Leave a comment

ရန်ကုန်၊ သင်္ဃန်းကျွန်းမှာ အငှားယာဉ်ကို တားပြီး ငွေလုတဲ့ လူမိုက်တွေ မိပြန်ပြီ

image

ရန်ကုန်၊ ဇန်န၀ါရီ ၂၅

ဇန်န၀ါရီလ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် သင်္ဃန်းကျွန်းမြို့နယ်နေ ဦးဝင်းဌေးသည်  ယာဉ်အမှတ် 9E—- ပရိုဘောက်အဖြူရောင်အငှားယာဉ်ဖြင့် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း တောင်ဥက္က လာမြို့နယ်ဘက်မှ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် ဘေလီတံတားထိပ်အရောက် အမျိုးသမီးတစ်ဦးမှ ယာဉ်အားတား၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်သို့ သွားရန်ပြောဆိုကာ ကားငှားနေစဉ် အမျိုးသား(၃)ဦးရောက်ရှိလာပြီး အင်္ကျီချွတ်နှင့် ခန္ဓာကိုယ်တွင် ဆေးမင်အရုပ်များထိုးထားသူမှ ၎င်း၏
အင်္ကျီအိတ်ကပ်အတွင်းမှ ငွေကျပ် (၃၆၀၀၀)အား နှိုက်ယူပြီး “ အေးအေးဆေးဆေးသွား၊ ပိုက်ဆံပြန် မတောင်းနဲ့၊ လက်သီးပဲရမယ်”ဟု ခြိမ်းခြောက်
ပြောဆို၍ ငွေများအားယူဆောင်သွားကြောင်း တိုင်တန်းချက်အရ တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၅၀/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်ကာ ပြစ်မှု
ကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။

ယင်းသို့ ယူဆောင်သွားသူများကို ဖမ်းဆီးရမိရေးအတွက် တောင်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက စုံစမ်းဆောင်ရွက်ခဲ့ရာ ၀၅၀၀ အချိန်တွင်တောင် ဥက္ကလာပမြို့နယ်၊ (၁၅)ရပ်ကွက်၊ ပါရမီလမ်းပေါ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဇော်လေး(ခ) ၀င်းဇော်ထွန်း (၃၇)နှစ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေသူများဖြစ်သည့် သိန်းဇော်(ခ)သီဟဇော် (၂၃)နှစ်၊မချောစု(ခ) မအေးသက်ထား အောင် (၂၂)နှစ်တို့ (၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်သူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: