Leave a comment

ဒေးဗစ်ကင်မရွန်းက မွတ်စလင်အမျိုးသမီးတွေကို ပေါင်သန်း ၂၀ ထောက်ပံ့ကူညီ

image

ဇန်န၀ါရီ ၂၃။

ဗြိတိန်မွတ်စလင်အမျိုးသမီးတွေကို အဓိကထားပြီး ဘာသာစကားအတွက် ရန်ပုံငွေ ပေါင်သန်း၂၀ပေးအပ်ခဲ့ တယ်လို့ ဒေးဗစ်ကင်မရွန်းက ဒီတစ်ပတ်မှာကြေညာ ပါတယ်။

ခေတ်နောက်ပြန်ဆွဲတဲ့သဘောထားရှိတဲ့အမျိုးသားတွေက သူတို့နဲ့ ဆွေးမျိုးတော်စပ် ပတ်သက်တဲ့ အမျိုးသမီး တွေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်လေ့ရှိတဲ့ အတွက်ကြောင့် ဗြိတိန်မွတ်စလင်အမျိုးသမီးတွေရဲ့ ၂၂ ရာခိုင်နှုန်းဖြစ်တဲ့ အမျိုးသမီး ၁၉၀၀၀၀ လောက်ဟာ အင်္ဂလိပ်စကားနည်းနည်းပါးပါး ဒါမှမဟုတ် လုံးဝမပြော တတ်ဘူးလို့ ၀န်ကြီးချုပ်ကယူဆထားပါတယ်။

ဒေးဗစ်ကင်မရွန်းရဲ့အင်္ဂလိပ်ဘာသာစကားအတွက် ရန်ပုံငွေပေးအပ်တာကိုနေရာအများအပြားမှာ ကြိုဆိုထောက်ခံကြပါတယ်။ မွတ်စလင်အမျိုးသမီးတွေရဲ့အင်္ဂလိပ်ဘာသာစကားအရည်အချင်းနဲ့ အစွန်းရောက်တာကြားကမရှင်းလင်း တဲ့ ဆက်နွယ်ချက်တွေနဲ့ မလိုအပ်တာတွေကို သူကဆွဲ ထုတ်ပြခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်စာကို တော်သင့် တဲ့အဆင့်လောက် မတတ်တဲ့ရွှေ့ပြောင်းလာကြတဲ့ သူတွေကို ဗြိတိန်မှာနေဖို့ခွင့်ပြုမှာမဟုတ်ဘူးလို့ ခြိမ်းခြောက်လိုက်သလိုမျိုးလည်း ဖြစ်သွားပါတယ်။

ဒီမတူညီတဲ့ကိစ္စတွေကို ပေါင်းစည်းဖို့က မွတ်စလင် အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့လုပ်ပိုင်ခွင့်တွေဟာ အစွန်းရောက်ခြိမ်းခြောက်မှုကနေ ဗြိတိန်ကိုကာကွယ် ပေးနေတာကို အက္ခရာကျစေတယ်လို့ အကြံပေးထား ပါတယ်။ အဲဒါဆိုရင် မွတ်စလင်အမျိုးသမီးတွေကိုဖိနှိပ် ချုပ်ချယ်ခံရတဲ့ ဓားစာခံတွေ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အပြင်လူတွေလို့ ယူဆဖို့မလိုအပ်တော့ပါဘူး။ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ချယ်ပြီးအကြမ်းဖက် တာမျိုးမလုပ်ပဲ ချီးကျူးဂုဏ်ပြုသင့်တယ်လို့ သူကဆိုပါတယ်။ ဒါက မွတ်စလင်အဖွဲ့အစည်း တစ်ခုလုံးကိုပြောဆိုတာ မဟုတ်ဘူးလို့လည်း သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။

“အမျိုးသမီးတွေကို ဒုတိယအဆင့်နိုင်ငံသားတွေအဖြစ်မျိုး ကျွန်တော်တို့သဘောမထားနိုင်ပါဘူး” လို့ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ကစိတ်ဝင်စားဖို့ ကောင်းပါတယ်။ “ ဗြိတိန်မှာရှိတဲ့ လိုအပ်နေတဲ့သူတွေကို ဘာသာစကား သင်တန်းတွေနဲ့ တစ်ခြားလိုအပ်တာတွေထာက်ပံ့ပေးဖို့ ကျွန်တော်တို့လုပ်ရမှာပေါ့၊ ဒါပေမယ့်တစ်ယောက်အားနဲ့ လုံလောက်မှာမဟုတ်ဘူး၊ အားလုံးလက်ဆင့်ကမ်းဆောင်ရွက်ကြဖို့လိုပါတယ်။

ကောလဟာလသတင်းတွေနဲ့ အထိန့်တလန့်ဖြစ် အောင်လှုံ့ဆော်တဲ့အခါ မွတ်စလင်အမျိုးသမီးတွေကို ထောက်ခံအားပေးတာတွေကို တိုးချဲ့ဆောင်ရွက်ဖို့ လိုတယ်”လို့ သူက ထပ်ဖြည့်ပြောဆိုလိုက်ပါတယ်။

ဗြိတိန် ဘာသာရေးနဲ့ လူမှုအသိုင်းအ၀ိုင်းဆိုင်ရာ ၀န်ကြီးဟောင်းတစ်ယောက်ဖြစ်သူ မွတ်စလင်အမျိုးသမီး ဘာရိုနက်စ်ဆာယီဒါဝါစီက “အမျိုးသမီးတွေက အင်္ဂလိပ်စာကိုသင်ယူဖို့ အခွင့်အရေးအပြည့် အ၀ရသင့်ပါတယ်” လို့ တွစ်တာကနေမှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။ မွတ်စလင်အမျိုးသမီးတွေက အင်္ဂလိပ်စာသင်ဖို့ ဘာလို့ခုမှအခွင့်အရေးရကြတာလဲ။ ဗြိတိန်မှာနေတဲ့သူတိုင်း ဘာလို့အင်္ဂလိပ်စကား မပြောနိုင်ရတာလဲလို့ သူကဖြည့်စွက်ပြောလိုက်ပါတယ်။ “အင်္ဂလိပ်စကားမပြောတတ်တဲ့ မိခင်က လူမှုဆက်ဆံရေးနယ်ပယ်မှာ မ၀င်ဆန့်သလို ကလေးတွေအတွက်လည်း လူမှုဆက်ဆံရေးမှာ အနုတ်လက္ခဏာဆောင်စေတယ်”လို့ သူမက ထောက်ပြထားပါတယ်။

“မွတ်စလင်အမျိုးသမီးတွေအတွက် ၀န်ကြီးချုပ် ရဲ့အင်္ဂလိပ်ဘာသာစကားသင်ကြားဖို့ ထောက်ပံ့ ပေးတာနဲ့ပတ်သက်ပြီး ကြိုဆိုပါတယ်။ ဒါပေမယ့်အင်္ဂလိပ်စာအားနည်းတာနဲ့ အစွန်းရောက် တာက ဆက်နွယ်နေမှုရှိနေတယ်လို့ ယူဆချက်ကို တော့သဘောမတူပါဘူး။ ဒေးဗစ်ကင်မရွန်းက ဒီကိစ္စနှစ်ရပ်ကို ပေါင်းစပ်နေတာပဲ အဲဒါက သီးခြားစီပါပဲ သူကတော့ ကူညီပေးဖို့ကြိုးစားနေတာဖြစ်တယ်”လို့ ဘရက်ဖို့ဒ်အခြေစိုက် မွတ်စလင်အမျိုးသမီး များကောင်စီက မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

ဘာသာစကားထောက်ပံ့ရေးအစီအစဉ်က မှန်ကန်တဲ့ လမ်းကြောင်း ဖြစ်တယ်လို့ ကြိုဆိုနေကြပေမယ့် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ကတည်းက မွတ်စလင်အမျိုးသမီးတွေကို မုန်းတီးတဲ့ပြစ်မှု ကျူးလွန်လာကြတာတွေ အဆ ၃၀၀ ကျော်မြင့် တက်လာတဲ့ အတွက် အနည်းငယ်ကာကွယ်ပေး ရာရောက်စေပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေက အဓိကဓားစာခံ တွေဖြစ်နေရပါတယ်။ အစ္စလာမ်ကြောက်ရောဂါကြောင့် ဗြိတိန်မုန့်ဖုတ်ပြိုင်ပွဲမှာအနိုင်ရခဲ့တဲ့ နာဒီယာဟူစိန်က “သူမကလေးတွေ အန္တရာယ်ရှိနေတယ်လို့ ပူပန်မိတယ်” လို့ တီဗီအစီအစဉ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဲဒီလိုပဲ ၁၀နှစ်အရွယ်မွတ်စလင်ကောင်လေးကို ရဲတွေကဘယ်မှာနေလဲလို့ စစ်မေးတော့ အိမ်ချင်း ဆက်တဲ့တိုက်တန်းတွဲ “terraced” မှာနေတယ်လို့ ရေးရမဲ့အစား “terrorist” လို့စာလုံးပေါင်းမှားရေးမိတဲ့ အခက်အခဲဖြစ်ခဲ့ရပါသေးတယ်။ စီးပွားရေးအခြေအနေ ကြောင့် အလုပ်အကိုင်ရှာဖွေနေကြတဲ့ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတွေကို ဒေးဗစ်ကင်မရွန်းက အဓိကဆိုလိုတာဖြစ်ပါတယ်။

Source : The Guardian
ဘာသာပြန် – ညောင်နီရွက် (Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: