Leave a comment

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန ​အောက်​တွင်​ ထားရှိ​ရေး ကိစ္စ

image

ဓါတ်ပုံ – ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီရုံးတွင် ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးမြင်ကွင်း။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်သို့ထည့် သွင်းရန် ပြည်ထောင်စုလွှတ်တော်နာယကထံ သမ္မတ သဝဏ်လွှာပို့

Soruce : Democracytoday

ရန်ကုန်၊ ဇန်နဝါရီ ၂၆

လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအား ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်သို့ ထည့်သွင်းရန်  နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကထံသို့ သဝဏ် လွှာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါသဝဏ်လွှာကို ဇန်နဝါ ရီ ၂၂ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး စာတွင်ယခုအခါတွင် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၏ လုပ်ငန်း တာဝန်များကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဆက်စပ် ဦးစီးဌာနများ အချင်းချင်း ဟန်ချက် ညီစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အ တွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဝန်ကြီး ဌာနကို ပြည်ထဲ ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက် သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနအဖြစ် ထည့်သွင်း ဖွဲ့စည်းဆောင်ရွက်လိုပါသည်ဟု ပါ ရှိသည်။

ထိုသို့ဖွဲ့စည်းဆောင်ရွက်လိုခြင်း ၏ ရည်ရွယ်ချက်မှာ လူဝင်မှုကြီးကြပ် ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင် ရေးနှင့် နိုင်ငံသားမှတ်ပုံတင်ရေးလုပ် ငန်း၊ ပြည်သူ့ အင်အား စာရင်းကောက် ယူထိန်းသိမ်းရေးလုပ်ငန်း စသည့်လုပ် ငန်းတာဝန်သုံးရပ်ကို ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရန်၊ ပြည်ထောင် စုဝန်ကြီးဌာနများအား ပိုမိုကျစ်လျစ် စွာဖွဲ့စည်းနိုင်ခြင်းဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကုန်ကျမှုကို လျှော့ချနိုင် ရန်၊ နိုင်ငံတော် လုံခြုံရေးနယ်စပ်ဒေ သလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းရေးနှင့် ပြည်သူ့အ ကျိုးပြုလုပ်ငန်းများကို ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ပါ ရှိသည်။

ထို့အပြင် နယ်စပ်ဒေသလုံခြုံ ရေးနှင့် နယ်စပ်ဒေသမှ တရားမဝင် ခိုးဝင်ခိုးထွက်မှုများ၊ နိုင်ငံခြားသား များ တရားမဝင်ခိုးဝင်စိမ့်ဝင်မှုများ အားပြည်ထဲရေးဝန်ကြီး ဌာန၏ကွပ် ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် ဟန် ချက်ညီညီပူးပေါင်း ကာကွယ်တား ဆီးဆောင်ရွက်နိုင် ရန်နှင့် ပြည်သူ့ဝန် ဆောင်မှုရုံးများ၏ လုပ်ငန်းစဉ်များ ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် တို့ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့် သွင်းထားသည်။

ထို့သို့ရည်ရွယ်ချက်များဖြင့် လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန် ကြီးဌာန၏ ကွပ်ကဲမှုအောက်သို့ ထည့် သွင်းဖွဲ့စည်း နိုင်ရေးအတွက် ပြည် ထောင်စုလွှတ်တော်၏ သဘောတူညီ ချက်ရယူပေးနိုင်ရန် ပေးပို့ပါကြောင်း သဝဏ်လွှာတွင်ပါရှိသည်။

ယင်းသို့ပေးပို့လာမှုအပေါ် ပြည် ထောင်စုလွှတ်တော်၏ လက်ရှိအခြေ အနေအချိန်အခါအရ ဆောင်ရွက် ရန်သင့် မသင့်၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီနှင့် လွှတ်တော် အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စား လှယ်များ ယနေ့တွေ့ဆုံဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော် နာယက ထံ ပြန်လည်တင်ပြရန် လွှတ်တော် ရုံးက ဥပဒေကြမ်းပူးပေါင်းကော်မတီ သို့ ဇန်နဝါရီ ၂၆ ရက်က ညွှန်ကြား ခဲ့သည်။

ယင်းညွှန်ကြားချက်အရ ဇန်န ဝါရီ ၂၆ ရက် ပြည်ထောင်စု လွှတ် တော်အစည်းအဝေး ခေတ္တရပ်နား ချိန်တွင် ပြည် ထောင်စုလွှတ်တော်ဥပဒေ ကြမ်းပူးပေါင်းကော်မတီ ရုံးတွင် အရေး ပေါ်အစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဥပဒေကြမ်းပူးပေါင်း ကော်မတီအဖွဲ့ ဝင်များနှင့် နိုင်ငံရေးပါတီ ၁၈ ပါတီ မှ ကိုယ်စားလှယ်များတက်ရောက် ဆွေးနွေးခဲ့ပြီး ပြင်ဆင် ဖွဲ့စည်းရန် တင် သွင်းလာမှုကို ထောက်ခံ သည့် ပါတီ ၁၂ ပါတီရှိပြီး ကျန်ခြောက်ပါတီက ကန့်ကွက်ခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သော ကိုယ်စားလှယ် များထံမှ သိရသည်။

MP

#Democracytoday

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: