြစ်တတ်ပြီး အဆုတ် ရောင် ရမ်းတာ၊ အသက်ရှူခက်ခဲစေတာ ကိုဖြစ်စေ တတ်တဲ့အတွက် ခုခံအားနုနယ် သေးတဲ့ ကလေးငယ် တွေအတွက်တော့ ယနေ့အထိခြိမ်းခြောက်နေဆဲဖြစ် တဲ့ ရောဂါတစ်ခုပါပဲ။

၎) ဆေးလိပ်သောက်သုံးသူတွေမှာ ချောင်းတဟွတ်ဟွတ် ဆိုး နေတတ်ပါ တယ်။ Smoker’s cough လို့လည်း ခေါ်ကြတယ်။ ဆေးလိပ်သောက်သုံးမှု များပြား တာဖြစ်ဖြစ်၊ သက်တမ်းကြာလာတာကြောင့်ပဲဖြစ်ဖြစ် လြေ>ွပန်တွေ နာတာရှည်ရောင်ရမ်းမှုကြောင့် လေပြွန်ကျဉ်းပြီး ချောင်းဆိုး၊ ချွဲထွက်နေ တတ်တာအပြင် အမောမခံနိုင်တာပါ ဖြစ်လာတတ်ပါတယ်။ Chonic Obstructive Pulmonary Disease လို့ခေါ်ကြပြီး ဆေးလိပ်ဆက်သောက် နေမယ်ဆိုရင် ပိုဆိုးလာမယ့် ရောဂါတစ်မျိုးပါ။

၅) အဆုတ်ကင်ဆာဟာ ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်ရတဲ့ နာမည် ကြီးရောဂါတစ်မျိုးပါ။ အဆုတ်ကင်ဆာ ရာခိုင်နှုန်း၉ဝခန့်ဟာ ဆေးလိပ် သောက်သုံးတာကြောင့် အဓိကဖြစ်တတ်ပါတယ်။ ကျန်ဖြစ်နိုင်ခြေရှိတာ ကတော့ လေထုညစ်ညမ်း မှုတွေရှိနေတဲ့လုပ်ငန်းခွင်မှာ ကြာရှည်လုပ်နေ ရခြင်း ဆိုတဲ့အချက်ပါ။ ဥပမာအားဖြင့် မီးခံကျောက်မှုန့်၊ Radon စတဲ့ ဓာတ် ပစ္စည်းတွေနဲ့ ဆက်စပ်နေတာမျိုးပါ။

၆) ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာလည်း တစ်ခါ တစ်ရံမှာ အသက်ရှူလမ်း ကြောင်း ပိုးဝင်တာကြောင့်  Secondary infection ကြောင့် ချောင်းဆိုး၊ ချွဲပါတာ ဖြစ်တတ်ပါတယ်။

၇) မောမောနေတတ်တာနဲ့အတူ နှလုံးအားနည်း တာကြောင့်လည်း ချောင်း ဆိုးချွဲပါတာဖြစ်တတ်ပါတယ်။ အထူးသဖြင့် ချွဲတွေဟာ အမြှုပ်တွေလိုဖြစ်နေ တတ်တာမျိုးဖြစ်ပြီး ဆေးကုသမှုသေချာခံယူဖို့ လိုအပ်ပါတယ်။

၈) တီဘီရောဂါကြောင့် ချောင်းဆိုး၊ ချွဲပါတယ်ဆိုတာ အဖြစ်များပါတယ်။ ဒါ့အပြင် ညနေဘက်မှာ ကိုယ်ငွေ့ ငွေ့ပူနေတတ်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းနဲ့ ညအိပ်လျှင် ချွေးစီး များပြန်နေ တတ်ခြင်း စတဲ့လက္ခဏာတွေလည်းရှိမယ်၊ ပတ်ဝန်းကျင်မှာ တီဘီဆေးစား နေရသူလည်းရှိ မယ် ဆိုရင် တီဘီအတွက်ကိုသတိထားစစ်ကြည့်သင့်ပါတယ်။ (ဒါကိုတော့ သက်ဆိုင်ရာဆရာဝန်ကနေ ညွှန်ကြားပေး ပါလိမ့်မယ်)

ဒီလောက်ဆိုရင်တော့ ချောင်းဆိုး၊ ချွဲပါတယ်ဆိုတဲ့ ဖြစ်နိုင် ခြေ တွေနဲ့ပတ်သက်ပြီး အကြမ်းဖျင်းမျှ သိလောက်ပြီ လို့ထင်ပါတယ်။ နိဂုံးချုပ် အားဖြင့်ဆိုချင်တာကတော့ ချောင်းဆိုးတာသုံးပတ်ကျော်ပြီ၊ ဒါမှမဟုတ် မကြာ ခဏပြန်ပြန်ပြီး ချောင်းဆိုးနေတတ်တယ်ဆိုရင်တော့ နားလည်တတ် ကျွမ်းသူများနဲ့ သေချာပြသစစ်ဆေးဖို့ကို တိုက်တွန်းချင်ပါတယ်။ သက် ဆိုင်ရာရောဂါများအလိုက် ကုထုံးများပြောင်းလဲတာကြောင့် သာမန်ချောင်း ဆိုးပျောက်ဆေးများနဲ့ ကုသတိုင်း မပျောက်နိုင်တာမို့ လိုအပ်သလိုဆေး ကုသမှုခံယူနိုင်စေရန် အကြံပြုရင်း နိဂုံးချုပ်လိုက်ရပါကြောင်း။

(Flower News Journal, 11-3)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: