Leave a comment

ငါ့သား အဖေ မင်းကို ပြောချင်တဲ့ စကား

ဒေါက်…ဒေါက်…. ဒေါက်….
တံခါးခေါက်သံကြားလိုက်သည်….
ပြီး … အပြင်မှ အဖေ့ ခေါ်သံကိုပါကြားလိုက်ရသည် …
.
❝ငါ့ သား အဖေမင်းကိုပြောစရာရှိလို့❞
အလုပ်မှအဆင်မပြေမှုများရှိနေ၍ ….
စိတ်မကြည်လင်နေသဖြင့်….
ကျွန်တော် အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောမိသည် ၊
.
❝ နောက်မှပြော အဖေ ကျွန်တော်
အလုပ်ကပြန်လာတာ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းနဲ့ …❞
စိတ်တိုမိတာတော့ အမှန်ပင်…အပြင်မှ .အဖေ့အသံမကြားရတော့ သူ့အခန်းပြန်သွားပြီးထင်
အဖေ့ အသက်က ၈၅ ရှိပြီ ၊
တခါတခါ သူငယ်ပြန်တတ်သည်.၊
သူငယ်ပြန်ပြီဆိုလျှင် ကျွန်တော်တို့ စိတ်ညစ်ရသည် ၊ သူ့ကို မနည်းထိန်းရသည် ၊ ချီးပါ၊သေးပေါက် ၊ ထမင်းကျွေးတာက အစ ကလေးတယောက်လို ပြုစုနေရသည် ။
.
တခါတလေလည်း တယောက်တည်း ဟိုပြောဒီပြော ပြောနေတတ်သည်
ပြန်ကောင်းသည့်အခါဆိုလည်း သူဟာသူ ပုံမှန်ဖြစ်နေသည်။
စိတ်ပူစရာတော့မလို…..
ခုတလော သူငယ်ပြန်နေသည်ကများသည် ။
ပြန်ကောင်းချိန်တောင်သိပ်မတွေ့ရတော့ ၊
တအောင့်ကြာသော် ငါးနှစ်သား ကျွန်တော့သား
သူရ က စာရွက်ခေါက်လေးတခုယူလာပြီး…
.
❝ဖိုးဖိုး ကပေးခိုင်းလိုက်တယ် အဖေ့အတွက် …❞ ကျွန်တောလည်း အမှုမဲ့အမှတ်မဲ့ မဖွင့်ကြည့်ပဲ
စားပွဲပေါ်တွင် ပစ်တင်ထားလိုက်သည် ….
.
အဲဒီနောက်ပိုင်း အဖေ လုံးဝ ပြန်မကောင်းလာတော့ပါ
ဆိုးသထက်ဆိုး၍သာနေပါတော့သည် ။
.
ကျွန်တော် တို့လည်း သူ့အတွက်ကြောင့်
စိတ်သောကရောက် ကိုယ်ဒုက္ခရောက် ခဲ့ကြရသည် …..
.
ဒီလိုနှင့် ခြောက်လလောက်ကြာပြီးသော်….
အဖေလည်း … ကွယ်လွန်သွားလေသည်
.
သူကွယ်လွန်သွားတော့ မိသားစု အားလုံး
ဝမ်းနည်းကြသည် ငိုကြယိုကြသည် ။
သူဆုံးသွားပြီး နောက်ပိုင်း ကျွန်တော်တို့လည်း
အပူကင်းသလိုခံစားရသည် ၊
အရှုပ်ထုပ်ကြီးရှင်းသွားသလိုလည်း ခံစားရသည်
.
အဖေဆုံးပြီး တစ်နှစ်လောက်ကြာသော် ….
တနေ့ ကျွန်တော် အိမ်ခန်း သန့်ရှင်းရေး
လုပ်ရင်း စားပွဲခုံ အောက် ချောင်ကြိုချောင်ကြား မှ
ဖုံထူထူတက်နေသော စာခေါက်လေး တခုတွေ့မိသည် ။
ဘာစာများလဲ ဆိုသောစူးစမ်းစိတ်ဖြင့် ဖွင့်ကြည့်မိသည်
.
သို့ ………..
ငါ့သား အဖေမင်းကိုပြောချင်တဲ့စကား..
အဖေ ပြန်ကောင်းနေတုန်း စာနဲ့ရေးထားလိုက်တယ် … 

ငါ့သားဖတ်မိပြီးရင် အဖေ့ အပေါ် စိတ်ရှည် နားလည်ပေးလာမယ်လို့ အဖေ မျှော်လင့်မိပါတယ်….
.
သားရေ ……..
အဖေ အသက်ကြီးပြီ တခါတခါ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းတောင်မသိတော့ဘူး ….
မင်းတို့ မွေးကင်းစ အရွယ်တုန်းကလိုပေါ့
.
သားရေ ………..
အဖေအသက်ကြီးပြီ သွားလာလှုပ်ရှားရတာ နှေးဖင့်လာတယ် ၊
အပြောအဆိုတွေကလည်း ဝိုးတိုးဝါးတား ဖြစ်လာတယ် ၊ စိတ်ရှည်ပေးပါ
မင်းတို့ ငယ်ငယ်တုန်းက လမ်းလျှောက်တတ်အောင်၊ စကားပြော တတ်အောင် အဖေတို့ စိတ်ရှည်လက်ရှည်နဲ့ သင်ပေးခဲ့သလိုပေါ့
.
သားရေ ………
အဖေအသက်ကြီးပြီ အဖေ့ရဲ့ တည်ရှိနေမှုဟာ မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရင်ဖြစ်နေမိမယ်….
ဒါပေမယ့် အဖေကတော့ မင်းတို့လေးတွေ လူ့လောကထဲကို အမေ့ဗိုက်က စထွက်လာကတည်းက ဝန်ထုပ်ဝန်ပိုး လို့ တခါမှ မထင်မိခဲ့ဖူးပါဘူး
.
သားရေ ……….
အဖေ ဒီလိုပြောတယ်ဆိုတာ မင်းတို့ရဲ့ တန်ပြန်ကျေးဇူးကို လိုချင်လို့မဟုတ်ပါဘူး သေခြင်းတရား ဆိုတာ အဖေနဲ့ မဝေးတော့ပါဘူး
မသေခင်လေးမှာ ငါ့သား၊ငါ့သမီး ငါ့မြေးလေးတွေနဲ့ ပျော်ပျော်ပါးပါး
လူ့ဘဝရဲ့ နေဝင်ချိန်လေးကို ခံစားစံစားချင်တာပေါ့
.
သားရေ ………..
အဖေသေသွားတဲ့အခါ ဝမ်းမနည်းပါနဲ့
ငိုကြွေးမနေပါနဲ့
မိဘကျေးဇူးကို သိနားလည်တတ်တဲ့
သား၊သမီး တွေဟာမိဘ အသက်ရှင်နေတဲ့အချိန်မှာ
အတတ်နိုင်ဆုံးနဲ့ အစွမ်းကုန် ပြန်လည်ပြု
စုစောင့်ရှောက်ခဲ့ကြတဲ့အတွက် သူတို့မှာ နောင်တရစရာ ဆိုတာမရှိပါဘူး
.
သားရေ ………
အဖေသေသွားတဲ့အခါ မင်းတို့ရဲ့ သိတတ်နားလည်မှု၊ အမျှပေးဝေမှုနဲ့အတူ ကောင်းရာသုဂတိသို့လားမှာပါ
.
သားရေ ………..
မင်းတို့ တစ်တွေအားလုံး စိတ်၏ချမ်းသာ၊ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ပဲ …. အဖေဆုတောင်းပြုနိုင်ပါတော့မယ်
.
( အဖေ )
.
စာကိုဖတ်မိပြီး ကျွန်တော် ထိန်းမနိုင်သိမ်းမနိုင် ဟစ်ချုံးချ ငိုကြွေး မိသည်
ရက်စွဲ က သားလေးသူရ ကျွန်တော့်ကိုစာ
လာပေးသောရက်ပင် …
ကျွန်တော် အရမ်းနောင်တရမိသည် ၊
ကိုယ့်ကိုယ်ကို လည်း အပြစ်တင်လို့မဆုံးပေ ၊ တကယ်လို့ အဲဒီနေ့သာ စာကို ဖတ်ဖြစ်မယ်ဆိုရင်
ခုချိန်မှာ ကျွန်တော် နောင်တရစရာ မလိုတော့ပါ
အနည်းဆုံးတော့ သူအသက်ရှင်နေစဉ်အတွင်း
ကျွန်တော် အရင်လို မငြိုငြင်တော့ပဲ ဝမ်းပန်းတသာ သူ့ကို ပြုစုစောင့်ရှောက် မှာတော့ ဧကန်မလွှဲပါ

↝ ↝ ↝ ↝ ↝ ↝ ↝ ↝ ↝

❝မိဘ ဆိုတာ မသေခင်လုပ်ကျွေးပါ
သေမှ မငိုပြပါနှင့် ❞
ဆိုတဲ့စကား ကျွန်တော်တို့အားလုံး ကြားဖူးကြမှာပါ
ဆိုတဲ့စကားအတိုင်း မိဘကို လုပ်ကျွေးပြုစု ကြပါတယ် ၊ ကျေးဇူးဆပ်ကြပါတယ်
ကောင်းတာကျွေးတယ် ၊ အားဆေးကောင်းတွေ ဝယ်ပေးတယ် ၊
သွားလာချင်တဲ့ နေရာတွေ လိုက်ပို့ပေးကြတယ် ၊ ကျန်းမာရေး အစစအရာရာ

လိုလေသေးမရှိအောင် ဂရုစိုက်ပေးကြတယ် ။
ဒါတွေနဲ့တင်ပြည့်စုံပြီလား ….
ဟုတ်ကဲ့ မလုံလောက်သေးပါဘူး
အဓိက ကတော့
သူ့တို့အပေါ် စိတ်မရှည်တာတို့၊
သူတို့ကို အလေးမထားတာတို့ မလုပ်မိပါစေနဲ့ …
.
အားတဲ့အချိန်တိုင်း သူတို့ကို အဖော်ပြုပေးပါ
အနေဝေးတဲ့သူများ အချိန်ရတိုင်း သွားကြည့်ပေးကြပါ
.
သူတို့မှာ ဂုဏ်ယူစရာဆိုလို့
ငါ့သား ၊ငါ့သမီး ငါ့အပေါ် ဂရုစိုက်တယ်
လေးစားတယ်
ဆိုတာပဲ ရှိပါတော့တယ်
.
လူအိုကို လူအိုလို သဘောထားပါ
လူပို လို့သဘောမထားမိကြပါစေနဲ့
.
သူငယ်ချင်း တို့အားလုံးပဲ
ကိုယ့်မိဘအပေါ် သိနားလည် တတ်တဲ့
သားကောင်း သမီးရတနာ လေးတွေ ဖြစ်ပါစေလို့ ဆန္ဒပြုရင်းဖြင့် ….
.

သူငယ်ချင်း
credit>>> လမ်းပြကြယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: