Leave a comment

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဓာတ်ငွေ့ရောင်းရငွေ ၅၁ ရာခိုင်နှုန်း ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စာရင်းမ၀င်

image

By အိဖြူမွန်
Friday, January 22, 2016

မြန်မာ−တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစတင်ရာ ကျောက်ဖြူ မြို့ရှိ စီမံကိန်းအဆောက်အအုံများ
(ဓာတ်ပုံ − ထွန်းထွန်းမင်း)
မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၈၈၀ ဘီလီယံရရှိခဲ့သော်လည်း ဘီလီယံ ၄၀၀ကျော်သည် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စာရင်းဝင်ခဲ့ခြင်းမရှိကြောင်း သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များအဖွဲ့က ဆိုသည်။

‘‘၅၁ရာခိုင်နှုန်းကို စွမ်းအင် ၀န်ကြီးဌာနက Other Account  အနေနဲ့ သိမ်းထားတယ်လို့ သိရပါ တယ်။ အဲဒီပိုက်ဆံတွေကို ဘယ် လိုနေရာမှာသုံးပြီး ဘာတွေလုပ် နေတယ်ဆိုတာတော့ ထုတ်ပြန် ခြင်းမရှိပါဘူး’’ဟု အရပ် ဘက်လူ မှုအဖွဲ့အစည်းများကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်း က ပြောသည်။

မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းက ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာကျပ် ငွေ ၈၈၀ဘီလီယံရရှိခဲ့ သော်လည်း စုစုပေါင်းဝင်ငွေ ၄၉ရာခိုင်နှုန်းသာ ဘဏ္ဍာေ
ရးဝန်ကြီးဌာနသို့ လွှဲ ပြောင်းပေးခဲ့ပြီး ၅၁ရာခိုင်နှုန်းကို စွမ်းအင်ဝန်ကြီးဌာနက ထိန်းသိမ်း ထားသည်ဟု အစိုးရကထုတ်ပြန် ခဲ့ကြောင်း EITI အစီရင်ခံစာရေး ဆွဲရာတွင် ပါဝင်ခဲ့သည့်အရပ်ဘက်လူမှုအဖွဲ့ အစည်း ကိုယ်စားလှယ်များကဆိုသည်။

အစိုးရအနေဖြင့် ပွင့်လင်း မြင်သာမှုဖော်ဆောင်ရာတွင် အ ခြားဘဏ်စာရင်းအကောင့်ဖြင့် ထိန်းသိမ်းထားသော ငွေကြေးများ ကို ပွင့်လင်းမြင်သာစွာချပြပေးရန် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များက တောင်းဆို ထားသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ရရှိသည့် ငွေကြေးများသည် ကုမ္ပ ဏီ ၁၀ခုကိုအခြေခံ၍ တွက်ချက် ထားခြင်းဖြစ် သည်။ ယင်းပမာဏ သည် ၂၀၁၃-၁၄ဘဏ္ဍာရေးနှစ် ကို အခြေခံတွက်ချက်ထားပြီးအဆိုပါ အချက်အလက်များကို အစိုးရက အကောင်အထည်ဖော်နေသော တွင်းထွက် သယံဇာ တတူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအစီရင်ခံစာ(MEITI)တွင် ထည့်သွင်းဖော်ပြမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ တွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ် သည့်လုပ်ငန်းများ ပွင့်လင်းမြင် သာမှုဖော်ဆောင် ရေးအစီရင်ခံ စာကို ၂၀၁၆ ဇန်န၀ါရီတွင် နိုင်ငံတကာ EITIအဖွဲ့သို့တင်ပြခဲ့သည်။

အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍ ကုမ္ပဏီ၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းသုံးဖွဲ့ပါဝင်သော သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့က တိုက်ဆိုင်စစ်ဆေးခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: