Leave a comment

ဂျွန်းဗလီဝင်ထဲမှာနေတဲ့ဗုဒ္ဓဘာသာဝင် အပါကြီး အကြောင်း

အပါကြီး ချန်ရစ်ခဲ့တဲ့အမွေ..

အပါကြီးဟာ မန္တလေးမြို့ ဂျွန်းဗလီပိုင် လေလ္လာဝင်းထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (60)ကတည်းက နေထိုင်လာခဲ့တဲ့ ဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်ဖြစ်ပါတယ်။
သူ ဘယ်လိုလုပ်ပြီး လေလ္လာဝင်းထဲ ရောက်လာခဲ့တယ် ဆိုတာကိုတော့ သေချာ မသိခဲ့ပါ။
ကျနော် ကလေးဘ၀တုန်းက သူ့ဆိုင်မှာ အကြော် ကောက်ညှင်းပေါင်းတွေ စားခဲ့တာကိုတော့ မှတ်မိနေပါသေးတယ်။
အမြဲတမ်း အပိုပေးလေ့ရှိတဲ့ အပါကြီးကို ကျနော် အလွန်ပဲ ချစ်ခင်မိခဲ့ပါတယ်။

ဒီနေ့ အပါကြီးရဲ့ အသုဘမှာ အပါကြီးရဲ့ ငယ်ပေါင်းတစ်ယောက်နဲ့ ဆုံခဲ့ရပြီး သူပြောပြလို့ အပါကြီးအကြောင်း အနည်းငယ်သိခွင့် ရခဲ့ပါတယ်။
အပါကြီးဟာ မြင်းခြံ ခရိုင် နဘူးအိုင် မှ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း(60) အပါကြီး 23နစ် အရွယ် လေလာဝင်းက မွတ်စလင် ဦးဘထူး + ဒေါ်အေးကြည်တို့အိမ်မှာ မြင်းထိန်း အနေဖြင့်ရောက်လာခဲ့ပါတယ်။
အလုပ်ကို ကျွမ်းကျင်စွာ လုပ်နိုင်လို့ အလုပ်သမားကောင်းနေရာကို ရခဲ့ပါတယ်။

သိပ်မကြာာခင်မှာပဲ အမေကြီး ဒေါ်မရီနဲ့ တွေ့ပြီး လူငယ်သဘာဝ ချစ်ခင်စုံမက်ကြပါတယ်။
အမေကြီး ဒေါ်မရီကလည်း ဗုဒ္ဓဘာသာဝင် စစ်စစ် တစ်ယောက် ဖြစ်ပါတယ်။ သူတို့နစ်ယောက် နေထိုင်ဖို့အတွက် အပါကြီးရဲ့ အလုပ်ရှင် ဦးဘထူးက ဂျွန်းဗလီပိုင် လေလ္လာဝင်းထဲမှာ အိမ်ခန်းတစ်ခန်း လက်ဖွဲ့ ခဲ့ပါတယ်။
အပါကြီးတို့ လင်မယား သားသမီး လေးယောက်ရပြီးနောက် မန္တလေးမီးကြောင့် လေလ္လာဝင်း တစ်ဝင်းလုံး ပြာကျ သွားခဲ့ရပါတယ်။
မီးလောင်ပြီး ကွက်သစ်ပြန်ရိုက်ရာမှာလည်း ဂျွန်းဗလီက အပါကြီးတို့မိသားစုအတွက် ကန့်ကွက်ချက်မရှိ အိမ်ခန်းတစ်ခန်း ချထားပေးခဲ့ပါတယ်။
အဲဒီနောက် အပါကြီးတို့ လင်မယားမှာ နောက်ထပ် သားသမီး သုံးယောက် ထွန်းကားခဲ့ ပြန်ပါတယ်။
လေလ္လာဝင်း တစ်ဝင်းလုံးက မွတ်စလင်တွေချည်းပဲ နေထိုင်ကြပြီး အခြားတစ်ဘက်မှာရှိတဲ့ ဂျွန်းဗလီဝင်းကလည်း မွတ်စလင်တွေချည်းပဲ နေထိုင်ကြတာ ဖြစ်ပါတယ်။
မွတ်စလင်တွေကြားမှာ အပါကြီးတို့ ဗုဒ္ဓဘာသာဝင် မိသားစု အကြော်ရောင်းပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်ခဲ့ကြပါတယ်။
အပါကြီးရဲ့ အကြော်ဆိုင်ဟာ ကျနော် ငယ်ငယ်တုန်းက အဲဒီနေရာတ၀ိုက်မှာ နာမည် အကြီးဆုံးပါပဲ။
အပါကြီးရဲ့ သားသမီး(၇) ယောက်စလုံး တစ်ယောက်ကမှ အစ္စလာမ်ဘာသာဝင်နဲ့ အိမ်ထောင် မကျခဲ့ပါဘူး။
ဝင်းထဲမှာရှိတဲ့ ဘယ်သူကမှလည်း ဘာသာပြောင်းဖို့ မစည်းရုံးခဲ့ပါဘူး။
ကျနော် ငယ်ငယ်တုန်းကဆိုရင် အပါကြီးပေးတဲ့ အီတီကိုလည်း ရခဲ့ဖူးပါတယ်။ အပါကြီးရဲ့ မြေးတွေနဲ့အတူတူ သင်္ကြန်လည်း ကစားခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်လောက်က အမေကြီး ရုတ်တရက်ဆုံးပါး သွားခဲ့တယ်။
သင်္ကြန်အတတ်နေ ဖြစ်နေလို့ အတူနေသားသမီး အချို့ ခရီးလွန်နေခဲ့ကြပါတယ်။ အမေကြီးရဲ့ အသုဘကို မြန်မာမွတ်စလင် နိဗ္ဗာန်ဆော် အဖွဲ့က ဗုဒ္ဓဘာသာ ဓလေ့ထုံးစံ အတိုင်း မီးသဂြိုလ် ပေးခဲ့ကြပါတယ်။
နိဗ္ဗာန်ဆော်ကားနဲ့ မွတ်စလင်တစ်စု မီးသဂြိုလ် စက်ရှေ့ကို ရောက်တဲ့အခါ တာဝန်ခံတွေက အံ့အားသင့်နေလို့ ရှင်းပြခဲ့ရပြန်ပါသေးတယ်။
ဒီနေ့ အပါကြီးရဲ့ နောက်ဆုံး ခရီးကို ကျနော်တို့ အတူတူ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ဘယ်သူကအစ္စလာမ် ဘယ်သူက ဗုဒ္ဓဘာသာ ဖြစ်တယ်ဆိုတာကို မခွဲခြားနိုင်အောင်ကို ဖြစ်ခဲ့ရပါတယ်။
ငြိမ်းချမ်းစွာ တစ်ဦးနဲ့ တစ်ဦး နားလည်မှု အပြည့်နဲ့ ဘယ်လို အတူတကွ နေထိုင်ရမယ်ဆိုတာကို ကျနော်တို့ လူငယ်တွေအတွက် အပါကြီးက ရှေ့ဆောင် ပြသသွားပေးခဲ့ပါတယ်။
အသက်(83)နစ်အရွယ် အပါကြီး မဆုံးခင် တစ်ပတ်လောက် အလိုက အပါကြီး ပြောခဲ့တဲ့ စကားတွေကို အခုအချိန်အထိ ကြားယောင်နေမိပါသေးတယ်။

မင်းတို့နဲ့ ငါတို့ ဘာမှမကွာပါဘူး လူတွေပါပဲလေ ။
ခုငါဒီမှာနေနေတာ ဘာများဖြစ်ခဲ့လို့လဲကွာ။
အလကား ရန်မီးမွေးတဲ့ကောင်တွေ တဲ့

လေးစားချစ်ခင်ရပါသော အပါကြီး ကောင်းရာသုဂတိလားပါစေ…

လေလ္လာဝင်းသားတစ်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: