Leave a comment

ကြောက်စရာ အကောင်းဆုံးဘေး အန္တရာယ်

image

၂၀၁၁ ခုနှစ် က တာချီလိတ် မြို့နယ် လွယ်မွေဒေသ တွင် လှုပ်ခတ် ခဲ့သော ငလျင်ကြောင့် လမ်းမကြီး ပျက်စီးနေစဉ်။ ဓာတ်ပုံ – အားမာန်
ရန်ကုန်မြို့နေ ပြည်သူ အများစု ဇန်န၀ါရီ ၁၂ ရက် ည ၉ နာရီ ခွဲခန့်က ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

ရန်ကုန်မြစ်ဝ အနီး လက်ခုပ်ကုန်းကျေးရွာ ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်ငယ် လှုပ်ခတ်ခဲ့ ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်း မြို့ နယ် အချို့တွင် အထပ်မြင့် အဆောက် အအုံများ သိသိ သာသာ ခါယမ်း သွားခဲ့သည်။ တစ်ချိန် တည်းတွင် မီးပြတ် သွားကာ စိုးရိမ် ထိတ်လန့်နေသူအချို့ လမ်းပေါ် ပြေးထွက်ပြီး တစ်ဦးကိုတစ်ဦး အော်ဟစ် သတိပေးကြသည်။ ဆယ်မိနစ်အကြာတွင် နောက်တစ်ကြိမ် ထပ်မံလှုပ်ခတ်ပြန်သောကြောင့် ဇန်န၀ါရီ ၁၂ ရက်ညသည် ရန်ကုန်မြို့ခံအချို့ အတွက် စိုးတထိတ်ထိတ်ဖြင့် အိပ်ရာဝင်ခဲ့ရသော ညတစ်ညဖြစ်ခဲ့သည်။ ဇန်န၀ါရီ ၁၂ ရက်ညမှ ၁၃  ရက် နံနက် အစောပိုင်းအထိ ငလျင်လေးကြိမ် ဆက်တိုက် လှုပ်ခတ်ခဲ့သည်။ စက္ကန့်ပိုင်းအလို အထိ မည်သည့်ပညာရှင်ကမျှ ကြိုတင်မခန့်မှန်းနိုင်သေးသည့် ငလျင်အန္တရာယ်ကို ရန်ကုန်မြို့နေပြည်သူများ၊ မြေငလျင်ပညာရှင်များက ကျန်ဒေသများထက် ပိုမိုစိုးရိမ်ပါသည်။

image

ဘုရင့်နောင်လမ်းဆုံ။
ဓာတ်ပုံ – NayLa Photography

ရန်ကုန်မြို့အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင် အပါအ၀င် မြန်မာနိုင်ငံတွင် ၂၀၁၅ အတွင်း ယခင်နှစ်များထက် အကြိမ်အရေအတွက် ခပ်စိပ်စိပ်လှုပ်ခတ်လာသည့် ငလျင်များသည် အင်အားပြင်းငလျင် အချိန်မရွေး လှုပ်ခတ်
နိုင်သည့် မြန်မာနိုင်ငံအတွက် သတိပေး ခေါင်းလောင်းသံတစ်ခု ဖြစ်ကြောင်း ငလျင်ပညာရှင်များက တစ်ပြိုင်တည်းလိုလို သတိပေးနေပြီဖြစ်သည်။ ဇန်န၀ါရီ ၁၂ ရက် ညက လှုပ်ခတ်သောငလျင်သည် အချိန်မရွေး လှုပ်ရှား လာနိုင်သည့် စစ်ကိုင်းပြတ်ရွေ့နှင့် ထိစပ်နေသော ပြတ်ရွေ့များကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတင်းထုတ်ပြန်လိုက်သည်။

‘‘စစ်ကိုင်းပြတ်ရွေ့နဲ့ဆက်စပ်ပြီး လှုပ်သွားတဲ့ ငလျင်က ၄ ဒသမ ၈ဆိုတော့ ငလျင်အန္တရာယ်ကို စောင့်ကြည့်ရမယ့် အခြေအနေလို့ ပြောရတော့မယ်’’ဟုမြန်မာ နိုင်ငံ မြေငလျင်ကော်မတီအဖွဲ့ဝင် ဒေါက်တာ စိုးမင်းကပြောသည်။

၂၀၁၅ ဇွန်လ ၁ရက်က ရန် ကုန်မြို့နှင့် ဆယ်မိုင်ခန့်သာဝေးသည့် တွံတေးမြို့အနီးတွင် ပြင်းအား ရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရန်ကုန်မြို့ပေါ် အဆောက်အအုံများ သိသိသာသာ ခါယမ်း သွားခဲ့ပြီး ဆောက်လက်စ အဆောက်အအုံအချို့ တိမ်းစောင်းသွားသည့် အဖြစ်နှင့် ကြုံတွေ့ရသည်။ ၂၀၁၅ အတွင်း၌ စစ်ကိုင်း ပြတ်ရွေ့ပေါ်ရှိ စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ ကနီမြို့တို့တွင်ပါ ငလျင်အန္တရာယ် ကျရောက်ခဲ့ပြီး ဘုရားစေတီနှင့် အဆောက်အအုံအချို့ ပြိုကျခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့အနီးတွင် ယခင်က ဖြစ်ပွားခဲ့ဖူးခြင်း မရှိသော မြေသား ကြွတက်ခြင်းနှင့် နိမ့်ကျခြင်းများ တစ်ပြိုင်နက် ဖြစ်ပွားခဲ့၍ ဘူမိဗေဒပညာရှင်များ သွားရောက် စစ်ဆေးခဲ့သည်။

အထက်ပါ ငလျင်ဖြစ်စဉ်များသည် ၂၁၀၅ ဧပြီက နီပေါနိုင်ငံတွင် ပြင်းအားရစ်ခ်ျတာစကေး ၇ ဒသမ ၉ အဆင့်ဖြင့် လှုပ်ခတ်သွားခဲ့သော ပြတ်ရွေ့ကြောကြီးနှင့် ဆက်စပ်ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ငလျင်နှင့်ပတ်သက်သော သုတေသနစာတမ်း ၃၀ ကျော် ရေးသားပြုစုခဲ့သည့် အကြီးတန်း သုတေသနပညာရှင် ဒေါ်လှလှအောင်က အခိုင်အမာပြောသည်။

‘‘နီပေါငလျင်ကို လှုပ်စေတဲ့ ပြတ်ရွေ့က စစ်ကိုင်းပြတ်ရွေ့နဲ့ ဆက်စပ်နေတယ်။ ဒီပြတ်ရွေ့က ဟိမ၀န္တာတောင်တန်း တိဘက်ဘက်ကို ရွေ့လာနေတယ်။ နောက်ပြီး မဏိပူရအာသံမှာ တစ်ခါလှုပ်တယ်။ မနေ့တစ်နေ့ကပဲ အင်ဖာ မှာ လှုပ်တယ်။ အင်ဖာက ဟုမ္မလင်းမြို့ရဲ့ အနောက်ဘက်တည့်တည့်လောက်မှာ ရှိတယ်။ ဒါတွေက ဆက်စပ်နေလို့ မြန်မာနိုင်ငံမှာ ငလျင်ကြီးလှုပ်နိုင်ခြေ အတွက် ပိုသတိထားဖို့ လိုနေတယ်’’ ဟု ဒေါ်လှလှအောင်ကပြောသည်။

နီပေါငလျင်သည် အိန္ဒိယ ကျောက်ထုချပ်နှင့် ယူရေးရှား ကျောက်ထုချပ် တိုးဝင်မှုကြောင့် လှုပ်ရှားခြင်းဖြစ်ပြီး ယင်းကျောက်ထု ချပ်နှစ်ခုစလုံးသည် မြန်မာနိုင်ငံ နှင့် ထိစပ်နေသည့် ဘူမိဗေဒ ပညာရှင်များအခေါ် (ဘားမားပလိတ်) မြန်မာကျောက်ထု ချပ်နှင့် ထိစပ်နေသောကြောင့် ငလျင် ပညာရှင်များက စိုးရိမ်နေခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် အကြီးမားဆုံး ပြတ်ရွေ့ကြောကြီး တစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့အပြင် ငလျင်လှုပ်ရှားနိုင်ခြေရှိ သည့် ပြတ်ရွေ့ပေါင်းများစွာ ရှိနေသည်။ တစ်စုံတစ်ဦးသည် ဘူမိဗေဒပညာရှင်များ ပြုစုထားသော ငလျင်မြေ ပုံအညွှန်းများကို စားပွဲပေါ်တင် ကြည့်မည်ဆိုပါက မြန်မာနိုင်ငံအနှံ့ တိုင်းနှင့်ပြည်နယ် နေရာအားလုံးတွင် ယှက်လိမ်နေသော ပြတ်ရွေ့ကြောများ ကို မြင်တွေ့ရမည် ဖြစ်သည်။ ယင်းတို့ ရှိနေကြောင်းကိုလည်းပြတ်ရွေ့ကြောများက မကြာခဏ ဆိုသလို အသိပေးသည်။ ၂၀၁၅ သည် ယခင်နှစ်များထက် ငလျင်လှုပ်ရှားမှု အကြိမ်အရေအတွက် များပြားကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။ ထိုကဲ့သို့ လှုပ်ရှားခဲ့ကြခြင်း သည်ပင် ငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေကို သတိပေးနေခြ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: