Leave a comment

ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်း အဝေး ကျင်းပ

image

နိရဉ္စရာ၊ ဇန်န၀ါရီ ၂၂

ရခိုင်ပြည်နယ် အရေးပေါ် အစည်းအဝေးကို ယမန်နေ့က စတင်ခဲ့သည်ဟု သတင်း ရရှိသည်။

ကျင်းပရသည့် အကြောင်းအရင်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ရခိုင်ပြည်နယ် အတွင်း သုံစွဲမည့် ဘတ်ဂျက်ကို ခွဲဝေရန် ဖြစ်သည်ဟု လက်ရှိ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

“ လာမယ့်နှစ်အတွက် ဘတ်ဂျက်က ကျပ် ၁၄၅ ဘီလီယံ ရှိပါတယ်။ ဟိုနှစ်ကထက်တော့ နည်းနည်း နည်းသွားတာပေါ့လေ။ အဓိက ကတော့ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ဌာန ၂၃ ခုအတွက် ခွဲဝေမှာ ဖြစ်ပါတယ်” ဟု ဦးအောင်ဝင်းက ပြောသည်။

၂၀၁၆-၂၀၁၇ ဘတ်ဂျက်အား နောက်လာမည့် လွှတ်တော်တွင် မခွဲဝေဘဲ အခု အရေးပေါ် အစည်းအဝေး ခေါ်ပြီး ဘာကြောင့် ခွဲဝေရပါ သလဲဟု မေးမြန်းရာ ဦးအောင်ဝင်းက “ နောက်လာမယ့် ပြည်နယ် လွှတ်တော်က မတ်လလောက်မှာ စဖြစ်မယ်ဆိုတာ့ ဘတ်ဂျက်ကဧပြီမှာ စမယ်ဆိုရင် နောက်ကျ မှာဖြစ်တဲ့ အတွက် အခုလို အရေးပေါ် အစည်းအဝေးခေါ်ပြီး ခွဲဝေရတာ ဖြစ်ပါတယ် ”ဟု ပြန် လည် ဖြေကြား ပြောဆိုသည်။

ရခိုင်ပြည်နယ်သည် တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် ဖွံ့ဖြိုးတိုးတက်ရေး အနောက်ကျဆုံး ပြည်နယ် တစ်ခု ဖြစ်သဖြင့် ဘတ်ဂျက်ကို ယခုထက် တိုးပေးသင့်သည်ဟု ထင်မြင်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်အတွက် ရခိုင်ပြည် အစိုးရက ကျပ် ၂၅၀ ကျော် ဘီလီယံတောင်းခံခဲ့သော်လည်း ကျပ် ၁၄၅ ဘီလီယံသာ ခွင့်ပြုခဲ့ကြောင်း၊ ယခုကဲ့သို့ လျော့ကျ သွားခြင်း မှာ ပြည်ထောင်စု ဘတ်ဂျက်ထဲတွင်လည်း ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပါဝင်နိုင်၍ ဖြစ်နိုင်ကြောင်း ဦးအောင်ဝင်းက ရှင်းလင်း ပြောဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ရက်အတန်ငယ် ကြာနိုင်ပြီး ငါးရက်ခန့် သွားနိုင်သည်ဟု ပြောကြားသည်။

(ဓာတ်ပုံမှာ ယခင် ရခိုင်လွှတ်တော် အစည်းအဝေး ကျင်းနေပုံ ဖြစ်ပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: