Leave a comment

ရွှေဝါရောင်သံဃာ့အရေးဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင် လဝက ပုဒ်မဖြင့် ဖမ်းခံရ

image

ရွှေဝါရောင်သံဃာ့အရေးဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင် လဝက ပုဒ်မဖြင့် ဖမ်းခံရ

အောင်ကိုဦး
1 day 17 hours ago Wed, 01/20/2016

မန္တလေး၊ဇန်နဝါရီ ၂၀ ။            ။ မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် အမှတ် (၉) မြို့မရဲစခန်း မှ ရွှေဝါ ရောင်သံဃာ့ လှုပ်ရှားမှုတွင်ပါဝင်သည့် ဦးဆောင် ဆရာတော် ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို ဇန်နဝါရီ ၁၉ ရက်နေ့ ည ၉ နာရီအချိန်က Power တည်းခိုးခန်းတွင် ရှိနေစဉ် လာရောက်ဖမ်းစီးကာ (ပ) ၅၇/၂၀၁၆ လဝက အက် ပုဒ်မ  ၁၃ (က) ဖြင့် အမှုဖွင့် အရေးယူထားသည် ကြောင်း အမှတ်(၉)မြို့မရဲစခန်းမှူးဒုတိယရဲမှူးကြည်စိုး က မဇ္ဈိမကိုပြောသည်။

`သူ့ကိုတရားမဝင် ဝင်ရောက်တဲ့ အတွက်ဖမ်းစီးတာပါ၊လို အပ်တဲ့ စစ်ဆေးမှုတွေတော့ လုပ်နေပါတယ် ။´ စခန်းမှူး က ပြောသည်။

ဦးဂမ္ဘီရ (ခ) ဦးညီညီလွင် သည် ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့သို့ရောက်ရှိခဲ့ပြီး ဟိုတယ်သို့ ပြန်ရောက်ချိန်၌ ဖမ်းစီးခံရခြင်းဖြစ်သည် ။

`ကျွန်မ ကို ပြောတာလည်း တရားမဝင် နိုင်ငံ ဖြတ်ကျော် လာလို့ ဖမ်းစီးတယ်ဆိုပြီး ပြောတယ် ။ သူ့မှာက မှတ်ပုံတင် လည်းရှိတာကို တရားမဝင်ဝင်ရောက်တယ်လို့ ပြောတယ် ။ ကျွန်မကတော့ သူ့ကိုဖမ်းချင်လို့ဖမ်းတယ်ပဲ ထင်တယ် ။ “ဟု ဖမ်းစီးခံရသည့် ဦီးဂမ္ဘီရ(ခ) ဦးညီညီလွင် ၏ ဇနီး Mrs. Marie Siochana က သတင်း ထောက် များကိုပြောသည်။

၂၀၀၇ ခုနှစ်တွင် သံဃာ့ အရေးအခင်း လှုပ်ရှားမှုကြောင့် ဦးဂမ္ဘီရကို ထောင်ဒဏ် ၆၃ နှစ် ချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာပြီးနောက် ကျန်းမာရေး အကြောင်းပြချက်ဖြင့် လူဝတ်လဲခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: