Leave a comment

ဒီမိုကရေစီတည်တံ့ခိုင်မာလာချိန်တွင် တပ်မတော် ပါဝင်တော့ မည် မဟုတ်ဟု ဆို

နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနေစဉ် (ဓာတ်ပုံ – စိုင်းဇော်)

 ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ ဆောင်ရွက်နေသော ကာလတွင် အပြောင်းအလဲလုပ် ငန်းစဉ်များကို တပ်မတော်က ထိန်းကျောင်းပေးခြင်းသာဖြစ်ပြီး ဒီမိုကရေစီတည်တံ့ ခိုင်မာလာသည့်အခါ၌ ပါဝင်တော့မည် မဟုတ်ကြောင်း   နိုင်ငံရေးကဏ္ဍဆွေးနွေးမှုတွင် တပ်မတော်အစုအဖွဲ့မှ တင်သွင်းဆွေးနွေးခဲ့ သည်။
တည်ငြိမ်မှု တိုးတက်လာ သည်နှင့်အမျှ တပ်မတော်ပါဝင် မှု တဖြည်းဖြည်းလျှော့ချသွားမည် ဖြစ်ကြောင်းနှင့် ဒီမိုကရေစီတည် တံ့ခိုင်မာလာသည့်အဆင့်၌ ပါဝင်မည်မဟုတ်ကြောင်း ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ တွင် တပ်မတော်အစုအဖွဲ့၏ တင်သွင်းဆွေးနွေးမှု စာတမ်း၌ ဖော်ပြထားသည်။

တပ်မတော်အစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များက မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် တပ် မတော်၏ပါဝင်မှုအခန်းကဏ္ဍကို ပြန်လည် သုံးသပ်သင့်ကြောင်း နှင့် အင်အားတောင့်တင်းသော တပ်မတော်တစ်ရပ် သာ ရှိရမည်ဖြစ်ကြောင်း အကြံပြုဆွေးနွေး သည်။

‘‘အစုအဖွဲ့ခုနစ်ဖွဲ့မှာ အား လုံးသွားတူတာက ဖယ်ဒရယ် ပြည်ထောင်စုကို ဘယ်သူမှမငြင်း ဘူး။ အထူးသဖြင့် တပ်မတော် သားဘက်ကတော့ တိုင်းပြည် လုံခြုံရေးအမြင်နဲ့ ကြည့်သလား တော့ မသိဘူး။ ဗဟိုအစိုးရအား ကောင်းတဲ့ ပုံစံကသင့်တော် တယ် လို့ တင်ပြလာတာတော့ ရှိတယ်။ နောက်ပြီး NCA လက်မှတ်ထိုး ထားပြီးရင် ဆက်လုပ်သွားရမယ့် နိုင်ငံရေးလမ်းပြ   မြေပုံဆိုတာ လည်း ရှိပါတယ်’’ဟု ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် နာယကဦးခွန်ဥက္ကာက ပြော သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာ ချုပ်(NCA)တွင် လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေး ပွဲများအတွက် မူဘောင်ရေးဆွဲခြင်း၊ ယင်းမူဘောင်များနှင့်အညီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံကျင်းပခြင်းများကို အဆင့်ဆင့် လုပ်ဆောင်ရခြင်းတို့ ပါဝင်သည်။

‘‘အခုဟာက လက်ရှိအစိုးရ ရဲ့ အချိန်ကန့်သတ်မှုအရ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ ကို ကျင်းပတာ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ပျောက်သွားတာတော့ မဟုတ်ပါဘူး။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီ လာခံနဲ့ တစ်ပြိုင်နက်တည်း ကျင်းပသွားတာကို ကျွန်တော်တွေ့ရပါတယ်’’ ဟု ဦးခွန်ဥက္ကာက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ဇယားများကို လိုအပ်သ လို ပြင်ဆင်ရန်နှင့် ထိရောက်စွာ အကောင်အထည်ဖော်ပေးရန်  တိုင်းရင်းသားလက်နက်ကိုင်အစု အဖွဲ့များမှလွဲ၍ ကျန်အစုအဖွဲ့များက ဆွေးနွေးအကြံပြုခဲ့ပြီးအနာဂတ် ဖယ်ဒ ရယ်ပြည်ထောင် စုတွင် တပ်မတော်တစ်ရပ်သာ ထားရှိသင့်သည်ဟု တပ်မတော်အစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့တို့က အကြံပြုဆွေးနွေးခဲ့ကြ သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: