Leave a comment

ဦးသန့်အောက်မေ့ဖွယ်ဟောပြောပွဲတွင် ကမ္ဘာကျော် စာရေး ဆရာ အမီတာဂို့ရှ် က ဟောပြော

ရန်ကုန်၊ ၂၀၁၆ ဇန်နဝါရီ ၂၄

Photo Caption: ဦးသန့်အောက်မေ့ဖွယ်ဟောပြောပွဲတွင် ကမ္ဘာကျော် စာရေးဆရာ အမီတာဂို့ရှ်က ဟောပြောစဉ်။

ကမ္ဘာ့ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ကမ္ဘာကျော်စာရေး ဆရာတစ်ဦးဖြစ်သူ အမီတာဂို့ရှ်က ဟောပြောခဲ့ကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဦးသန့်အောက်မေ့ဖွယ် ဟော ပြောပွဲကို ၁၉၀၉ ခုနှစ် ဇန်နဝါရီ၂၂ ရက်တွင် မွေးဖွားခဲ့သော ကမ္ဘာ့ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မွေးနေ့အထိမ်းအမှတ်အ ဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ဟောပြောပွဲကို ကမာရွတ်မြို့နယ် ပန်းဝါလမ်းရှိ ဦးသန့်နေအိမ်တွင် ဇန်နဝါရီ ၂၄ ရက်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

”ဦးသန့်နေအိမ်ပြတိုက်အနေ နဲ့လည်း ပြတိုက်တစ်ခုအနေနဲ့သာ မဟုတ်ဘဲ ဦးသန့်ရဲ့ဘဝနဲ့လုပ်ဆောင် ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြော ဆိုနိုင်မယ့် နေရာတစ်ခုအနေ နဲ့ပါ ဆက်လက်တည်ရှိသွားမယ် လို့ မျှော်လင့်ပါတယ်”ဟု ဦးသန့်နေအိမ်အဖွဲ့တွဲဖက်ဥက္ကဋ္ဌ ဒေါက်တာ သန့် မြင့်ဦးက ပြောသည်။

အဆိုပါဟောပြောပွဲတွင် စာ ရေးဆရာအမီတာဂို့ရှ်သည် ”ရာသီ ဥတုပြောင်းလဲမှုနှင့် ထွန်းတောက်လာ သောအာရှ” (Climate Change and a Rising Asia) ဟူသောခေါင်း စဉ်ဖြင့် ဟောပြောရာတွင် ကမ္ဘာကြီး ပူနွေးလာမှုသမိုင်းကြောင်းတွင် အာရှ ၏ ထင်ရှားသောအခန်းကဏ္ဍနှင့် ရာသီဥတုပြောင်းလဲမှုအား ဖြေရှင်းနိုင် မည့်လမ်းကြောင်း အပေါ် ဆွေး နွေး ခဲ့ကြောင်း၊ ယင်းသည် မြန်မာ နိုင်ငံတွင် ဇာတ်အိမ်တည်သည့် The Glass Palace အပါအဝင် သုတရ သစာပေလက်ရာပေါင်းများစွာ ကို ရေးသားခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ယင်းအပြင် ဦးသန့်နေအိမ်အဖွဲ့ တွဲ ဖက်ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက လည်း အခမ်းအနား အဖွင့်အမှာ စကားအဖြစ် ဦးသန့်၏ဘဝနှင့် လုပ် ဆောင်ချက်များကို ပြောကြားခဲ့ ကြောင်း သိရသည်။

”ဒီနေ့မှာ ဦးသန့်နေအိမ်ပြတိုက် မှာ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက် ပြီး ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တာ တကယ့်ကို သင့်တင့်လျောက်ပတ်လှ ပါတယ်။ ဦးသန့်ဟာ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး နဲ့ပတ်သက်ပြီး ပြင်းပြင်းပြပြယုံကြည် ခဲ့သူတစ်ဦးဖြစ်သလို အစပိုင်းကတည်း က ထောက်ခံအားပေးခဲ့သူလည်းဖြစ် ပါတယ်”ဟု ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

ဦးသန့်အောက်မေ့ဖွယ်ဟော ပြောပွဲကျင်းပရာနေရာသည် ဦးသန့် နေ ထိုင်ခဲ့ဖူးသည့်နေအိမ်ဖြစ်ပြီး လွန် ခဲ့သည့် သုံးနှစ်အတွင်းက ပြန်လည် ထိန်းသိမ်းပြုပြင်မှုများပြုလုပ်ခဲ့ကာ ဦးသန့်နေအိမ်ပြတိုက်အဖြစ် ဦးသန့် ၏ဘဝနှင့် လုပ်ဆောင်ချက်များကို ပြသထားရှိကြောင်း၊ ယင်းဟောပြော ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ သဘာပတိဦးတင်ဦး အပါအဝင် တက်ရောက်သူ စုစုပေါင်း ၁၂၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ဦးသန့်နေအိမ်ပြတိုက်ကို အ ပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေ နေ့ရက်တိုင်း နံနက် ၁၀ နာရီမှ ည နေ ၅ နာရီအထိ ကမာရွတ်မြို့နယ် ပန်းဝါလမ်း အမှတ် ၃၁တွင် ဖွင့်လှစ် လျက်ရှိကြောင်း သိရသည်။

MMA
‪#‎Democracytoday‬

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: