Leave a comment

သွားကြွေလွှာပျက်စီးခြင်းအကြောင်း သိကောင်းစရာ ၁၃ ချက်

image

သွားကြွေလွှာပျက်စီးခြင်းအကြောင်း သိကောင်းစရာ ၁၃ ချက်

၁။ ကြွေလွှာက သွားကို ဘယ်လို ကာကွယ်ပေးသလဲ

သွားရဲ့ ကြွေသွားလွှာဆိုတာ ကြက်ဥ အခွံနဲ့ အလား သဏ္ဌာန်တူပါတယ်။ သူက သွားရဲ့ ပျော့ပျောင်းတဲ့အပိုင်း ကို ကာကွယ်ပေးထားပါတယ်။ သူဟာ ခန္ဓာကိုယ်အတွင်း မှာ အမာဆုံးပစ္စည်းပဲ ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို အထူးဂရုစိုက်သူဖြစ်ပါက ဒီကြွေသွားလွှာတွေက ၀ါးစား တာ၊ ကိုက်ဖြတ်တာနဲ့ ကြိတ်တာတွေကို နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိပါတယ်။
..
၂။ ဘာကြောင့် သွားအရောင်ပြောင်းရပါသလဲ

ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်၊ စီးကရက်နဲ့ သွားစွန်းစေတဲ့ အစားအစာတွေကို နှစ်ပေါင်းများစွာ စားတာကြောင့် သွားရဲ့ အပြင်လွှာက အ၀ါ ဒါမှမဟုတ် မီးခိုးရောင် ပြောင်းလဲသွားတတ်ပါတယ်။ သွားရဲ့ ကြွေလွှာက အဖြူရောင်ဖြစ်နေပေမယ့် သူက ထုတ်ချင်းပေါက်မြင် နိုင်တဲ့အတွက် သွားအတွင်းပိုင်းတွေ အရောင်ရင့်လာ တာက ပေါ်လွင်သွားတာ ဖြစ်ပါတယ်။
..
၃။ သွားပိုးစားခြင်းမှ သွားပိုးပေါက်ဖြစ်ခြင်း

အစားအစာထဲမှ အက်စစ်ဓာတ်တွေနဲ့ ဘက်တီးရီးယား တွေကြောင့် သွားကြွေလွှာ ပျက်စီးသွားကာ သွားပိုးစား တာနဲ့ သွားပိုးပေါက်တွေ ဖြစ်ပေါ်လာပါတယ်။  ကြွေလွှာအနေနဲ့ ပွန်းတာ ဒါမှမဟုတ် အက်တာဖြစ်တဲ့အခါမှာ တခြားအရိုးတွေလိုမျိုး သူ့အလိုလို ပြန်လည်မကောင်းမွန်နိုင်တဲ့အတွက် ပျက်စီးမှုက တစ်သက်တာဖြစ်သွားပါတယ်။
..
၎။ သွားပိုးစားခြင်းနှင့်  Sensitivity
ကြွေလွှာပျက်စီးသွားတဲ့အခါမှာ သွားရဲ့ အတွင်းလွှာမှာ သွားပိုးစားတာ စတင်ဖြစ်ပေါ်လာပါတယ်။ ပိုးစားထားတဲ့ သွားတွေက အပူ ဒါမှမဟုတ် အအေးကို အလွန် Sensitive ဖြစ်တဲ့အတွက် သူတို့ကို စားသောက်မိရင် အလွန်နာကျင်နိုင်ပါတယ်။
..
၅။ ဘက်တီးရီးယားတွေက ကြွေလွှာကို ဘယ်လိုဖျက်ဆီးပါသလဲ

သင် အစာစားပြီးနောက်ပိုင်းမှာ အစာထဲက အချိုနဲ့ ကစီဓာတ်တွေက ခံတွင်းမှ ဘက်တီးရီးယားတွေရှင်သန်ပေါက်ဖွားဖို့ အစာလို ဖြစ်သွားပါတယ်။ ဒီဟာကြောင့် သွားရဲ့ အပြင်လွှာကို ဖျက်ဆီးနိုင်တဲ့ အက်စစ်ဓာတ်တွေ ထွက်လာပါတယ်။ ဆော်ဒါဖျော်ရည်နဲ့ အချိုရည်တွေမှာ ပါဝင်တဲ့ အက်စစ်ကလည်း သွားနဲ့ သွားဖုံးကို ဒုက်္ခပေးနိုင်ပါတယ်။ သူတို့ကို အစားများတဲ့အခါမှာ သွားပိုးစားတာတွေ၊ သွားပိုးပေါက်တွေ ဖြစ်သွားတတ်ပါတယ်။
..
၆။ ၀ိုင်ချစ်သူများ သတိထားစရာ

ဝိုင်ကို မကြာခဏ သောက်သူတွေက သွားကြွေလွှာနဲ့ ၀ိုင်မှာပါတဲ့ အက်စစ်တွေ ထိတွေ့မှု အကြိမ် များပြားသွားနိုင်ပါတယ်။ ၀ိုင်၊ ဆော်ဒါ ဒါမှမဟုတ် အချိုရည်တွေကို ဒီအတိုင်းသောက်မယ့်အစား အစာနဲ့အတူ တွဲသောက်ပေးပါ။
..
၇။ အစာနှင့် အစာခြေစနစ် ပြဿနာ

အစာအိမ်မှ အက်စစ်တွေ ဆန်တက်တဲ့ စားချဥ့်ပြန်ရောဂါကြောင့် အစာအိမ်အက်စစ်တွေက ခံတွင်းထဲကိုရောက်ရှိလာပြီး ကြွေလွှာပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။
..
၈။ သွားကြိတ်ခြင်း

သွားကြိတ်တတ်တဲ့ အကျင့်ကြောင့် သွားအတွင်း မကြာခဏ ပွတ်တိုက်မှုဖြစ်တဲ့အတွက် သွားကြွေလွှာပျက်စီးနိုင်ပါတယ်။ အိပ်နေစဉ် သွားကြိတ်တတ်တဲ့ အကျင့်ရှိသူတွေအနေနဲ့ သွားဆရာဝန်ထံ ပြသပြီး အကြံ ဉဏ်ရယူသင့်ပါတယ်။
..
၉။ အာခေါက်ခြင်းပြဿနာ

တံတွေးဟာ သွားပိုးစားတာကို ဖြစ်စေတဲ့ ခံတွင်းမှ အက်စစ်တွေကို အားပျော့စေနိုင်ပါတယ်။ သင်ဟာ ဆေးဝါးရဲ့ ဆိုးကျိုး ဒါမှမဟုတ် ကျန်းမာရေး အခြေအနေကြောင့် အာခေါင်ခြောက်တာဖြစ်ခဲ့ရင် အက်စစ်တွေက ပိုမိုအားပြင်းလာပြီး ကြွေလွှာပျက်စီးနိုင်ပါတယ်။
..
၁၀။ သွားဟာ ပုလင်းဖုံးဖွင့်ဖို့ မဟုတ်ပါ

သင့်သွားကို အသုံးပြုပြီး ပုလင်းဖုံးတွေ ဘယ်တော့မှ မဖွင့်ပါနဲ့။ တစ်သက်တာလုံး ကြွေလွှာအက်တာတွေ၊ ပွန်းတာတွေဖြစ်သွားနိုင်ပါတယ်။
..
၁၁။ ကလေးတွေမှာ သွားပိုးစားခြင်း

ကလေးငယ်တွေက သကြားလုံးစားတာ၊ အချိုရည်နဲ့ ဆော်ဒါပါဝင်တဲ့ ဖျော်ရည်တွေ အသောက်များတာကြောင့် သွားပိုးစားတဲ့ ပြဿနာအဖြစ်များတတ်ပါတယ်။ ဒါ့အပြင် ရေသန့်ဘူးကို အသုံးပြုတဲ့အတွက် ရေထဲမှာ ဖလိုရွိုက်ပါဝင်မှု နည်းတာကြောင့်လည်း သွားပိုးစားတာ ဖြစ်လွယ်ကြပါတယ်။
..
၁၂။ ပြုံးအလှပိုင်ရှင်ဖြစ်စေဖို့

အစာ ဒါမှမဟုတ် ဖျော်ရည်သောက်ပြီး အနည်းဆုံး မိနစ် ၃၀ ကြာမှ သွားတိုက်တဲ့ အကျင့်ကို ပြုလုပ်ပေးပါ။ ဒီအချိန်က တံတွေးရဲ့ အကူအညီနဲ့ တံတွေးမှ အက်စစ်ဓာတ်တွေ အားပျော့သွားဖို့ လုံလောက်ပါတယ်။ ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုပါ။ ပီကေကြိုက်နှစ်သက်သူတွေအနေနဲ့ တံတွေး ပိုမိုထွက်အောင် အစာစားပြီး ပီကေ၀ါးပေးနိုင်ပါတယ်။
..
၁၃။ သွားကျန်းမာရေး ပိုမိုကောင်းမွန်အောင်

– သွားကြားပွတ်ကြိုးကို အသုံးပြုပါ။ သွားကြားထိုးတံကို အသုံးမပြုပါနဲ့။

– သွားတိုက်ရာမှာ ညင်ညင်သာသာပဲ တိုက်ပါ။ အမွေးကြမ်းလွန်းတဲ့ သွားတိုက်သွားပွတ်တံကို အသုံးမပြုပါနဲ့။

– ဖလိုရွိုက်ပါဝင်တဲ့ ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုပေးပါ။

– သွားဖြူတဲ့ ထုတ်ကုန်ကို အသုံးပြုရာမှာ ညွှန်ကြားချက်ကို တိတိကျကျလိုက်နာပါ။

#ဒေါက်တာခင်မိုးမိုး
(Good Health Journal _575)

#Good_Health_Journal_Facebook_Page တွင် ယခုကဲ့သို့ ကျန်းမာရေးနှင့်အလှအပဆောင်းပါး များကို ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/Good-Health-Journal-3907742110236…/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: