Leave a comment

NLD အစိုးရသစ် တွင်ပါဝင် ကြမည့် သမ္မတလောင်းနှင့် ပြည်ထောင်စု ၀န်ကြီးများ၏ လျာထား အမည်စာရင်း ထွက်ပြီဟုဆို

image

IRRAWADI | January 22, 2016

NLD အစိုးရ၏ သမ္မတလောင်းများ၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဝန်ကြီးများ လျာထား အမည်စာရင်းများ ထွက်ပေါ် လာပြီဖြစ် ကြောင်းနှင့် ထိုအမည် စာရင်းများ ကို လာမည့် NLD ဗဟို အလုပ် အမှုဆောင် အစည်း အဝေး တွင် အပြီး သတ် ဆုံးဖြတ် ဖွယ်ရှိကြောင်း NLD တာဝန်ရှိ သူများ ၏ ပြောဆိုချက် အရသိ ရသည်။

ပြီးခဲ့သည့်ဇန်န၀ါရီ၁၀ရက်က နေပြည်တော်ရှိ ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်၌ကျင်းပခဲ့သော ဗဟို အလုပ် အမှုဆောင် အစည်းအဝေး မှ လျာထား စာရင်း ယခုလျာထားစာရင်းကို ဆွေးနွေးခဲ့သော် လည်း အတည်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါလျာထားစာရင်းတွင်လျာထားစာရင်းနှင့်အရန်စာရင်းဟူ၍ နှစ်မျိုးဖော်ပြထားကြောင်း NLD နှင့်နီးစပ်သူများ ကဆိုသည်။

သမ္မတရာထူးတွင်သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်- အရန်အဖြစ်၊ ဒေါက်တာ တင်မာအောင် (NLD ဥက္ကဋ္ဌရုံး တာဝန်ခံ) ဒုတိယ သမ္မတအဖြစ် ဦးခွန်ထွန်းဦး၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ အဖြစ် ဦးဝင်းမြင့်၊ အရန်အဖြစ် ဒေါက်တာ မျိုးအောင်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည်ညွန့် အရန်အဖြစ် ပြည်နယ်/တိုင်းမှ ဥပဒေပညာ ရှင်တဦးဖြစ် ကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လျာထားစာရင်းတွင် လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးဖြိုးမင်းသိန်း အရန်စာရင်း တွင်ကမာ ရွတ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပေါင်း ဦးတင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနေရာတွင် သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း အရန်စာရင်းတွင် ဆိပ်ကြီး ခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း ရန်ကုန်မြို့တော်ဝန်အဖြစ် ဗိုလ်တထောင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ထွန်းဝင်း အရန်အဖြစ် NLD ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင်ထံမှ တဦးကို လျာထား ကြောင်း သိရသည်။

အစိုးရအဖွဲ့သစ်တွင် ၀န်ကြီးဌာနများကို (၂၆)ခုနှင့် (၂၇)ကြား ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါ ၀န်ကြီးများ စာရင်းတွင် NLD ပါတီမှ ရှစ်ဦးသာပါဝင်ကြောင်း ကျန်ပုဂ္ဂိုလ် ၁၈ ဦးသည် ပြင်ပမှ ပုဂ္ဂိုလ်များ ပညာရှင် များပါဝင်ကြောင်း သိရသည်။

ဝန်ကြီးများစာရင်းတွင် လက်ရှိဦးသိန်းစိန် အစိုးရပွဲတွင် ပါဝင်တာဝန်ယူလျက်ရှိသည့် ၀န်ကြီးနှစ်ဦး၊ သုံးဦး ပါဝင်ဖွဲ့စည်းရန် လျာထား သည်ဟု ဆိုသည်။

အစိုးရအဖွဲ့သစ် လျာထားစာရင်းတွင် ပါဝင်သော ပုဂ္ဂိုလ်များအား NLD လွှတ်တော် ကိုယ်စားလှယ် လေ့လာစောင့်ကြည့်ရေး အဖွဲ့က နောက်ကြောင်းများ၊ မဲဆန္ဒရှင်ပြည်သူနှင့် အဖွဲ့ဝင်များ၏ မကျေနပ်ချက်များ တိုင်ကြားချက်များရှိမရှိ စုံစမ်းနေပြီး ပြစ်ချက်ရှိပါက ထိုလျာထားစာရင်းမှ ဖယ်ရှားပြီး အရန်စာရင်းတွင် ပါဝင်သော ပုဂ္ဂိုလ်များဖြင့် အစားထိုး သွားမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့်ဇန်န၀ါရီ၁၀ရက်က နေပြည်တော်တွင် ပြုလုပ်သည့်CEC ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ ဖွဲ့စည်းရေး၊ ၀န်ကြီးဌာနလျှော့ချ ဖွဲ့စည်းရေးနှင့်ပါတီ၏ သတင်း/ ပြန်ကြား ရေးကော်မတီအဖွဲ့အသစ်ဖွဲ့ စည်း ရန်နှင့် ပြန်ကြားရေးဝန်ကြီး တာဝန်ယူမည့် ပုဂ္ဂိုလ်များ ကိစ္စ ကို လည်း ဆွေးနွေးခဲ့ကြောင်း လာမည့် ဇန်န၀ါရီ ၂၄ ရက်တွင် ဒုတိယအကြိမ် CEC အစည်းအဝေးမှ လျာထား စာရင်းများကို အပြီး သတ်ရွေးချယ် ဆုံးဖြတ်မည်ဖြစ်ပြီး သတင်း ထုတ်ပြန်သွားမည်ဟု NLDCEC ဦးထွန်းထွန်းဟိန် က ပြီးခဲ့သည့်အပတ်က ပြောဆိုထား သည်။

ကိုဗညား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: