Leave a comment

ဥပဒေကြမ်း ၃ ခုအား အတည်ပြုခြင်းနှင့် အဆုံးအဖြတ် ရယူခြင်းတို့ ဆောင်ရွက်

image

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

ဥပဒေကြမ်း ၃ ခုအား အတည်ပြုခြင်းနှင့် အဆုံးအဖြတ် ရယူခြင်းတို့  ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ  ၂၂

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၆)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၃ ခုအား အတည်ပြုခြင်းနှင့် အဆုံး အဖြတ်ရယူခြင်းတို့  ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ထို့နောက်  ၂ဝ၁၆   ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်   ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။

ဆက်လက်၍ ၂ဝ၁၆  ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း   တစ်ရပ်လုံးအား လွှတ်တော်မှအတည်ပြုနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က   အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲသည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ   ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  တစ်ပိုဒ်ချင်းစီအလိုက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူအတည်ပြုသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၇)ရက်မြောက်နေ့ကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပရန် လျာထားကြောင်း သိရသည်။
              
(သတင်းစဉ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: